Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-19 05:10:34
ဇူလိုင်လ ၂၀ ရက်

၁၆ ကြိမ်မြောက် သာမန် ဗုဓ္ဒဟူးနေ့  ၂၀၂၂
St. Apollinaris
ပထမကျမ်း ။ ‌ယေရမိ ၁း၁၊၄-၁၀
ဧဝံဂေလိကျမ်း ။ ရှင်မာတေဦး ၁၃း ၁-၉
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

ထိုနေ့၌ယေဇူးသည်အိမ်မှထွက်လာပြီးလျှင်ပင်လယ်ကမ်းခြေအနီး၌ထိုင်နေတော်မူ၏။ထိုအခါများစွာသောလူအစုအဝေးတို့သည်အထံတော်သို့လာကြသောကြောင့်ကိုယ်တော်သည်လှေပေါ်သို့တက်၍ထိုင်တော်မူ၏။လူအပေါင်းတို့သည်ကားကမ်းခြေတွင်ရပ်နေကြ၏။ကိုယ်တော်သည်ထိုသူတို့အားအကြောင်းအရာများစွာတို့ကိုပုံဥပမာများဖြင့်သွန်သင်တော်မူလျက်ဆိုသည်မှာမျိုးကြဲသူတစ်ယောက်သည်မျိုးစေ့ကြဲအံ့သောငှာထွက်သွားလေ၏။သူသည်မျိုးစေ့ကြဲရာတွင်အချို့သောမျိုးစေ့တို့သည်လမ်းပေါ်၌ကျသဖြင့်ငှက်တို့သည်လာ၍၎င်းတို့ကိုစားကြ၏။အချို့သောမျိုးစေ့တို့သည်မြေဆီလွှာပါးသောကျောက်ခံမြေပေါ်တွင်ကျသဖြင့်မြေသားတိမ်၍လျင်မြန်စွာပေါက်လာကြ၏။သို့သော်နေထွက်သောအခါ၎င်းတို့သည်ပူလောင်၍အမြစ်လည်းမတွယ်နိုင်သောကြောင့်ညှိုးခြောက်သွားကြလေ၏။အချို့သောမျိုးစေ့တို့သည်ဆူးပင်များအကြားတွင်ကျသဖြင့်ဆူးပင်တို့သည်ကြီးထွားလာပြီး၎င်းတို့ကိုဖုံးပိတ်ကြကုန်၏။အချို့သောမျိုစေ့တို့မူကားကောင်းသောမြေပေါ်တွင်ကျသဖြင့်အပင်ပေါက်လာကြသောအခါအချို့သည်အဆတစ်ရာ၊အချို့သည်အဆခြောက်ဆယ်၊အချို့သည်အဆသုံးဆယ်စီအသီးသီးကြ၏။ကြားခြင်းငှာနားရှိသောသူသည်ကြားပါစေဟုမိန့်တော်မူ၏။

 

***ထောက်ရှုချက်***

 

ဒီနေ့မှစ၍နောက်ထပ်နစ်ပတ်အထိမစ္ဆားတရားတော်မြတ်တွေထဲယေရမိအနာဂတ္တိကျမ်းမှနှုတ်ကပါတ်တော်မြတ်တွေကိုကျွန်ုပ်တို့ကြားနာကြရမှာဖြစ်တယ်။ယေရမိသည်အစပိုင်း၌ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုကြားပြောဖို့ခေါ်တော်မူခြင်းခံရခြင်းကိုငြင်းဆန်ကာမိမိသည်အသက်အရမ်းငယ်သေကြောင်းဆင်ခြေပေးကာရှောင်ရှားကာနေခဲ့သည်။သို့သော်လည်းဘုရားသခင်သည်သူ၏ဆင်ခြေပေးခြင်းကိုလက်မခံပေ။ကိုယ်တော်၏နှုတ်ပါတ်တော်ကိုပြောကြားရန်သူအားခေါ်တော်မူခြင်းကိုပေး၍ရွေးခြယ်တော်မူသည်။ယေရမိသည်သူ၏ဘဝတစ်လျှောက်လုံး၌ဘုရားသခင်၏ခေါ်တော်မူခြင်းကိုလိုက်လျှောက်ရန်ပြဿနာအခက်အခဲများစွာကြုံတွေ့ရသော်လည်းသူသည်ဘုရားသခင်အားယုံကြည်ခြင်းကြီးမားသူဖြစ်ခဲ့သည်။ကျွန်ုပ်တို့သည်လည်းယေရမိကဲ့သို့ပင်ကျွန်ုပ်တို့မမွေးခင်ကတည်းကနေဘုရားသခင်သည်ကျွန်ုပ်တို့ကိုသိတော်မူပြီး။မွေးဖွားလာပြီးသောအခါဆေးကြောခြင်းစက္ကရာမင်းတူးအားဖြင့်သန့်ရှင်းဖြူစင်ခြင်း၊လောက၏အလင်းဖြစ်ရခြင်း၊ခရစ်တော်သခင်၏ရဟန်း၊ဘုရင်၊နှင့်ပရောဖက်မျိုးဖြစ်ရခြင်းကိုခေါ်တော်မူခြင်းခံရကြသူများဖြစ်ကြတယ်။ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ဘဝအသက်တာ၌ကျွန်ုပ်တို့၏ခေါ်တော်မူခြင်းကိုလျှောက်လှမ်းရာ၌မည်မျှပင်ပြဿနာအခက်အခဲများရှိနေပါစေယုံကြည်ခြင်း၌ခိုင်မြဲအောင်ကျွန်ုပ်တို့၏ဝိညာဉ်ရေးကိုတိုးတက်ကောင်းမွန်အောင်ပြင်ဆင်ကြရမည်ဖြစ်သည်။

 

လူသားသည်အခြေခံအားဖြစ်ဝိညာဥ်ရေးလယ်ယာ‌မြေကောင်းဖြစ်ထွန်းရာမြေဆီလွှာနှင့်အလားသဏ္ဌာန်တူ၏။မြေဆီလွှာထဲ၌မြေဆီမြေနှစ်ရှိသကဲ့သို့လူသားထဲ၌ကျေးဇူးတော်ရှိ၏။မြေဆီလွှာသည်မထွန်မယက်လျှင်မြေဆီမြေနှစ်မတိုးပွားသကဲ့သို့လူသည်ဝိညာဥ်ရေးမကျင့်ကြံလျှင်ကျေးဇူးတော်မတိုးပွားပေ။မြေဆီမြေနှစ်တိုးပွားစေရန်မြေသြဇာ လိုအပ်သကဲ့သို့ကျေးဇူးတော်တိုးပွားအောင်ဘာသာတရားကိုင်းရှိုင်းမှုဖြစ်တဲ့ဘုရားရှိခိုးဆုတောင်းခြင်း၊စက္ကရမင်းတူးများခံယူခြင်းစသည့်အထူးဓါတ်မြေသြဇာများအပြင်သဘာဝဓါတ်မြေသြဇာများဖြစ်သည့်လူ့ဂုဏ်သိက္ခာနှင့်ဆိုင်သောစိတ်ဓါတ်မြင့်မြတ်ခြင်း၊အကျင့်စရိတ္တကောင်းမွန်ခြင်း၊အသိပညာကြွယ်ဝခြင်းတို့လိုအပ်ပါသည်။မျိုးကြဲသူသည်မြေဆီလွှာပေါ်သို့မျိုးစေ့ကိုကြဲချသကဲ့သို့ဘုရားသခင်၏နှုတ်ကပါတ်တော်ကိုယုံကြည်ခြင်းမျိုးစေ့အဖြစ်လူသားအားလုံးတို့အပေါ်သို့ကြဲချခြင်းဖြင့်ဘုရားသခင်သည်လူသားများနှင့်ရင်းနှီးစွာဆက်ဆံ၍အဆတစ်ဆယ်၊အဆတစ်ရာတိုးပွားသောသီးနှံများကိုရိတ်သိမ်းယူငင်သကဲ့သို့ကျွန်ုပ်တို့လူသားများကိုကိုယ်တော်ရှင်ထံတော်သို့ပြန်လည်သိမ်းယူတော်မူ၏။

 

မြေဆီလွှာအမျိုးအစားပေါ်မူတည်၍မျိုးစေ့ကြီးထွားသီးပွင့်ခြင်းမတူသကဲ့သို့ကျွန်ုပ်တို့၏ဝိညာဥ်ရေးအတွက်ပြင်ဆင်ခြင်းပေါ်မူတည်၍ယုံကြည်ခြင်းအသီးအပွင့်ရလဒ်မတူညီကြပါ။

 

၁။မိမိ၏မြေဆီလွှာသည်စိုက်ပျိုးရန်အတွက်မဟုတ်ဘဲလမ်းမအဖြစ်အသုံးပြုထားသောမြေဆီလွှာအမျိုးအစားဖြစ်နေပါသလော။(မိမိသည်ဝိညာဥ်ရေးအတွက်အသက်မရှင်ဘဲလောကီအပျော်အပါးအတွက်သာအသက်ရှင်နေပါသလော။)

 

၂။မိမိ၏မြေဆီလွှာသည်ပါးလွှာ၍စိုက်ပျိုးထွန်ယက်ရန်ခက်ခဲသောကျောက်သားများသောမြေဆီလွှာအမျိုးအစားဖြစ်နေပါသလော။(မိမိသည်ဝိညာဥ်‌ရေးခေါင်းပါးသောပြုပြင်သင်ကြားမှုခက်ခဲသော‌ခေါင်းမာတစ်ယူသန်သောသူဖြစ်နေပါသလော။)

 

၃။မိမိ၏မြေဆီလွှာသည်မထွန်ယက်ထားသဖြင့်ဆူးပင်ချုံနွယ်များပေါက်နေသောမြေဆီလွှာအမျိုးအစားဖြစ်‌နေပါသလော။(မိမိသည်ဝိညာဥ်ရေးမကျင့်ကြံသောနာမည်ခံဘာသာရေးသမား၊ဘာသာရေးနာမည်ခံ၍ပေါက်ကရလုပ်သောသူဖြစ်နေသလော။)

 

၄။မိမိ၏မြေဆီလွှာသည်ကောင်းမွန်စွာထွန်ယက်၍မြေသြဇာထည့်ထားသောမြေဆီလွှာအမျိုးအစားဖြစ်နေပါသလော။(မိမိသည်ကောင်းမွန်စွာဝိညာဥ်ရေးလေ့လာဆည်းပူ၍ကျင့်ကြံအားထုတ်၍ဘာသာတရားကိုင်းရှိုင်းပြီးကိုယ်ကျင့်သိက္ခာ၊စိတ်နေစိတ်ထား၊ဉာဏ်ပညာနှင့်ပြည့်စုံသောသူတစ်ယောက်ဖြစ်နေသလော။)

 

ကျွန်ုပ်တို့၏မြေဆီလွှာများသည်စတုတ္ထမြေဆီလွှာအမျိုးအစားမဖြစ်သေးလျှင်ဖြစ်လာအောင်ကြိုးစားကြပြီးဆေးကြောခြင်းစက္ကရာမင်းတူးမင်္ဂလာတော်မြတ်မှရရှိထားသောကျေးဇူးတော်များစွာမိမိ၌မြောက်များစွာသီးပွင့်ဝေဆာနိုင်ကြိုးစားကြပါစို့။

Daily Reflection