Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-16 07:59:47
ဇူလိုင်လ ၁၇ ရက်
၁၆ ကြိမ်မြောက် သာမန် တနင်္ဂနွေနေ့ ၂၀၂၂
ပထမကျမ်း။ ‌ကမ္ဘာဦးကျမ်း ၁၈း ၁-၁၀
ဒုတိယကျမ်း။ ကော်လောဆေ ၁း ၂၄-၂၈
ဧဝံဂေလိကျမ်း။ ရှင်လုကာ ၁၀း  ၃၈-၄၂
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

သူတို့သည်ခရီးဆက်ကြစဉ်ကိုယ်တော်သည်ရွာတစ်ရွာသို့ဝင်သဖြင့်မာဿအမည်ရှိသောအမျိုးသမီးတစ်ဦးသည်ကိုယ်တော့်ကိုမိမိ၏အိမ်၌လက်ခံကြိုဆိုလေ၏။မာဿတွင်မာရိယာအမည်ရှိသောညီမတစ်ဦးရှိ၍သူမသည်သခင်ဘုရား၏ခြေတော်ရင်း၌ထိုင်လျက်ကိုယ်တော်၏သွန်သင်ချက်များကိုနားထောင်နေလေ၏။မာဿမူကားဧည့်ခံခြင်းအမှု၌အလုပ်များလျက်ရှိသဖြင့်ကိုယ်တော်၏အထံတော်သို့ချဉ်းကပ်၍သခင်ဘုရား၊ကျွန်မ၏ညီမဖြစ်သူသည်ကျွန်မတစ်ဦးတည်းဧည့်ခံခြင်းအမှုဆောက်ရွက်ရန်ပစ်ထားသည်ကိုသတိမမူပါသလော။သို့ဖြစ်၍ကျွန်မကိုကူညီစေရန်သူမအားအမိန့်ရှိတော်မူပါဟုလျှောက်လေ၏။သို့သော်သခင်ဘုရားကမာဿ၊မာဿ၊သင်သည်များစွာသောအမှုကိစ္စတို့အတွက်စိုးရိမ်ပူပန်ခြင်းရှိ၏။လိုအပ်သောအရာတစ်ခုတည်းသာရှိ၏။မာရိယာသည်ထိုကောင်းမြတ်သောအရာကိုရွေးချယ်လေပြီး။ထိုအရာကိုသူမထံမှဖယ်ရှား၍ရလိမ့်မည်မဟုတ်ဟုမိန့်တော်မူ၏။

***ထောက်ရှုချက်***

တစ်ချို့တွေကပြောကြတယ်ငါတို့ကမာဿနဲ့တူတဲ့သူတွေ၊တစ်ချို့ကလည်းမေရီနဲ့တူတဲ့သူတွေလို့မိမိတို့၏စိတ်နေစိတ်ထားအပြုအမူဖြစ်တဲ့လက်တွေ့သမားနှင့်တရားသမားပေါ်မူတည်ပြီးပြောလေ့ရှိကြတယ်။သို့ပေမဲ့လည်းသခင်ခရစ်တော်ဟာကျွန်ုပ်တို့ကိုမာဿအဖြစ်လည်းမခေါ်သလိုမေရီအဖြစ်လည်းမခေါ်ခဲ့ပါ။ကိုယ်တော်ကျွန်ုပ်တို့ကိုခေါ်နေတာကမေရီ၊မာဿအဖြစ်ကိုခေါ်နေခြင်းဖြစ်တယ်။ကျွန်ုပ်တို့တစ်တွေဟာဆာရာနှင့်မာဿတို့လိုလူသားတစ်ဦး၏အမြင့်မြတ်ဆုံးအနစ်နာခံပြီးလုပ်နိုင်တဲ့အရာတွေထဲကတစ်ခုဖြစ်တဲ့နွေးထွေးစွာဧည့်ဝတ်ပျူငှာခြင်းကိုအတုယူလုပ်ဆောင်ကြရမှာဖြစ်တယ်။ကျွန်ုပ်တို့ဆီကိုအထူးဧည့်သည်တော်တစ်ဦးလာမယ်ဆိုပါစို့ကျွန်ုပ်တို့အမှန်တကယ်ဧည့်သည်ကိုနွေးထွေးပျူငှာစွာဧည့်ခံမည်ဆိုလျှင်အိမ်မှာမည်မျှအလုပ်ရှုပ်ရသည်ကိုကျွန်ုပ်တို့တွေးကြည့်တာနဲ့ပင်တော်တော်လေးအလုပ်ရှုပ်ကြောင်းတွေ့ရပါလိမ်မယ်။အိမ်တွင်းအိမ်ပြင်သန့်ရှင်းရေးလုပ်ရပါမယ်၊ဧည့်သည်အတွက်နေရာထိုင်ခင်ပြင်ဆင်ပေးရပါမယ်၊အစားအသောက်တွေပြင်ဆင်ချက်ပြုတ်ပေးရပါမယ်။ ထို့အပြင်ဧည့်သည်ရောက်လာပြီဆိုဧည့်သည်ကိုဒီအတိုင်းတစ်ယောက်တည်းထားပြီးလုပ်စရာအလုပ်တွေကိုသွားလုပ်နေလို့လည်းဘယ်ဖြစ်ပါ့မလဲ။ဧည့်သည်နှင့်အတူထိုင်ပြီးစကားနားထောင်ပြောဆိုခြင်းတွေကိုလည်းလုပ်ပေးရပါမယ်။ထို့အတွက်ကြောင့်အာဗြဟံနဲ့ မေရီလိုဘုရားသခင်နှင့်အတူနေပြီးတော့ကိုယ်တော်ပြောတဲ့စကားတွေကိုလိုက်နာနားထောင်ရပါမယ်။လူတစ်ယောက်ကိုနားထောင်ပေးရတာလွယ်မယောင်ယောင်နဲ့အရမ်းခက်ခဲလှပါတယ်။အထူးသဖြင့်ဘုရားသခင်ကိုနားထောင်ပေးဖို့ဆိုတာကျွန်ုပ်တို့အတွက်ခက်ခဲတဲ့စိန်ခေါ်မှုကြီးပါပဲ။

အလုပ်လုပ်နေရတဲ့ကျွန်ုပ်တို့တစ်ဦးစီတိုင်းကိုယ်တော်ရှင်ရဲ့စကားကိုနားထောင်ကြရပါမယ်သို့မဟုတ်လျှင်ကျွန်ုပ်တို့ဘာကိုလုပ်နေရလဲ၊ဘာကြောင့်လုပ်နေရလဲကိုမသိနိုင်ပါဘူး။ထို့အတူပင်ကိုယ်တော်ရှင်၏စကားကိုနားထောင်နေသောကျွန်ုပ်တို့တစ်ဦးစီတိုင်းကိုယ်တော်ပြောသည်အတိုင်းအလုပ်လုပ်ရန်လိုအပ်ပါသည်။ကျွန်ုပ်တို့သည်ရှင်ယာကုပ်ပြောခဲ့သည်စကားအတိုင်းမိမိကိုယ်ကိုလှည့်ဖြားလျက်နှုတ်တော်ထွက်စကားကိုကြားနာသူသက်သက်မဖြစ်စေကြဘဲ နှုတ်တော်ထွက်စကားကိုကျင့်ကြံသောသူများဖြစ်ကြရန်အရေးကြီးပါတယ်။ (ယာကုပ် ၁း၂၂)

သို့ဖြစ်၍ချစ်မိတ်ဆွေတို့၊သင်တို့သည်အစဉ်အမြဲနာခံခဲ့ကြသကဲ့သို့ယခုအခါတွင်လည်းဘုရားရှင်၏ရှေ့တွင်သာမက ဘုရားရှင်၏မျက်ကွယ်၌လည်းသင်တို့၏ကယ်တင်ခြင်းအတွက်ကြောင့်ကြောက်ရွံ့တုန်လှုပ်လျက်ကြိုးစားအားထုတ်ကြပါ။(ဖိလိပ္ပိ ၂း၁၂)

မေရီနှင့်မာဿ နှစ်ဦးစလုံးနှင့်တူသော သူသာလျှင် သခင်ယေဇူးနှင့်တူသောသူဖြစ်သည်။

ကျွန်ုပ်တို့တစ်တွေဟာဆေးကြောခြင်းစက္ကရာမင်းတူးအားဖြစ်ခရစ်တော်၏နောက်လိုက်တပည့်များဖြစ်လာကြကာခရစ်တော်နှင့်တူအောင်ဘဝအသက်တာကိုသန့်ရှင်းစင်ကြယ်ခြင်းသို့လျှောက်လှမ်းရသောခေါ်တော်မူခြင်းခံရကြသူများဖြစ်ကြသည်။ကျွန်ုပ်တို့သည်ထိုခေါ်တော်မူခြင်းကိုသတိမေ့လျှော့ကာဘဝမှာအများဆုံးပျော်ရွှင်မှုကိုခံစားရပြီးအနည်းဆုံးနာကျင်မှုကိုခံစားရအောင်ပျော်ပျော်နေရတဲ့ဘဝမျိုးကိုပဲရွေးခြယ်ချင်ကြပါတယ်။

အကယ်၍ကျွန်ုပ်တို့တစ်တွေဟာစင်ကြယ်ခြင်းမှာတိုးပွားလာပြီဆိုလျှင်သခင်ယေဇူး၏လောက၌ခံထမ်းခဲ့သောဒုက္ခဆင်းရဲခြင်းများကိုသာမက၊သခင်ယေဇူးနှင့်အတူထိုဒုက္ခဆင်းရဲခြင်းများ၌ပင်ဝမ်းမြောက်၍လက်ခံနိုင်လာပါလိမ့်မည်။ဘာဖြစ်လို့လည်းဆိုတော့သခင်ယေဇူးကိုကျွန်ုပ်တို့ချစ်သောကြောင့်၊ကိုယ်တော်နှင့်တူချင်သောကြောင့်ပင်ဖြစ်သည်။ကိုယ်တော်ကိုချစ်သောကြောင့်သာလျှင်ကျွန်ုပ်တို့သည်သူတစ်ပါးကိုချစ်လာနိုင်ပြီးသူတစ်ပါးကောင်းကျိုးအတွက်သခင်ယေဇူးနှင့်အတူဒုက္ခဆင်းရဲခြင်းကိုဝမ်းမြောက်စွာခံယူ၍ကိုယ်တော်အလိုရှိတော်မူသောလူအပေါင်းတို့အားကယ်တင်ခြင်းခံရစေရန်နှင့်သမ္မာတရားတော်ကိုသိနားလည်လာကြစေရန်ကျွန်ုပ်တို့ကြိုးစားအားထုတ်ကြရပါမည်။

သင်သခင်ယေဇူးထံမှာမိမိကိုယ်ကိုဆက်ကပ်ထားပြီလား?သင့်ရဲ့သန့်ရှင်းစင်ကြယ်ခြင်းတိုးပွားလာပြီလား?ဒီမေးခွန်းတွေကိုဖြေဖို့ကျွန်ုပ်တို့တွေရဲ့သခင်ယေဇူး၌ခံထမ်းရမည့်ဒုက္ခဆင်းရဲခြင်းများပေါ်ထားရှိတဲ့ကျွန်ုပ်တို့၏။(မေရီမာဿ လို့ခေါ်တဲ့ဘာသာတရားကျင့်ကြံအားထုတ်မှု)စိတ်နေစိတ်ထားကိုကြည့်ရပါမယ်။

(မေရီ= ဘာသာတရား / မာဿ= ကျင့်ကြံအာထုတ်မှု)

Daily Reflection