ဇူလိုင်လ ၂၉ ရက် St. Martha ပွဲနေ့
၁၇ ကြိမ်မြောက် သာမန် သောကြာနေ့ ၂၀၂၂
ပထမကျမ်း။ ယေရမိ ၂၆း ၁-၉
ဧဝံဂေလိကျမ်း။ ရှင်မာတေဦး ၁၃း ၅၄း ၅၈
ဖာသာရ်စောကော့ကော်(SJ)
Posted by Sr.Sabina Hla Yee Win, ISR
များစွာသောဂျူးလူမျိုးတို့သည်မာဿနှင့်မာရိယာတို့အားသူတို့၏မောင်အတွက်အားပေးနှစ်သိမ့်ရန်လာကြ၏။မာဿသည်ယေဇူးကြွလာတော်မူကြောင်းကိုကြားရလျှင်သွား၍ကိုယ်တော့်ကိုကြိုဆိုလေ၏။ထိုအချိန်၌မာရိယာသည်အိမ်တွင်ထိုင်လျက်ရှိ၏။မာဿကယေဇူးအားသခင်ဘုရား၊ဤနေရာ၌ကိုယ်တော်ရှိခဲ့ပါလျှင်ကျွန်မ၏မောင်သည်သေရလိမ့်မည်မဟုတ်ပါ။သို့ရာတွင်ယခုလည်းဘုရားသခင်ထံတော်၌ကိုယ်တော်တောင်းသမျှကိုဘုရားသခင်သည်ပေးတော်မူမည်ဖြစ်ကြောင်းကျွန်မသိပါသည်ဟုလျှောက်လေ၏။
ယေဇူးကသင်၏မောင်သည်ပြန်ရှင်လိမ့်မည်ဟုသူမအားမိန့်တော်မူ၏။မာဿကရှင်ပြန်ထမြောက်ရာနောက်ဆုံသောနေ့ရက်၌သူသည်လည်းတစ်ဖန်ရှင်ပြန်ထမြောက်လိမ့်မည်ကိုကျွန်မသိပါ၏ဟုကိုယ်တော်အားလျှောက်၏။ယေဇူးကလည်းသူမအားမိန့်တော်မူသည်ကားငါသည်ရှင်ပြန်ထမြောက်ခြင်းဖြစ်၏။အသက်လည်းဖြစ်၏။ငါ့ကိုယုံကြည်သော သူသည်သေပြီးသော်လည်းအသက်ရှင်လိမ့်မည်။အသက်ရှင်၍ငါ့ကိုယုံကြည်သောသူတိုင်းသည်လည်းမည်သည့်အခါမျှသေရလိမ့်မည်မဟုတ်။ဤအချက်ကိုသင်ယုံကြည်ပါသလောဟုမေးတော်မူ၏။သူမကယုံကြည်ပါသည်၊သခင်။ ကိုယ်တော်သည်ဤလောကသို့ကြွလာတော်မူသောဘုရား၏သားတော်ခရစ်တော်သခင်ဖြစ်တော်မူကြောင်းကိုကျွန်မယုံကြည်ပါသည်ဟုဖြေကြားလေ၏။
***ထောက်ရှုချက်***
ယေရမိကလူတို့သည်ဘုရားစကားကိုနားမထောင်ဘဲနောင်တမရကြလျင်ဗိမာန်တော်သည်ဖြိုပျက်ခြင်းခံရလိမ့်မည်ကိုကြိုတင်နမိတ်ဖတ်ပြောဆိုသည်အခါလူတွေသူ့ကိုလက်မခံဘဲသူကိုပါသတ်ကြလိမ့်မည်ကိုသိသိကြီးနှင့်ပင်ဘုရားသခင်ကိုသာနာခံပြီးပရောဖက်ပြုပြောဆိုခဲ့သည်။သခင်ယေဇူးသည်ကိုယ်တော်၏မွေးရပ်မြေ၌လူတွေရဲ့လေးစားမှုကိုမခံရမည်ကိုသိသော်လည်းဘုရားသခင်ကိုနာခံပြီးသွားရောက်ခဲ့သည်။ကျွန်ုပ်တို့သည်လည်းသခင်ယေဇူးအကြောင်းကိုလူအများအားဟောပြောသွန်သင်လျှင်မကြိုက်သောသူများကပြဿနာရှာဒုက္ခပေးနိုင်သည်ကိုသိကြသည်။
ထို့ကြောင့်ကျွန်ုပ်တို့ကကောဘာတွေလုပ်ကြမလဲ။အခက်အခဲကိုမမှုဘဲသခင်ယေဇူးအကြောင်းကိုဟောပြောသက်သေခံနေကြမလား။
ကက်သလစ်အသင်းတော်ထဲတွင်များစွာသောရဟန္တာသူတော်သူမြတ်များ၏ကိုယ်ကျင့်တရားဖြောင့်မတ်ခြင်းဖြင့်ယုံကြည်ခြင်းကိုကာကွယ်ကာမိမိအသက်ကိုပင်ပေးဆပ်ရဲသောဓမ္မအာဇာနည်များ၏သက်သေခံမှုများရှိနေခြင်းသည်ကျွန်ုပ်တို့အတွက်အတုယူစရာများပင်ဖြစ်သည်။ဘုရားသခင်၏ခေါ်တော်မူခြင်းသည်ကျွန်ုပ်တို့ကိုရဲရင့်ခြင်းခွန်အားကိုဖြစ်စေသည်။အကြောင်းမူကားဘုရားသခင်သည်ကျွန်ုပ်တို့အားကြောက်ရွံ့စိတ်ကိုမပေးဘဲစွမ်းအားတန်ခိုး၊ချစ်ခြင်းမေတ္တာနှင့်မိမိကိုယ်ကိုထိန်းချုပ်နိုင်ခြင်းစသောစိတ်တို့ကိုသာပေးတော်မူသောကြောင့်တည်း။(၂တီမောသေ၁း၇)ကျွန်ုပ်တို့သည်ရဲရင့်ခြင်းစိတ်ကိုရရှိရန်ဆုတောင်းကြကာကျွန်ုပ်တို့ဟောပြောရန်ဝတ္တရားရှိသည့်အတိုင်းဧဝံဂေလိသတင်းကောင်းကိုရဲဝံ့စွာဟောပြောနိုင်မည်ဖြစ်သည်။
ဒီကနေ့ကျင်းပသောစိန့်မာဿ၏ပုံသက်သေကိုကျွန်ုပ်တို့အတုယူကျင့်ကြံခြင်းဖြင့်လည်းဧဝံဂေလိသတင်းကောင်းကို ကျွန်ုပ်တို့ရဲဝံ့စွာသက်သေခံကြပါစို့။မဿသည်သခင်ယေဇူးကိုလှိုက်လှဲစွာကြိုဆို၍ဧည့်ဝတ်ပျူငှာစွာပြုစုသောသူအဖြစ်ကျွန်ုပ်ကြားသိရသည်။သူမသည်များစွာသောကောင်းမှုအလုပ်များဖြင့်ဘုရားသခင်ကိုအစေခံပြီးငြိမ်သက်ခြင်းကိုရှာဖွေခဲ့သူဖြစ်သည်။သူမသည်ကိုယ်တော်ရှင်ကိုသိမှတ်ယုံကြည်သူတစ်ဦးဖြစ်ခဲ့သည်။ကျွန်ုပ်တို့သည်လည်းအမြဲတစေမာဿကဲ့သို့စိတ်ထားကိုမွေးမြူကာကျွန်ုပ်တို့နှင့်နီးစပ်သူများထဲတွင်အငယ်ဆုံးသောသူများကိုနွေးထွေးပျူငှာစွာကြိုဆိုဧည့်ဝတ်ပြုအစေခံနိုင်ခြင်းဖြင့်ကျွန်ုပ်တို့သည်သခင်ယေဇူးကိုမိမိဘဝ၌ထိုသူများကိုပြုစုခြင်းဖြင့်မိမိတို့မိမိတို့၏ငြိမ်သက်ခြင်းကိုရှာတွေ့သောသူများဖြစ်ကြအောင်ကြိုးစားသွားကြပါစို့။