Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-05 08:56:54
August 6th, Saturday
ယေဇူးသခင်အဆင်းသန်ပြောင်းလဲခြင်းပွဲတော်
ရှင်လုကာ(၉း၂၈-၃၆)
Sr. ROSA MU MU LINN, OP
Posted by Sr.Sabina Hla Yee Win, ISR

ထောက်ရှုချက်။               

 

လူ့ဘဝအသက်တာမှာကောင်းခြင်း၊ဆိုးခြင်းဆိုတဲ့အခိုက်အတန့်ကိုတလှည့်စီကြုံကြိုက်ကြ ရတယ်။ကောင်းခြင်းတွေရောက်လာတယ်ဆိုရင်တောဒီအခြေအနေ/အချိန်ကိုလူတွေကဖမ်းဆုပ်ထားချင်တယ်၊မကုန်လွန်/မကုန်ဆုံးချင်ဘူး၊တဝကြီးကျေနပ်အောင်ခံစားချင်ကြတယ်။အကယ်၍ဆိုးခြင်းဆိုတဲ့ရှုံးနိမ့်မှုတွေ၊အထီးကျန်ဆန်မှုတွေ၊ဖိနှိပ့်ခံ/ခွဲခြားဆက်ဆံခံရတဲ့ချိန်တွေ၊ကိုယ့်ဘက်မှာမားမားမတ်မတ်ရပ်တည်ပေးမည့်သူမရှိတဲ့အချိန်၊ကိုယ့်ကိုလူတွေနေရာမပေး/အကြင်နာတရားမထားတဲ့အချိန်တွေဆိုရင်ဘဝဟာခါးသီးလိုက်တာပေါ့။ဒီအခိုက်ကိုဘဝရဲ့အမှောင်ကျချိန်လို့တောင်သတ်မှတ်ပြီးနောင်အခါများဒီလိုအဖြစ်မျိုးနဲ့မကြုံရပါစေလိုကြောင်းနှင့်အမြန်ဆုံးအဆုံးသတ်နိုင်သောအချိန်အခါကိုသာလိုလားတမ်းတကြတယ်။

 

ဒီကနေ့နှုတ်ကပါတ်တော်မှာလည်းရှင်ပေတရု၊ရှင်ယောဟန်နှင့်ရှင်ယာကုပ်တို့(၃)ဉီးဟာတောင်ပေါ်အရပ်မှာယေဇူးသခင်ဆုတောင်းချိန်သူ့ရဲ့မျက်နှာတော်အသွင်ပြောင်းလဲသွားပြီးအဝတ်တော်ဖြူဖွေးတောက်ပလာတဲ့ဘုရားသခင်ရဲ့ဘုန်းဂုဏ်တော်အရောင်အဝါ/အလှတရားကိုတွေ့မြင်ခဲ့ကြတယ်။ပွင့်လင်းရိုးသားတဲ့ပေတရုဟာ“ဤအရပ်သည်တပည့်တော်တို့အဖို့နေရန်အလွန်ကောင်းပါ၏”လို့တုံ့ပြန်ခဲ့တယ်။ပေတရုဟာဒီမင်္ဂလာရှိတဲ့နေရာ/အခိုက်အတန့်မှာပဲနေရတာကောင်းမြတ်တယ်၊အဆင်ပြေတယ်၊ဖြစ်နိုင်ရင်ဒီအချိန်ကိုမလွန်သွားစေချင်တဲ့သူ့ရဲ့ခံစားမှုဟာအထင်းသားတွေ့မြင်ရပါတယ်။အခြားတစ်ဘက်မှာဂျေရုဆလင်မှာဖြစ်လာမည့်ယေဇူးရဲ့ဒုက္ခစရိယာခံခြင်း/အသေခံခြင်းအကြောင်းကိုတော့ပေတရုအနေနဲ့လက်မခံနိုင်ခဲ့တာကိုလည်းတွေ့မြင်ခဲ့ကြရပါတယ်။သို့သော်ဒီအချိန်အခါကိုပေတရုအနေနဲ့တားဆီးနိုင်တဲ့အာဏာနဲ့တန်ခိုးစွမ်းအားမရှိခဲ့ပါဘူး။အရာအားလုံးဟာသူ့ဟာနဲ့သူ၊အချိန်နဲ့အခါနဲ့လည်ပတ်နေကြတယ်ဆိုတာနားလည်ဖို့တော့လိုအပ်တယ်။အဆင်ပြေတဲ့အရပ်မှာ၊မင်္ဂလာရှိတဲ့အရပ်မှာသာလူတွေရှင်သန်ချင်ကြတာဟာသဘာဝတရားပါ။

 

ထောက်ရှုစရာအချက်ကတော့ခရစ်တော်ဟာဘာကြောင့်သူ့ရဲ့ဒုက္ခစရိယာ/သေခြင်းတရားမတိုင်မီသူတပည့်တော်တွေကိုဘုရားရဲ့နိုင်ငံတော်/ဘုန်းဂုဏ်တော်ကြီးမြတ်မှုကိုမြည်းစမ်းစေခဲ့တာလဲ?အမှောင်/ခါးသီးမှု/ကြမ်းတမ်းမှုတွေကိုရင်ဆိုင်ဖြတ်သန်းပြီးမှပဲအလင်း/ပျော်ရွင်မှု/ပြည့်ဝစုံလင်မှုဆိုတာရောက်ရှိလာမယ်ဆိုတာကိုနားလည်နိုင်ဖို့မီးမှောင်းထိုးပြနေတာလား?မျှော်လင့်ချက်ပေးနေတာလား?ခွန်အားပေးနေတာလားဆိုတာလည်းတွေးစရာပါပဲ။ဒီကနေ့သခင်ယေဇူးရဲ့အဆင်းသန်ပြောင်းလဲခြင်းပွဲနေ့မှာဘုရားရဲ့အဆင်းသန်နဲ့အညီဖန်ဆင်းခံခဲ့ရကျွန်ုပ်တို့တတွေလည်းဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်တန်ဖိုးရှိပြီးလှပတဲ့လူ့ဂုဏ်သိက္ခာတရားအတိုင်းပြည့်ပြည့်ဝဝရှင်သန်နေထိုင်နိုင်ဖို့ရန်အတွက်နဲ့အပြစ်၊အတ္တဆန်မှု၊ကိုယ်ကျင့်တရားဖောက်ပြန်မှုတွေကြောင့်မူရင်းဘုရားပေးတဲ့ရွှေပုံသန်တော်/လူ့ဂုဏ်သိက္ခာကိုဆုံးရှုံးနေကြသူ၊ပိုင်ဆိုင်ခွင့်မရတဲ့ကျွန်ုပ်တို့ရဲ့ညီအစ်ကိုမောင်နှမတွေဟာလည်းကျွန်ုပ်တို့ရဲ့ပတ်ဝန်းကျင်မှာအများအပြားပါပဲ။သူတို့အတွက်လည်းအမှတ်ရဆုတောင်းပေးရင်းနည်းလမ်းတခုခုဖြင့်လက်တွဲကူညီကြပါစို့....

Daily Reflection