Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-03 05:18:29
August 4th 2022
(ရှင်မာတေးဉီး ၁၆း၁၃-၂၃)
Sr. ROSA MU MU LINN OP
Posted by Sr.Sabina Hla Yee Win, ISR

***ထောက်ရှုချက်***

 

သခင်ခရစ်တော်မေးတဲ့မေးခွန်းတွေတိုင်းဟာလူတွေအတွက်/သူ့နောက်လိုက်တပည့်တော်တွေအတွက်အမြဲစဉ်းစားတွေဝေစရာဖြစ်စေတာကတော့ငြင်းဆိုဖွယ်ရာမရှိပါပဲ။ချက်ချင်းပြန်လည်တုံံ့ပြန်ဖြေဆိုဖို့ခက်တယ်၊မေးခွန်းသတ်တယ်လို့ပဲဆိုရမလို။ဒီနေ့အဖို့နှုတ်တော်ထွက်စကားတော်မြတ်ထဲမှာလည်းလူတွေကသူ့ကိုဘယ်လိုပြောကြတာလဲ?နင်တို့အတွက်ရောငါဟာဘယ်သူလဲ?ဆိုတဲ့မေးခွန်းကိုခရစ်တော်ကသူ့နောက်လိုက်တပည့်တော်တွေကိုမေးမြန်းခဲ့ပါတယ်။သူဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာသူကိုယ်တော်တိုင်သိပါရဲ့နဲ့ဘာရည်ရွယ်ချက်နဲ့များတစ်ထူးတစ်ခြားမေးနေရသေးတာပါလဲ?လူတွေပေးလာမယ့်အဖြေကရောသူ့အတွက်အရမ်းကိုအရေးပါနေလို့လား?ဒါ့အပြင်လူ့ရဲ့စိတ်/အတွေးကိုသူကြိုတင်ဖတ်နိုင်တာပဲမဟုတ်လားဆိုတဲ့မေးခွန်းတွေကလည်းကျွန်ုပ်အတွက်ပြန်လည်တွေးတောဆင်ခြင်စရာတွေပါပဲ။

 

သမာဟောင်းကျမ်းမှာကတည်းကဘုရားသခင်ဟာသူကိုယ်တော်တိုင်မိမိမည်သူဖြစ်တယ်ဆိုတာလူသားတွေကိုနည်းအမျိုးမျိုးနဲ့ဖော်ြပခဲ့တယ်၊လူသားတွေပိုပြီးလက်ခံလာနိုင်အောင်လည်းလူ့အဖြစ်ကိုယူတယ်။ကားတိုင်ထက်မှာသူ့ရဲ့ချစ်သက်သေပြခဲ့ပါသေးတယ်။ပုံစံအမျိုးမျိုးနဲ့အချိန်ယူပြီးမိမိကိုယ်ကိုထုတ်ဖော်ြပသခြင်းဟာအခြားတစ်ဘက်မှာလူတွေရဲ့တဖြည်းဖြည်းသူ့အပေါ်သက်ဝင်ယုံကြည်လာမှုလိုအပ်ကြောင်း(သို့)လူသားတွေရဲ့လက်ခံနိုင်စွမ်းအားနည်းမှုကိုလေးစားအသိအမှတ်ပြုပေးတယ်ဆိုတာရယ်သူ့ရဲ့စိတ်ရှည်မှုကိုလည်းရည်ညွှန်းဖော်ဆောင်နေသလိုပါပဲ။ရှင်ပေတရုကတော့ အားလုံးထဲမှာခရစ်တော်လိုချင်တဲ့အဖြေကိုပေးနိုင်ခဲ့တဲ့သူဖြစ်မယ်လို့ယုံကြည်ပါတယ်။သင်ဟာကယ်တင်ရှင်(မယ်ဆီးယား)၊အသက်ရှင်တော်မူသောဘုရားရဲ့သားတော်ဖြစ်တယ်ဆိုပြီးတခြားသူတွေမထင်မှတ်ထားတဲ့အရာကိုပေတရုဟာဘုရားပေးတဲ့ဉာဏ်တော်နဲ့သူ့နှုတ်ခမ်းမှဖွင့်ဟပြောဆိုနိုင်ခဲ့ပါတယ်။

 

အကယ်၍များဘုရားသခင်ဟာသင့်အတွက်ဘယ်သူလဲ၊သင့်ရဲ့အတွေး/ဘဝမှာသူဘယ်လောက်ထိနေရာယူလွမ်းမိုးထားပြီလဲလို့ကျွန်ုပ်ကိုမေးခဲ့မယ်ဆိုရင်ဒီမေးခွန်းကိုမဖြေခင်မှာဦးဆုံးကတော့ဘုရားတပည့်တော်၏အပြစ်ကိုခွင့်လွတ်တော်မူပါလို့တောင်းပန်ရမယ့်အနေအထားပါပဲ။အကြောင်းရင်းကတော့ကျွန်ုပ်ရဲ့မရိုးနိုင်တဲ့မုသားစကားတွေကြောင့်ပါပဲ။အဆင်ပြေပြီးအာရုံကြည်လင်ခိုက်ငါ့ရဲ့ဖြစ်တည်မှုတစ်ခုလုံးထာဝရဘုရားရှင်ကိုချီးမွမ်းရှိခိုးဝတ်ပြုကိုးကွယ်ပါ၏၊ယုံကြည်ပါ၏၊ကိုယ်တော်ရှင်သာကျွန်ုပ်ဘဝရဲ့အရာအားလုံးအစရှိသဖြင့်ရေရွတ်နေလိုက်တာများတက်ကြွနေရောပဲ။သို့သော်အကြပ်အတည်း/ဒုက္ခ/မပြေလည်မှု/နှောင့်ယှက်ခြင်းနှင့်ရင်ဆိုင်ရသောအခိုက်အတန့်မှာကျွန်ုပ်၏ယုံကြည်ကိုးစားမှုဟာကျွန်ုပ်၏ကြွေးကြော်သံနှင့်ထပ်တူမဖြစ်နိုင်ခဲ့ဘူး။ဒါ့ကြောင့်ဘုရားရှင်အားနှုတ်အားဖြင့်အလွယ်တကူဝန်ခံပြောဆိုခြင်းသာမဟုတ်ဘဲနေ့စဉ်ဖြတ်သန်းရှင်သန်နေထိုင်ရသောကောင်းခြင်း/မကောင်းခြင်းနေ့ရက်တွေတိုင်းမှာဘုရားရှင်ဟာကျွန်ုပ်အတွက်မည်သူဖြစ်တယ်ဆိုတာသာမန်ထက်ကျော်လွန်တဲ့ဘဝ/လုပ်ဆောင်မှုတွေနဲ့သက်သေပြနိုင်တဲ့အသက်တာကိုပဲပိုင်ဆိုင်လိုပါတယ်။ ဒီအသက်တာကိုလည်းဘုရားရှင်ချစ်သောသားသမီးတိုင်းပိုင်ဆိုင်နိုင်ကြပါစေလို့စိန်ဂျွန်မေရီဗီရဲနေထံမှတစ်ဆင့်ထပ်ဆင့်ဆုတောင်းရင်း...

Daily Reflection