Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-12 08:32:56
ဇူလိုင်လ ၁၃ ရက်
၁၅ ကြိမ်မြောက် သာမန် ဗုဓ္ဒဟူးနေ့ ၂၀၂၂
ပထမကျမ်း။ ‌ဟေရှယ ၁၀း ၅-၇၊ ၁၃-၁၆
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၁း ၂၅-၂၇
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

ထိုအချိန်ကာလ၌ယေဇူးမိန့်တော်မူသည်ကားကောင်းကင်နှင့်ကမ္ဘာမြေကြီးကိုအစိုးရတော်မူသောအဖ၊ကိုယ်တော်သည်ပညာရှိသူတို့အားဤအရာများကိုထိမ်ဝှက်ထားတော်မူလျက်ငယ်ရွယ်သူတို့အားဖော်ပြတော်မူသည်ဖြစ်၍ကျေးဇူးတော်ကိုအကျွန်ုပ်ချီးမွမ်းပါ၏။မှန်ပါ၏အဖ၊ဤသည်ကားကိုယ်တော်၏မြတ်သောအလိုတော်ပေတည်းဟုဆိုပြီးမှ၊ငါ၏ခမည်းတော်သည်ခပ်သိမ်းသောအရာတို့ကိုငါ့အားလွှဲအပ်တော်မူပြီ။ခမည်းတော်မှတစ်ပါးမည်သူကမျှသားတော်ကိုမသိ၊ခမည်းတော်ကိုလည်းသားတော်နှင့်သားတော်ဖော်ပြလိုသောသူများမှတစ်ပါးအခြားမည်သူမျှမသိ။

ထောက်ရှုချက်*** ဒီကနေ့ကြားနာရသည့်ပထမကျမ်းစာတော်မြတ်၌ဘုရားသခင်သည်အာရှိယဘုရင်၏မာနထောင်လွားခြင်း၊မိမိကိုယ်ကိုအရာရာကိုတတ်နိုင်သူသကဲ့သိုမော်ကြွားခြင်းကိုဆုံးမတော်မူသည့်ကြောင်းကိုကြားနားကြရသည်။မာနထောင်လွားခြင်းသည်ဘာသာတရားကိုင်ရှိုင်းခြင်းကိုအလွန်ပင်မျက်ကွယ်ပြုတတ်သောအစွမ်းရှိသည်။ဝိညာဉ်ရေးဘဝအသက်တာကိုသေဆုံးနိုင်တဲ့အထိကိုပင်မျက်ကန်းတဆေဖြစ်တတ်သည်။ကျွန်ုပ်တို့၏သည်မိမိကိုကိုယ်အထင်ကြီးမာနတက်၍ပင်တစ်ခြားသောမာနကြီးသူများကိုအပြစ်ပေးဆုံးမလွယ်တတ်ကြသည်။ဥပမာယောက်ျားလေးတစ်ယောက်ကမာနကြီးတဲ့အမျိုးသမီးတစ်ယောက်ကိုပညာပေဆုံးမလိုက်ရခြင်းကိုမာန်တက်ပြီးမိမိကိုယ်ကိုမိမိအထင်ကြီးသွေးနထင်ရောက်ပြီးပြောတဲ့စကားကဒီလောက်မာနကြီးတဲ့မိန်းမအခုတော့ဘာတတ်နိုင်သေးလဲငါဆုံးမလိုက်ပြီးဆိုပဲအမှန်တကယ်တော့သူဟာသူ့မာနနဲ့သူကျရှုံးခဲ့ရသူဖြစ်နေတာသူမသိလိုက်ဘူး။သူကသူတစ်ပါးရဲ့မာနကိုရိုက်ချိုးနိုင်ခဲ့တယ်လို့သူကိုသူမာန်တက်နေခြင်းဟာသူကိုယ်တိုင်ကသူ့ဘဝသေသွားပြီဆိုတာသတိမထားမိလိုက်ဘူး။သူကိုယ်တိုင်ကအရှုံးကြီးဆုံးသွားသူပဲဖြစ်တယ်။သေဆုံးခြင်းရဲ့ဓလေ့ဟာအပြစ်ရဲ့ထုံးစံပါပဲ။အပြစ်တရား၏အဖိုးအခသည်ကားသေခြင်းပင်ဖြစ်၏။(ရောမ၆း၂၃)သေဆုံးခြင်းနှင့်အပြစ်ရဲ့ဓလေ့ဟာမာနထောင်လွှားခြင်းထုံးစံပါပဲ။မာနထောင်လွှားခြင်းဟာကြီးလေးတဲ့အပြစ်ပါပဲ။မာနတရားကြောင့်ပဲလူစီဖာဆိုတဲ့သကြားတမန်ဟာဘုရားကိုအံတုလို့နတ်ဆိုးအကြီးဖြစ်ခဲ့ရတယ်။အာဒံနဲ့ဧဝအပြစ်ထဲကျရောက်သွားရတာဟာမိမိကိုယ်ကိုဘုရားဖြစ်ချင်တဲ့မာနကြောင့်စာတန်ရဲ့လှည့်စားခြင်းကိုခံရတာပဲဖြစ်တယ်။ဒါကြောင့်ကျွန်ုပ်တို့တစ်တွေဟာမာနထောင်လွှားခြင်းတွေလွမ်းမိုးတဲ့ကြားမှာရှင်သန်နေရတဲ့သူတွေဆိုရင်မမှားပါဘူး။ဥပမာလေးတစ်ခုလောက်ဘာသာတူတွေကြားမှာပြရမယ်ဆိုရင်၊သခင်ယေဇူးလက်ဝါးကားတိုင်မှာကျွန်ုပ်တို့အပြစ်များအတွက်အသေခံတော်မူ၍မိမိ၏အသွေးနှင့်အသားကိုပေးနေတဲ့မစ္ဆားတရားယဇ်ပူဇော်ခြင်းကိုဘာသာတူအတော်များများမိမိရဲ့အပြုအမူနဲ့ပြောနေတဲ့ပုံစံကငါ့ အတွက်အနှောက်အယှက်မဖြစ်ဘူး၊ငါသွားချင်မှငါဘုရားကျောင်းသွားမစ္ဆားတရားနာမယ်ဘုရားကျောင်းတက်မစ္ဆားတရားနာတာဘာမှလည်းငါ့အတွက်အကျိုးမရှိဘူးထိုင်လိုက်၊ထလိုက်၊ဒူးထောက်လိုက်နဲ့တစ်ခါတစ်လေဘုန်းကြီးရဲ့တရားကလဲပျင်းဖို့ကောင်းလိုက်သေးကိုယ်ဖာသာကိုယ်အိမ်မှာနေပြီးဘုရားရှိခိုဆုတောင်းတာမှအကျိုးရှိသေးတယ်လို့မာန်တက်ပြီးမာနတခွဲသာနဲ့သူကိုသူဘုရားထက်၊အသင်းတော်သွန်သင်ချက်ဘုရားစကားတွေကိုသိသလိုတတ်သလိုမျက်ကန်းမာနတက်နေပြီးခရစ်တော်၏အသွေးအသားကိုအားဖြစ်သာထာဝရအသက်ကိုရမယ်ဆိုတာကိုမမြင်တဲ့ အပြစ်ထဲမှာသေမဲ့သူဆိုတာသိတိမထားမိဘူး။အဲ့လိုမာနရှိနေတာဟာအဆိုးဆုံးပါပဲ။

 

ဧဝံဂေလိကျမ်းစာတော်မြတ်၌ကြားရသည်ကားကျွန်ုတို့လောကသားတွေကိုခမည်းတော်ဘုရားကိုအကြောင်းဖော်ပြဖို့သခင်ယေဇူးကြွလာတော်မူခြင်းဖြစ်ကြောင်းကြားသိရပါတယ်။သခင်ယေဇူးသည်လူတိုင်းကိုခမည်းတော်ဘုရားအကြောင်းဖော်ပြတော်မူသည်။ကိုယ်တော်သည်ဘုရားသခင်၏သားတော်ဖြစ်ပြီးကိုယ်တော့်ကိုသိခြင်းသည်ခမည်းတော်ကိုသိချင်ဖြစ်ကြောင်းပြောကြားတော်မူတယ်။လောကမှာဘုရားသခင်ကိုမသိသောသူများကိုကြည့်ခြင်းအားဖြစ်ထိုသူတို့သည်မိမိကိုယ်ကိုမာန်တက်နေသောမာကျောတဲ့စိတ်နှလုံးသားတံခါးကိုပိတ်ထားသူများသာဖြစ်ပြီးကိုယ်တော်ဖော်ပြတော်မူသောခမည်းတော်ကိုလက်မခံနိုင်ကြတာဖြစ်တယ်။

 

ကျွန်ုပ်တို့တစ်တွေဟာလည်းကလေးငယ်တစ်ယောက်လိုမရပ်မနားမိမိတို့၏စိတ်နှလုံးများမာကြောမနေစေရန်မာန်ကိုလျှော့ကာစိတ်နှိမ့်ချခြင်းဖြင့်နတ်ဆိုး၏နှောက်ယှက်ခြင်းများကိုတွန်းလှန်ဖို့ခွန်အားကိုအဖဘုရားသခင်ထံမှာတောင်းခံရပါမယ်။သခင်ယေဇူးအကြောင်းကိုသိအောင်ကျမ်းစာတော်မြတ်ကိုသိဖို့၊ဖတ်ရှုလေ့လာဖို့ကြိုးစားကြရပါမယ်။မြတ်သောအယူဝါဒ၌သွန်သင်ထားသည်မှာသမ္မာကျမ်းစာကိုလစ်လျူရှုသူသည်ခရစ်တော်ကိုလစ်လျူရှုသူသာဖြစ်သည်”(CCC၁၃၃)ဟူသောစကားကိုသတိရကြပါစေ။

 

Daily Reflection