Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-26 08:40:38
ဇူလိုင်လ ၂၇ ရက်

၁၇ ကြိမ်မြောက် သာမန် ဗုဓ္ဒဟူးနေ့ ၂၀၂၂
ပထမကျမ်း။ ‌ယေရမိ ၁၅း ၁၀၊ ၁၆-၂၁
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၃း ၄၄-၄၆
ဖာသာရ်စောကော့‌ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR

ကောင်းကင်နိုင်ငံတော်သည်လယ်မြေ၌ဝှက်ထားသောရတနာနှင်တူ၏။ထိုရတနာကိုတွေ့သောသူသည်၎င်းကိုပြန်လည်ဝှက်ထားပြီးဝမ်းသာအားရဖြင့်သွားကာလျှင်မိမိ၌ရှိသမျှကိုရောင်းချ၍ထိုလယ်မြေကိုဝယ်ယူလေ၏။တစ်ဖန်ကောင်းကင်နိုင်ငံတော်သည်အရည်အသွေးကောင်းသောပုလဲများကိုရှာသောကုန်သည်တစ်ဦးနှင့်တူ၏။သူသည်တန်ဖိုးကြီးသောပုလဲတစ်လုံးကိုတွေ့သောအခါသွား၍မိမိ၌ရှိသမျှတို့ကိုရောင်းပြီးလျှင်ထိုပုလဲကိုဝယ်ယူလေ၏။

 

***ထောက်ရှုချက်***

 

အိုကောင်းကင်ဘုံရှင်ထာဝရဘုရားသခင်ကိုယ်တော်၏နာမတော်မြတ်၌ကိုယ်တော်၏နှုတ်ကပါတ်တော်မြတ်ကိုတွေ့ရှိ၍ကိုယ်တော်၏နှုတ်တော်ထွက်စကားတို့ကိုအကျွန်ုပ်မှီဝဲဆည်းကပ်ခြင်းဖြင့်ကျွန်ုပ်၌ဝမ်းမြောက်ရွှင်လန်းစရာအကြောင်းဖြစ်တော်မူပါ၏။(ယေရမိ ၁၅း ၁၆)

 

ဘုရားသခင်၏နှုတ်ကပါတ်တော်ဖြစ်သည့်သမ္မာကျမ်းစာတော်မြတ်ကိုကျွန်ုပ်တို့အများစုသည်ကက်သလစ်ပြီသစွာမိမိဖာသာဖတ်ရှုလေ့မရှိတတ်ကြပါ။(ကက်သလစ်များမိမိဖာသာကျမ်းစာဖတ်ရှုခြင်းအားနည်းသည်ကိုသာထောက်ပြခြင်းသာဖြစ်သည်။ကက်သလစ်များမိမိကိုယ်တိုင်ကျမ်းစာမဖတ်ရပါဟူ၍မရှိပါ)။ကက်သလစ်ဖြစ်လျှင်သမ္မာကျမ်းစာကိုဖတ်ရှုရရုံမျှမကကျမ်းစာလာနှုတ်ကပါတ်တော်မြတ်ကိုမှီဝဲဆည်းကပ်ရပါမည်။မှီဝဲဆည်းကပ်ခြင်းဆိုသည်မှာနှုတ်တော်ထွက်စကားကိုစားသုံးပြီးမိမိ၏အသွေးအသားထဲ၌ရှင်သန်ရခြင်းဖြစ်သည်။ထို့အတွက်ကြောင့်ကက်သလစ်အသင်းတော်အတွင်းမစ္ဆားတရားတော်မြတ်၌နှုတ်ကပါတ်တော်မြတ်များကိုကြားနားခံယူနှလုံးသွင်း၍ကိုယ်တော်မြတ်စက္ကရာမင်းတူးအားဖြင့်နှုတ်ကပါတ်တော်သည်လူ့အဖြစ်ကိုယူတော်မူသောသခင်ယေဇူး၏အသွေးတော်နှင့်သားတော်ကိုနေ့စဉ်မပြတ်ပင့်ယူကြရခြင်းဖြစ်သည်။ထို့အတွက်ကြောင့်မစ္ဆားတရားတော်မြတ်သည်ကက်သလစ်တိုင်း၏နှလုံးသားဗဟိုထာဝရအသက်၏အရင်းအမြစ်ဖြစ်ကြောင်း၊နှုတ်ကပါတ်တော်ကိုလျစ်လျှုရှုခြင်းသည်ခရစ်တော်ကိုလျစ်လျှူရှုခြင်းဖြစ်ကြောင်းသွန်သင်ထားတော်မူသည်။(မြတ်သောအယူဝါဒ၁၃၃)

 

ကက်သလစ်တစ်ဦးသည်နေ့စဉ်ဘုရားကျောင်းမှန်မှန်တက်ပြီးမစ္ဆားတရားတော်မြတ်ကိုထိုက်တန်စွာပါဝင်ပူဇော်ခြင်းဖြင့်သမ္မာကျမ်းစာတော်မြတ်အားလုံးနီးပါးကို၂နှစ်အတွင်းကြားနာမှီဝဲဆည်းကပ်နိုင်ခြင်းနှင့်တနင်္ဂနွေနေ့တိုင်း၃နှစ်ဆက်တိုက်ဘုရားကျောင်းမှန်မှန်တက်၍မစ္ဆားတရားတော်မြတ်ကိုထိုက်တန်စွာအာရုံပြုကြားနာမှီဝဲဆည်းကပ်ခြင်းဖြင့်သမ္မာကျမ်းစာတော်မြတ်အားလုံးအထူးသဖြင့်ဓမ္မသစ်ဧဝံ‌ဂေလိကျမ်းစာတော်မြတ်များကိုပြည့်စုံစွာကြားနာနှလုံးသွင်းပြီးဖြစ်သည်ဆိုတာကိုသတိပြုမိနိုင်ကြပါစ။

 

ထိုရတနာဖြစ်သည့်ဘုရားသခင်၏နှုတ်ကပါတ်တော်တရားနှင့်လူ့အဖြစ်ကိုယူတော်မူသောနှုတ်ကပါတ်တော်ဖြစ်တော်မူသောသခင်ယေဇူးသည်ကျွန်ုပ်တို့နေ့စဥ်ပူဇော်နေသောမစ္ဆားတရားတော်မြတ်တို့၌မှန့်နှင့်စပျစ်ရည်အဆင်းသဏ္ဍာန်အောက်၌ဝှက်ကွယ်နေသည်ကိုသတိပြုမိသူတို့သည်မိမိတို့နေစဉ်ရှာဖွေဆုဆောင်းနေကြသောလောကစည်းစိမ်များထက်ကိုယ်တော်မြတ်စက္ကရာမင်းတူးကိုပို၍တန်ဖိုးထားအလေးထားကြမည်ဖြစ်သည်။ကိုယ်တော်မိန့်တော်မူသောငါ၏အသားကိုစား၍ငါ၏သွေးကိုသောက်သောသူသည်ထာဝရအသက်ကိုရ၏။ငါသည်လည်းထိုသူကိုနောက်ဆုံးသောနေ့၌ရှင်ပြန်ထမြောက်စေမည်။ဟူသောနှုတ်ကပါတ်တော်ကိုယုံကြည်သောသူသည်မစ္ဆားတရားတော်မြတ်၌ဝှက်ထားသောရတနာကိုတွေ့ရှိသူဖြစ်သည်။ကိုယ်တော်မြတ်စက္ကရာမင်းတူးကိုတန်ဖိုးထားသောသူသည်အရာအလုံးထက်မစ္ဆားတရားတော်မြတ်ကိုဦးထိပ်ထားအရေးတစ်ယူလုပ်ပြီးအခြားစက္ကရာမင်းတူးများကိုလည်းတန်ဖိုးထားသောသူအဖြစ်အသက်ရှင်သောသူဖြစ်လာပါလိမ့်မည်။လူအများစုသည်ဘုရားကျောင်းတက်မစ္ဆားတရားနာခြင်း၏တန်ဖိုးကိုနားမလည်၊မသိရှိသေးသောကြောင့်သာဘုရားကျောင်းတက်ရမှာကိုပျင်းရိခြင်း၊မေ့လျှော့ခြင်းနှင့်အချိန်မပေးချင်ကြခြင်းဖြစ်ကြသည်။မစ္ဆားတရားတော်မြတ်ကိုတန်ဖိုးထားသောကက်သလစ်များဖြစ်နိုင်ကြပါစေ။

Daily Reflection