ဇူလိုင်လ ၁၂ ရက်
၁၅ ကြိမ်မြောက် သာမန် အင်္ဂါနေ့ ၂၀၂၂
ပထမကျမ်း။ ဟေရှယ ၇း ၁-၉
ဧဝံဂေလိကျမ်း ။ ရှင်မာတေဦး ၁၁း ၂၀-၂၄
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
ထို့နောက်ကိုယ်တော်သည်မိမိ၏အံ့ဖွယ်တန်ခိုးအများစုကိုပြုလုပ်တော်မူခဲ့သောမြို့တို့မှာနောင်တမရကြသောကြောင့်ထိုမြို့တို့ကိုစတင်အပြစ်တင်တော်မူ၏။ကိုယ်တော်ကခိုရာဇင်မြို့၊သင်သည်အမင်္ဂလာရှိ၏။ဘက်ဇိုင်းဒါမြို့၊သင်သည်လည်းအမင်္ဂလာရှိ၏။အဘယ်ကြောင့်ဆိုသော်သင်တို့တွင်ပြုလုပ်ခဲ့သောတန်ခိုးလက္ခဏာများကိုတီရာနှင့်စီဒွန်မြို့တို့၌ပြုလုပ်ခဲ့ပါမူသူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ပြာနှင့်လူးလျက်ကြာမြင့်စွာကပင်နောင်တရခဲ့ကြပေလိမ့်မည်။သို့ရာတွင်သင်တို့အားငါဆိုသည်ကားတရားစီရင်တော်မူရာနေ့၌တီရာနှင့်စီဒွန်မြို့တို့သည်သင်တို့ထက်ပို၍သက်သာရာရကြလိမ့်မည်။အသင်ကာဖာနာအုမ်မြို့၊သင်သည်လည်းကောင်းကင်တိုင်အောင်မြှောက်စားခြင်းခံရလိမ့်မည်လော။သင်သည်ငရဲသို့တိုင်အောင်ချထားခြင်းကိုခံရလိမ့်မည်။အကြောင်းမူကားသင်၌ပြသောတန်ခိုးလက္ခဏာတို့ကိုဆောဒိုမာမြို့၌ပြခဲ့ပါမူထိုမြို့သည်ယနေ့တိုင်အောင်တည်ရှိနေပေလိမ့်မည်။သို့သော်သင့်အားငါဆိုသည်ကားတရားစီရင်တော်မူသောနေ့၌ဆောဒိုမာမြို့သည်သင့်ထက်ပို၍သက်သာရာရလိမ့်မည်ဟုမိန့်တော်မူ ၏။
ထောက်ရှုချက်*****မနေ့ကပထမကျမ်းစာ၌သောဒုံမြို့ကို“အစိုးရသောမင်းတို့၊ထာဝရဘုရား၏နှုတ်ကပတ်တော်ကိုကြားကြလော့။ဂေါမောရမြို့သားတို့၊ငါတို့ဘုရားသခင်၏တရားတော်ကိုနားထောင်ကြလော့”ဟူ၍စကားချည်းကာထိုမြို့တို့တွင်ရှိသောသူတို့၏မကောင်းမှုအပြစ်များမှနောင်တမရသောယဇ်ပူဇော်ခြင်းများကိုဘုရားသခင်သည်မနှစ်သက်ကြောင်းကြားနားခဲ့ရပြီးဒီကနေ့ဧဝံဂေလိကျမ်းစာတော်မြတ်၌ကျွန်ုပ်တို့သည်ဆေးကြောခြင်းစက္ကရာမင်းတူးအားဖြင့်သခင်ခရစ်တော်ကိုရရှိခဲ့ပြီးကြသောလည်းမိမိတို့၏အပြစ်များကိုနောင်တမရဘဲ၊အပြစ်ထဲ၌ပင်ဘဝကိုမပြောင်းလဲချင်ကြသောကြောင့်ကျွန်ုပ်တို့သည်ထိုမြို့သူမြို့သားများထက်ဆိုးဝါးကြောင်းကိုအကယ်၍ကိုယ်တော်သာဆောဒိုမာမြို့၌ကယ်တင်ခြင်းတန်ခိုးတော်တို့ကိုပြသခဲ့ပါမူထိုမြို့သူမြို့သားတို့သည်ပြောင်းလဲခဲ့ကြလိမ့်မည်ဟုကျွန်ုပ်တို့၏နောင်တတရားသည်ကိုယ်တော်လိုချင်သောစံချိန်စံညွှန်းမပြည့်ဝသေးဘူးဟုနှိုင်းယှဉ်၍ထောက်ပြတော်မူသည်။
အပြစ်တစ်ခုကိုနောင်တရတယ်ဆိုတာထိုအပြစ်ကိုရှက်ဆုပ်ရွံ့ရှာပြီးနောက်နောင်ဘယ်တော့မှထိုအပြစ်ကိုထပ်မလုပ်တော့အောင်နာကြဉ်စိတ်စွဲခြင်းမျိုးဖြစ်သည်။ကျွန်ုပ်တို့၏လူ့သဘာဝသည်မိမိကိုယ်ကိုသူတစ်ပါးနှင့်နှိုင်းယှဉ်ပြီးမိမိသည်သူတစ်ပါးထက်သာကြောင်း၊ကောင်းကြောင်း၊တတ်ကြောင်းပြသချင်ကြသူများဖြစ်သည်။ထိုအချက်ကိုသတော်မူသောသခင်ယေဇူးသည်ကျွန်ုပ်တို့ကိုအကောက်ကျစ်ဆုံးသောသူတွေနဲ့နှိုင်းယှဉ်ပြီးကျွန်ုပ်တို့သည်ထိုသူတို့ထက်ဆိုးဝါးကြောင်းထောက်ပြတော်မူတာဖြစ်တယ်။ကိုယ်တော်ကျွန်ုပ်တို့ကိုထိုသို့နှိုင်းယှဉ်ထောက်ပြခြင်းဖြင့်ကျွန်ုပ်တို့သည်သည်းခြေခိုက်မလောက်အောင်နာကျင်ပြီးအပြစ်ကိုနောင်တယူချင်ရန်ဖြစ်သည်ကိုသတိပြုမိနိုင်ကြပါစေ။
ဘာဖြစ်လို့သခင်ယေဇူးကကျွန်ုပ်တို့ကိုအရမ်းရက်စက်ခက်ထန်နေရတာလဲ။ဘာဖြစ်လို့လည်းဆိုတော့ကိုယ်တော်ကျွန်ုပ်တို့ကိုအရမ်းချစ်လွန်းသောကြောင့်ကျွန်ုပ်တို့ကိုအပြစ်မှနောင်တရကြစေချင်လို့ပါပဲ။ကိုယ်တော်ဟာကျွန်ုပ်တို့အပြစ်တွေအတွက်လက်ဝါးကားတိုင်မှာအသေခံပြီးကျွန်ုပ်တို့ကိုအပြစ်မှလွတ်မြောက်စေခဲ့တဲ့အတွက်ကျွန်ုပ်တို့ကိုအပြစ်၌မသေဖို့အပြစ်ကိုနောင်တရဖို့အလိုရှိနေတာဖြစ်တယ်။
ဒီကနေ့ကြားနာရသည်နှုတ်ကပါတ်တော်သည်တစ်ခြားသူများကိုပြောနေတာမဟုတ်ဘဲကျွန်ုပ်တို့တစ်ဦးစီတိုင်းကိုဘုရားသခင်ပြောနေတယ်တယ်လို့ခံယူနိုင်ကြပါစေ။သခင်ယေဇူးကကျွန်ုပ်တို့ကိုမျက်နာချင်းဆိုင်မှာနေကာကိုယ်တော်၏ချစ်ခြင်းမေတ္တာမျက်ဝန်းတစ်စုံနှင့်ကျွန်ုပ်တို့၏မျက်လုံးများကိုစိုက်ကြည့်ပြီး“နောင်တရပါ”လို့ပြောနေသည်ကိုမြင်ယောင်ကြည့်ပါ။ကိုယ်တော်၏စကား“နောင်တရကြလော့”ကိုနှလုံးသွင်း၍အာပတ်ဖြေခြင်းစက္ကရာမင်းတူးကိုခံယူဖို့ဒီနေ့သို့မဟုတ်ဒီအပါတ်တွင်းခံယူဖို့ကြိုးစာပါ။
ကိုယ်တော်၏စကားသည်ကျွန်ုပ်တို့အတွက်အသက်နှင့်ဝိညာဉ်ဖြစ်သည်။ “နောင်တရကြလော”
အိုအဖ.....တပည့်တော်တို့ပြုမိခဲ့သည့်အပြစ်များမှနက်နက်ရှိုင်းရှိုင်းနောတရစေတော်မူပါ။အပြစ်ကိုရွံ့ရှက်စေတော်မူပါ။