Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-14 09:50:30
ဇူလိုင်လ ၁၅ ရက်
၁၅ ကြိမ်မြောက် သာမန် သောကြာနေ့ ၂၀၂၂
St. Bonaventure
ပထမကျမ်း။ ‌ဟေရှယ ၃၈း ၁-၆၊၂၁-၂၂၊ ၇-၈
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၂း ၁-၈
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

ထိုအချိန်၌ယေဇူးသည်ဥပုသ်နေ့တွင်ဂျုံခင်းများကိုဖြတ်လျှောက်၍သွားစဉ်တပည့်တော်တို့သည်ဆာလောင်သောကြောင့်ဂျုံပင်မှအနှံများကိုဆွတ်ခူး၍စားကြလေ၏။သို့သော်ဤအခြင်းအရာကိုဖာရီဇေးဦးတို့မြင်ကြလျှင်သူတို့ကကြည့်ပါ၊ကိုယ်တော်၏တပည့်တော်တို့သည်ဥပုသ်နေ့၌မပြုအပ်သောအရာကိုပြုနေကြပါသည်တကားဟုကိုယ်တော်အားလျှောက်ကြ၏။ကိုယ်တော်ကလည်းထိုသူတို့အားမိန့်တော်မူသည်ကားဒါဝိဒ်မင်းကြီးနှင့်သူနှင့်အတူပါသောသူတို့သည်ဆာလောင်သောအခါသူသည်မည်သို့ပြုသည်ကိုသင်တို့မဖတ်ဖူးကြသလော။သူသည်ဘုရားသခင်၏အိမ်တော်သို့ဝင်၍ရဟန်းတို့မှတစ်ပါးမိမိသော်လည်းကောင်း၊မိမိနှင့်အတူပါသောသူတို့သော်လည်းကောင်းမစားအပ်သောရှေ့တော်တင်မုန့်ကိုစားခဲ့ကြသည်ကိုမဖတ်ဖူးကြသလော။ထို့ပြင်ရဟန်းတို့သည်ဗိမာန်တော်၌ဥပုသ်ကိုချိုးဖောက်သော်လည်းအပြစ်မသင့်ကြောင်းကိုပညတ်တရားကျမ်း၌သင်တို့မဖတ်ဖူးကြသလော။သင်တို့အားငါဆိုသည်ကားဗိမာန်တော်ထက်ကြီးမြတ်သောအရာသည်ဤနေရာ၌ရှိသတည်း။ငါအလိုရှိသည်ကားကရုဏာသနားခြင်းဖြစ်၏။ယဇ်ပူဇော်ခြင်းမဟုတ်ဟူသောစကားကိုနားလည်ကြလျှင်သင်တို့သည်အပြစ်ကင်းသောသူတို့ကိုအပြစ်စီရင်ကြလိမ့်မည် မဟုတ်။အကြောင်းမူကားလူသားသည်ဥပုသ်နေ့၏အရှင်သခင်ဖြစ်သတည်းဟုမိန့်တော်မူ၏။

***ထောက်ရှုချက်***

ဘုရားသခင်သည်အချိန်နာရီ၏အရှင်သခင်ဖြစ်တော်မူသည်။ကိုယ်တော်သည်ဒီကမ္ဘာမြေပေါ်ကအချိန်နာရီကိုတိုးနိုင်လျှော့နိုင်သောအရှင်ဖြစ်တော်မူ၏။ကိုယ်တော်သည်ဟေဇကိဘုရင်၏နာမကျန်းနေမှုကိုသက်သာစေတော်မူ၍ဘဝအသက်တာကို၁၅နှစ်သက်တန်းထပ်တိုးပေးသနားတော်မူသည်ဟုပထမကျမ်းစာတော်မြတ်၌ကျွန်ုပ်တို့ကြားနာခဲ့ရသည်။ဟေဇကိဘုရင်သည်အနာရောဂါဝေဒနာဖြင့်သေလုဆဲဆဲအချိန်တွင်ဘုရားသခင်အားမိမိပြုခဲ့သောဘုရားသခင်ရှေ့တော်၌သစ္စာစောင့်လျက်စုံလင်သောစိတ်နှလုံးနှင့်ကျင့်၍ဘုရားသခင်နှစ်သက်သည့်အတိုင်းဘုရားသခင်၏စကားများကိုနားထောင်ခဲ့ခြင်းများကို‌ထောက်၍အသနားခံတောင်းလျှောက်သဖြင့်ဘုရားသခင်မှသူ့အားနောက်ထပ်၁၅နှစ်အသက်ရှင်နေရစေတော်မူခဲ့သည်။သို့ပေမဲ့သူသည်ကျေးဇူးတော်ကြောင့်အသက်ရှင်နေရသည်ကိုသတိမမူဘဲရရှိခဲ့သောအချိန်များကိုကောင်းမွန်စွာအသုံးမချခဲ့ပေ။‌ဟေဇကိမင်းကြီးသည်သူရခဲ့သော၁၅နှစ်အတွင်း၌မိမိထီးနန်းကိုဆက်ခံမည့်သားမနာရှေကိုပထမ၃နှစ်အတွင်း၌ရခဲ့ပေမဲ့လည်းမိမိသားကိုကောင်းမွန်စွာမသွန်သင်နိုင်ခဲ့သဖြင့်မနာရှေသည်ယုဒတို့၏ဘုရင်ဖြစ်လာသောအခါသူသည်ယုဒလူမျိုးတို့၏ဘုရင်များထဲတွင်ဆိုးရုပ်ဆုံး၊မကောင်းမှုများသောဘုရင်တစ်ပါးဖြစ်ခဲ့ရသည်။  


ကျွန်ုပ်တို့ကိုလည်းဘုရားသခင်သည်အဖိုးတန်လှသောလက်ဆောင်မွန်ဖြစ်သည့်ဤလောကတွင်ဘဝရှင်သန်နေရချိန်ကိုပေးသနားတော်မူတယ်။ကျွန်ုပ်တို့ဘယ်လိုအကျိုးရှိစွာအသုံးချနေကြသလဲဆိုတာကိုသုံးသပ်မိနိုင်ကြပါစေ။ကျွန်ုပ်တို့ရှင်သန်နေရချိန်တွင်ကျွန်ုပ်တို့အေးချမ်းစွာနေရရေးအတွက်ပဲမဟုတ်ဘဲနောင်လာနောက်သားတွေ‌အေးချမ်းစွာနေထိုင်ကြရဖို့အတွက်ပါကျွန်ုပ်တို့ပြင်ဆင်အသက်ရှင်နေထိုင်ကြရမယ်ဆိုတာကိုသတိပေးနေပါတယ်။


ကျွန်ုပ်တို့မြန်မာနိုင်ငံမှာအခုလိုအေးချမ်းစွာမနေရတာကိုကြည့်မယ်ဆိုရင်ကျွန်ုပ်တို့၏အတိတ်သမိုင်း၌နိုင်ငံကိုအုပ်ချုပ်မင်းလုပ်ခဲ့သူများ၏တစ်ကိုယ်ကောင်းဆန်မှုများကိုတွေ့ရကြပါလိမ့်မည်။ဥပ‌ဒေကိုလက်တစ်လုံးခြားလိုရာဆွဲသုံးခဲ့ကြသောအုပ်ချုပ်သူများကြောင့်ကျွန်ုပ်တို့ဟာတိုင်းပြည်ပျက်ကြီးမှာအနာဂတ်ပျောက်ဆုံးနေကြရသူများဖြစ်ကြရပါတယ်။ကျွန်ုပ်တို့လက်ရှိခံစားနေရတဲ့မငြိမ်းချမ်းခြင်းတွေကိုကျွန်ုပ်တို့၏နောင်လာနောက်သားတွေကိုထပ်ပြီးလက်ဆင့်ကမ်းကြအုံးမှာလား။


ဒီကနေ့ဧဝံ‌ဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးကမိမိသည်ဥပုသ်နေ့၏အရှင်သခင်ဖြစ်ကြောင်းအပြစ်ဖြေရာယဇ်ပူဇော်ခြင်းထက်သူတစ်ပါးကိုကရုဏာထားတတ်ဖို့ကိုသိရှိနားလည်စေချင်ကြောင်းကိုတိုက်တွန်းနေပါတယ်။မိမိအပြစ်တွေကိုဖြေဖို့ဘုရားတည်၊ကျောင်းဆောက်၊ယတြာချေခြင်းထက်မိမိ၌ကရုဏာမေတ္တာတရားရှိဖို့ဘာသာရေး၊နိုင်ငံရေးခေါင်းဆောင်များကိုသတိပေးနေပါတယ်။ကျွန်ုပ်တို့၌အထူးသဖြင့်နိုင်ငံအုပ်ချုပ်မင်းလုပ်သူတို့တွင်အဓိကလက်ကိုင်ထားရှိရမည်မှာအနှစ်မရှိသည့်ဖွဲ့စည်းပုံအခြေခံဥပဒေများမဟုတ်ဘဲကရုဏမေတ္တာစိတ်ရှိခြင်းပင်ဖြစ်သည်။ဥပ‌ဒေသည်ကျွန်ုပ်တို့လူသားများကိုအကျိုးပြုဖို့ရန်အများကောင်းကျိုးအတွက်အထောက်အပံ့အကာအကွယ်ဖြစ်ဖို့ရန်ရည်ရွယ်၍ရေးဆွဲထားခြင်းသာဖြစ်ရပါမည်။သခင်ယေဇူးသည်ပညတ်ဥပဒေတွေကအရေးမပါဘူးလိုက်နာစရာမလိုဘူးဟုပြောနေခြင်းမဟုတ်ပါ။မည်သူမျှဥပဒေအထက်တွင်မရှိရဆိုသည့်စကားသည်ဥပ‌ဒေကိုအလွဲမသုံးစားဖို့ရန်နှင့်အာဏာရှင်မဖြစ်အောင်ထိန်းချုပ်ထားသည်စကားသာဖြစ်သည်။ဥပ‌‌‌ဒေသည်လူ၏အရှင်သခင်မဟုတ်ပေ။လူသားတို့ကိုအစေခံရန်ပြင်ဆင်ထားသောလမ်းညွှန်အထောက်အပံ့သာဖြစ်ပြီးလူသားမျာကိုအကျိုးမပြုလျှင်အကျိုးဖြစ်လာအောင်ပြင်ဆင်မွန်မံဖို့လူတိုင်းတွင်တာဝန်ရှိသည်။လူသည်ဥပဒေ၏အရှင်ဖြစ်ပြီးလက်ရှိလူသားများအတူတကွကောင်းမွန်စွာနေထိုင်အသက်ရှင်ရေးနှင့်နောင်လာနောက်သားများကောင်းမွန်စွာရှင်သန်နေရေးအတွက်လူတို့ကိုကောင်းစွာအထောက်အကူပြုကာကွယ်သောဥပဒေများကိုပြင်ဆင်အတည်ပြုရပါမည်။ကရုဏချစ်ခြင်းမေတ္တာဖြစ်ပညတ်ဥပဒေများကိုထိန်းသိမ်းကာကွယ်စောင့်ရှောက်သူများဖြစ်လာနိုင်ကြပါစေ။

 



Daily Reflection