Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-07-31 09:28:59
August 1st 2022, Monday
မာတေးဦး ( ၁၄း ၁၃-၂၁)
Sr. FRANCISCA POLO OP
Posted by Sr.Sabina Hla Yee Win,ISR

ဒီကနေ့ပထမကျမ်းစာတော်မြတ်မှာပရောဖက်ယေရမိနဲ့မှားယွင်းစွာလူ့အကြိုက်လိုက်သည့်ပရောဖက်ဟာနနိအကြောင်းကြားနာရပါတယ်။အမှန်တရားဆိုတဲ့ခေါင်းစဉ်ကြီးကအလွန်ခက်ခဲပါတယ်။တခါတရံလူတွေလက်ခံကျင့်သုံးကြပေမယ့်အမှန်မဟုတ်ပါ။တခါတရံလူတွေငြင်းဆန်ထားကြပေမယ့်အမှန်တရားဖြစ်နေတတ်ပြန်ပါတယ်။လက်ခံကျင့်သုံးတာတွေဟာအမှန်တရားဆိုလျှင်အကောင်းဆုံးပါ။ဒီကနေ့ရဲ့ပထမကျမ်းကလိုပေါ့အများကလက်ခံ၊အရာရာအဆင်ပြေတယ်လို့ထင်ရသူကလူ့အကြိုက်လိုက်တဲ့ပရောဖက်အတုဖြစ်နေပြီး၊လူတွေရဲ့လျစ်လျူရှုကဲ့ရဲ့မထီမဲ့မြင်ပြုခံရသူကတော့ပရောဖက်အစစ်ဖြစ်နေခဲ့ပါတယ်။

 

မိမိရဲ့ဘဝကရောစစ်မှန်ရဲ့လား?***မိမိရဲ့ခေါ်တော်မူခြင်းအသက်တာကရောစစ်မှန်စွာရှင်သန်နေရဲ့လား?ဆိုပြီးမိမိကိုယ်ကိုဆန်းစစ်သင့်ပါတယ်။ဘုရားသခင်ကစစ်မှန်တာကိုနှစ်သက်တယ်ဘာလို့လည်းဆိုတော့သူဟာစစ်မှန်တဲ့ဘုရားမို့ပါ။“သူတို့စားစရာအဖို့သင်တို့ပေးကြလော့”

 

      ဧဝံဂေလိတရားတော်မြတ်မှာသခင်ယေဇူးရဲ့တပည့်တော်တွေဟာလူတွေအတွက်စားစရာ အဖို့ပူပန်သောကရောက်ကြတယ်။သခင်ယေဇူးရဲ့ပြုခဲ့တဲ့အာနုဘော်တွေတွေ့ကြုံလာပေမဲ့တစ်ခုခုကိုရင်ဆိုင်ရတဲ့အခါကိုယ့်ရဲ့အားနည်းတဲ့ခွန်အား၊အစွမ်းအစနဲ့ပဲဆုံးဖြတ်ကြတယ်၊လုပ်ဆောင်ကြတယ်။ဒါကြောင့်အခုလည်းပဲမိမိတို့မှာမရှိတဲ့အစားအစာကိုအဝေးမှာသွားရှာကြဖို့စေလွတ်ဖို့အတွက်တပည့်တော်တွေဟာသခင်ယေဇူးထံတောင်းဆိုကြတယ်။ကျွန်ုပ်တို့တစ်ဦးချင်းစီလည်းအလားတူစွာပဲလူတွေအတွက်အကျိုးပြုလုပ်ငန်းတွေလုပ်ဆောင်ရမယ့်အချိန်၊ဘဝမှာစိန်ခေါ်မှုတွေရင်ဆိုင်ရတဲ့အချိန်တွေမှာအာနုဘော်တန်ခိုးတော်ရှင်ကိုမေ့တတ်ကြပြီးမိမိရဲ့စိုးရိမ်စိတ်နဲ့သာသောကရောက်နေတတ်ကြတယ်။ကျွန်ုပ်တို့နေ့စဉ်ကြုံတွေ့နေရတဲ့အတွေ့အကြုံအားလုံးဟာဒီကနေ့သခင်ခရစ်တော်အာနုဘော်ပြုခဲ့တဲ့မုန့်ငါးလုံးလိုပါပဲ။အဓိကကတော့မိမိစွမ်းအား၊ခွန်အားတွေကိုခရစ်တော်ထံပူဇော်အပ်နှံဖို့ကလိုအပ်တယ်၊အရေးကြီးပါတယ်။ခရစ်တော်ကိုယ်တိုင်ကကောင်းသောပုံသက်သေပြခဲ့ပါတယ်။မုန့်ငါးလုံးနှင့်ငါးနှစ်ကောင်ကိုယူ၍ကောင်းကင်သို့ကြည့်မျှော်လျှက်ကျေးဇူးတော်ကိုချီးမွမ်းပြီးမှမုန့်နှင့်ငါးကိုဖဲ့၍တပည့်တော်တို့အားပေးတော်မူခဲ့ပါတယ်။တနေ့တာလုပ်ကိုင်ဆောင်ရွက်ရမည့်အရာအားလုံးကိုသခင့်ပုံသက်သေအတိုင်းကျွန်ုပ်တို့တစ်တွေလိုက်နာကျင့်ကြံကြပါစို့......

Daily Reflection