ဇူလိုင်လ ၁၈ ရက်
၁၆ ကြိမ်မြောက် သာမန် တနင်္လာနေ့ ၂၀၂၂
ပထမကျမ်း။ မိက္ခာ ၆း ၁-၄၊ ၆-၈
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၀း၃၈- ၄၂
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr. Sabina Hla Yee Win, ISR
ထို့နောက်အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရီဇေးဦးတို့ကဆရာသခင်၊အကျွန်ုပ်တို့သည်ကိုယ်တော့်ထံမှနိမိတ်လက္ခဏာတစ်ခုကိုမြင်လိုပါသည်ဟုလျှောက်ကြ၏။သို့ရာတွင်ကိုယ်တော်ကသူတို့အားပြန်ပြောတော်မူသည်မှာဆိုးညစ်၍ဖောက်ပြန်သောလူမျိုးဆက်သည်နိမိတ်လက္ခဏာကိုတောင်းတတ်၏။သို့သော်ပရောဖက်ယောန၏နိမိတ်လက္ခဏာမှတစ်ပါးမည်သည့်လက္ခဏာကိုမျှသူတို့အားပေးမည်မဟုတ်။အကြောင်းမူကားယောနသည်ဝေလငါး၏ဝမ်းထဲ၌သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့လူသားသည်လည်းမြေကြီးအတွင်း၌သုံးနေ့နှင့်သုံးညနေလိမ့်မည်။တရားစီရင်တော်မူသောနေ့၌နီးနဝေမြို့သားတို့သည်ဤလူမျိုးဆက်နှင့်တရားပြိုင်ပြုကာသူတို့ကိုပြစ်တင်ရှုတ်ချကြလိမ့်မည်။အကြောင်းမူကားသူတို့သည်ယောန၏ဟောပြောချက်၌နောင်တတရားရခဲ့ကြသောကြောင့်ဖြစ်၏။ဤနေရာ၌မူကားယောနထက်သာ၍ကြီးမြတ်သောသူရှိ၏။တရားစီရင်တော်မူသောနေ့၌တောင်ဘက်တိုင်းပြည်၏ဘုရင်မသည်ဤလူမျိုးဆက်နှင့်တရားပြိုင်ပြုကာသူတို့ကိုပြစ်တင်ရှုတ်ချလိမ့်မည်။အကြောင်းမူကားသူမသည်ဆောလမွန်မင်းကြီး၏ဉာဏ်ပညာတော်ကိုကြားသိခြင်းငှာကမ္ဘာ၏ဝေးလံသောအရပ်မှလာရောက်ခဲ့၏။ဤနေရာ၌မူကားဆောလမွန်မင်းကြီးထက်သာ၍ကြီးမြတ်သောသူရှိ၏။
***ထောက်ရှုချက်***
ပထမကျမ်းစာတော်မြတ်ထဲ၌ကြားနာရသည်ကားအိုငါ၏လူမျိုးအပေါင်းတို့“ငါသည်သင်တို့အားဘာတွေပြုလုပ်ပေးခဲ့ဖူးသလဲ။ငါသည်သင်တို့ကိုဘယ်လိုစိတ်ပျက်ဖူးမိခဲ့သလဲ။သင်တို့ဖြေကြပါ။(မိက္ခာ ၆း၃)
ထိုဘုရားသခင်၏စကားတော်ကိုကျွန်ုပ်တို့ဖြေရမည်ဆိုလျှင်အရာအားလုံးထက်ဘုရားသခင်ကိုချစ်မြတ်နိုးဖို့ကျွန်ုပ်တို့ဘယ်လိုမှငြင်းဆန်လို့မရပါဘူးဆိုတာပါပဲ။ဘာဖြစ်လို့လည်းဆိုတော့ဘုရားသခင်ကကျွန်ုပ်တို့ကိုအဆုံးမဲ့ချစ်ခြင်းဖြင့်အရင်ဦးစွာချစ်တော်မူသောကြောင့်ပါပဲ။ကိုယ်တော်ဟာကျွန်ုပ်တို့ကိုအပြစ်၏ကျေးကျွန်ဘဝမှလွတ်မြောက်လာအောင်ရွေးနှုတ်ကယ်တင်ခဲ့သည်။ကိုယ်တော်တစ်ပါးတည်းသာလျှင်မပြောင်းလဲသောသစ္စာတရားနှင့်ပြည့်စုံတဲ့ချစ်ခြင်းဖြင့်ချစ်တော်မူသည်။ကျွန်ုပ်တို့အတွက်ပင်လက်ဝါးကားတိုင်ထက်တွင်အသက်ပေးပြီးချစ်တော်မူသည်။ထို့ကြောင့် ကိုယ်တော်ကျွန်ုပ်တို့အတွက်ဘာတွေထပ်လုပ်ပေးဖို့လိုသေးလို့လဲ။ဒီထက်ကြီးမြတ်တဲ့ချစ်ခြင်းမေတ္တာမျိုးလူသားတွေမှာမှမရှိတာ။ကိုယ်တော်သည်ကျွန်ုပ်တို့ကိုကျွန်ုပ်တို့မိမိကိုယ်ကိုချစ်သည်ထက်ပိုချစ်သောသူဖြစ်သည်။ကိုယ်တော်သည်ကျွန်ုပ်တို့၏အပြစ်များကိုကျွန်ုပ်တို့ကခွင့်လွတ်ပေးဖို့မတောင်းပန်ခင်ကတည်းကကျွန်ုပ်တို့၏အပြစ်များကိုခွင့်လွတ်ပေးချင်နေသူဖြစ်သည်။ကိုယ်တော်သည်ကျွန်ုပ်တို့ကိုအလွန်ချစ်သောမူသောကြောင့်ကျွန်ုပ်တို့ကိုဒီထက်ပိုချစ်ဖို့ပင်မဖြစ်နိုင်တော့ပေ။ကျွန်ုပ်တို့နားမလည်နိုင်လောက်အောင်ကိုယ်တော်သည်ကျွန်ုပ်တို့ကိုချစ်တော်မူသည်။ကိုယ်တော်ဘယ်သောအခါမျှကျွန်ုပ်တို့အတွက်စိတ်မပျက်သည့်အပြင်ကိုယ်တော်၏အဆုံးမဲ့ချစ်ခြင်းကိုကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏အကန့်အသတ်ရှိသောဉာဏ်စွမ်းဖြင့်သိရှိနားလည်ပြီးကိုယ်တော်ကိုပြန်ချစ်ခြင်းကိုပင်ကိုယ်တော်သည်နှစ်သက်တော်မူသည်။ကျွန်ုပ်တို့သည်ကိုယ်တော်၏အဆုံးမဲ့ချစ်ခြင်းကိုခံစားရ၍မိမိတို့မှကိုယ်တော်၏ချစ်ခြင်းကိုမတုံ့ပြန်ခဲ့မှုများအတွက်ကိုယ်တော်နှင့်ဝေးကွာစွာနေခဲ့ခြင်းများအတွက်နောင်တရသင့်ကြပါသည်။
ဧဝံဂေလိကျမ်းစာတော်မြတ်၌သခင်ယေဇူးကတိထားမိန့်တော်မူသည်ကားနောက်ဆုံးသောနေ့ရက်၌ကျွန်ုပ်တို့သည်ကိုယ်တော်ဟောကြားတော်မူသောနှုတ်ထွက်စကားများကိုကြားရ၍နောင်တရခြင်း၊မရခြင်းပေါ်မူတည်၍တရားစီရင်ခြင်းကိုခံရမည်ဖြစ်သည်။(မာတေဦး၁၂း၄၁)သခင်ယေဇူး၏ဟောပြောသွန်သင်မှုများကိုကျွန်ုပ်တို့နေ့စဉ်ဘဝအသက်တာ၌မစ္ဆာတရားနာယူခြင်းတွင်ကြားနာနေရကြောင်းသိရှိနားလည်လို့ရပါတယ်။မစ္ဆားတရားတော်မြတ်၌အမူတော်ဆောင်ရဟန်းဘုန်းတော်ကြီးများရွတ်ဆိုသောဝတ်ပြုကိုးကွယ်ခြင်းဆုတောင်းမေတ္တာပတ္ထနာများသည်သခင်ယေဇူးကိုယ်တော်တိုင်ခမည်းတော်ဘုရားထံပူဇော်နေသောဆုတောင်းမေတ္တာပတ္ထနာများပင်ဖြစ်သည်။မစ္ဆားတရားတော်မြတ်၌ဖတ်သောဧဝံဂေလိကျမ်းစာတော်မြတ်ကိုပင်သခင်ယေဇူးကိုကိုယ်စားပြုသည့်ဘုန်းတော်ကြီးအားဖြင့်ကိုယ်တော်ကိုယ်တိုင်ဖတ်ကြားနေခြင်းဖြစ်သည်။(ကက်သလစ်မြတ်သောအယူဝါဒCCC၁၀၈၈)ဘုန်းတော်ကြီးများ၏ဩဝါဒတရားများဖြင့်ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုလေးလေးနက်နက်နားလည်ပြီးမိမိတို့၏ဘဝအသက်တာအတွက်ခွန်အားယူနောင်တရပြောင်းလဲစေရန်သခင်ယေဇူးသည်ကျွန်ုပ်တို့ကိုတိုက်ရိုက်ပြောနေသည့်ဟုနှလုံးသွင်းလိုက်နာရမှာဖြစ်တယ်။သခင်ယေဇူး၏နှုတ်ကပါတ်တော်များကိုကျွန်ုပ်တို့သမ္မာကျမ်းစာများတွင်ကြားနာရသလိုတရားဝင်အသင်းတော်မှသွန်သင်ပေးနေသောကက်သလစ်မြတ်သောအယူဝါဒ၊ပုပ်ရဟန်းမင်းကြီး၏စာချွန်တော်များ၊ဒုတိယမြောက်ဗာတီကန်စာစောင်များမှကြားနာကြရသည်။ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုကြားနာ၍နောင်တရပြောင်းလဲလာဖို့ဘုရားစကားတွေရှိတဲ့ထိုစာအုပ်စာပေများကိုဖတ်ရှုလေ့လာမှသာရမည်ကိုသတိပြုမိကြပါစေ။သင်ထိုစာအုပ်စာပေများနှငိ့ရင်နှီးပါသလား။သမ္မာကျမ်းစာကိုဖတ်ရှုဖူးပါသလား။သမ္မာကျမ်းစာကိုဖတ်ရှုခိုင်းခြင်းသာဖြစ်သည်၊မိမိဖာသာအနက်အဓိပ္ပါယ်ဖွင့်ဆိုခိုင်းခြင်းမဟုတ်ပေ။သမ္မာကျမ်းစာ၏အနက်အဓိပ္ပါယ်ကိုအသင်းတော်၏သွန်သင်ချက်နှင့်အညီသာဖွင့်ဆိုနိုင်ရန်အသင်းတော်၏မြတ်သောသွန်သင်ချက်မြတ်သောအယူဝါဒစာအုပ်ကိုဖတ်ရှုရပါမယ်။
သမ္မာကျမ်းစာနှင့်အသင်းတော်မှထုတ်ဝေသောတရားဝင်စာပေ၊စာစောင်များကိုဖတ်ရှုလေ့လာခြင်းဖြင့်ဘုရားသခင်၏နှုတ်ကပါတ်တော်နှင့်ရင်းနှီးကျွမ်းဝင်ပြီးနောင်တရပြောင်းလဲလာအောင်ကြိုးစားကြပါစို့။