Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-01-03 06:52:13
#4 January 2021 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်မာတေဦး ၄း ၁၂-၁၇၊ ၂၃-၂၅)
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)
Posted by M.Sulatthtwe

”မှောင်မိုက်တွင် ရှိနေကြသောလူတို့သည် ကြီးစွာသောအလင်းကို မြင်ကြရပြီ။(Mt 4: 16)“

ခရစ်တော်သခင်သည် လူသားအားလုံးတို့၏ အလင်းဖြစ်သည်။ ကျွန်ုပ်တို့သည် အာဒံနှင့်ဧဝ၏ မိဘရင်းအပြစ်ကြောင့် ကောင်းကင်တံခါး ပိတ်သွားသော်လည်း ခရစ်တော်သခင် ကယ်ချွတ်ရှင်၏ အသွေးသွန်းလောင်းခြင်းအားဖြင့် မျှော်လင့်ချက်ရောင်ခြည် သန်းလာပြီး ကယ်တင်ခြင်းကိုခံကြရသည်။ မှောင်မိုက်သည့်အချိန် ခရီးသွားလာလျှင် သင့်လက်ထဲ၌ မီးအိမ်တစ်ခုကို ကိုင်ဆောင်ထားပါက သင်သည် လမ်းမှားသို့မရောက်ဘဲ သင်အလိုရှိရာအရပ်သို့ လွယ်ကူလျှင်မြန်စွာ သွားလာနိုင်မည်။ မြွေပါး၊ ကင်းပါး၊ ဘေးအန္တရာယ်များမှလည်း ကာကွယ်နိုင်ပါလိမ့်မည်။ ထို့ပြင် အလင်းရောင်၏ ထွန်းလင်းတောက်ပမှုသည် ကိုင်ဆောင်ထားသော သင့်ကိုလည်း ရောင်ပြန်ဟပ်စေမည်။ ထို့ကြောင့် ကျွန်ုပ်တို့အသက်တာ၌ ခရစ်တော်သခင်တည်းဟူသော အလင်းကို အမြဲတမ်း ကိုင်ဆောင်ထားကြပါစို့။ ကျွန်ုပ်တို့ ဒုက္ခအခက်အခဲရောက်ချိန်၊ ပူဆွေးရချိန်၊ ပြဿနာများကို ဖြေရှင်းနေရချိန်များတွင် ကိုယ်တော်ရှင်ထံ ခွန်အားများ တောင်းခံကြပါစို့။ အလင်းရှင်ယေဇူးကို ယုံကြည်စွာ အပ်နှံအားကိုးပါက ကောင်းကင်ရွှေပြည်တော်သို့ လုံခြုံစွာ ရောက်ရှိပါလိမ့်မည်။

အိုဘုရားသခင်၊ တပည့်တော်တို့သည် ကိုယ်တော့်ထံမှ အလင်းကို ခံယူရရှိကြသကဲ့သို့ သူတစ်ပါးတို့အားလည်း အလင်းပြပေးနိုင်သူများ ဖြစ်စေတော်မူပါ။ အာမင်။

 ခရစ်တော်သခင်၏အလင်းကျေးဇူးတော်၌

#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)

Daily Reflection