Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-06 07:24:26
19th week of Sunday in Ordinary Time
ရှင်လုကာ(၁၂း၃၅-၄ဝ),
Sr. DOMINICA OP
Posted by Sr. Sabina Hla Yee Win, ISR

ထောက်ရှုချက်။               

 

ကျွန်ုပ်တို့လူသားအယောက်စီတိုင်းကိုဘုရားရှင်ကလုံလောက်တဲ့အချိန်တွေ၊အခွင့်အရေးတွေကိုမျှတစွာ၊တူညီစွာပေးထားခဲ့ပါတယ်။သို့သော်ရှင်သန်ခြင်းအသက်တာမှာဘာကြောင့်ကွဲပြားခြားနားသွားကြရတာလဲ?ကိုယ်ကိုယ်တိုင်အချိန်ကိုအကျိုးရှိစွာအသုံးမချတတ်လို့ပဲလားဒါမှမဟုတ်တစ်စုံတစ်ရာရဲ့ထိန်းချုပ်မှုကြောင့်ဘဝမှာရှင်သန်ခွင့်လမ်းနဲ့ဝေးနေရတာလားဆိုတာမေးစရာမေးခွန်းတစ်ခုပါပဲ။ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာသခင်ခရစ်တော်ဟာသခင့်အပေါ်မှာသစ္စာရှိတဲ့အစေခံကောင်းတစ်ဦးရဲ့ပုံဉပမာကိုအသုံးပြုပြီးသူရဲ့တပည့်တော်တွေကိုမိမိကိုယ်ကိုအဆင်သင့်ရှိသူအဖြစ်အမြဲနေပါလို့သတိပေးခဲ့တယ်။ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက်လည်းသတိပေးခြင်းသို့မဟုတ်စိတ်ခေါ်မှုတစ်ခုလို့လည်းမှတ်ယူနိုင်ပါတယ်။သစ္စာရှိတဲ့အစေခံတစ်ယောက်ဟာသူ့သခင်ရဲ့ပြန်လာခြင်းကိုစိတ်ရှည်ခြင်းနဲ့စောင့်တယ်။နွေးထွေးစွာနဲ့ကြိုဆိုတယ်။အစေခံခြင်းအမှုကိုပြုတယ်။ညနက်နေပြီ၊နောက်ကျနေပြီဆိုတဲ့ဆင်ခြင်တွေပေးပြီးတာဝန်ပျက်ကွက်သူတွေမဟုတ်ကြဘူး။အလားတူစွာဘုရားသခင်ကသူ၏ချစ်သားသမီးတွေသူ့ရဲ့ပြန်လာခြင်းအချိန်ကိုပညာသတိရှိစွာနဲ့စောင့်စားစေလိုတယ်။လူသားတွေအနေနဲ့စောင့်နေရတယ်ဆိုတဲ့အလုပ်ဟာအခက်အခဲဆုံး၊မလုပ်ချင်ဆုံး၊စိတ်မရှည်ဆုံးသောအရာတစ်ခုဖြစ်တယ်။သို့သော်ဘုရားရှင်ကိုစောင့်စားရခြင်းဟာကျွန်ုပ်တို့အတွက်အချည်းအနှီးသက်သက်မဟုတ်ပါ။ကျွန်ုပ်တို့တစ်ဦးစီကိုတနေ့နေ့မှာပြန်လည်ခေါ်ဆောင်သွားပြီးသူနှင့်အတူကောင်းကင်ရွှေနိုင်ငံတော်မှာပျော်ရွင်စွာနဲ့ထာဝရစံမြန်းခွင့်ကိုပေးမှာဖြစ်တယ်။ဒါဟာလူသားအားလုံးအတွက်သူ့ရဲ့ခိုင်မာတဲ့ကတိတော်ပါပဲ။ဒီဆုလာဒ်ကြီးကိုအဘယ်သူကငြင်းနိုင်ပါအုံးမလဲ?

 

ထောက်ရှုတွေးတောစရာအနေဖြင့်ဘုရားရှင်ရဲ့မျက်မှောက်တော်မှာကျွန်ုပ်ဟာဘယ်လိုလူစားမျိုးလဲ?အမြဲတမ်းနိုးကြားတက်ကြွအဆင်သင့်ဖြစ်နေသူလားသို့မဟုတ်လုပ်သင့်လုပ်ထိုက်တာကိုသိပါလျက်နဲ့အမြဲတမ်းအချိန်တွေဖြုန်းတီးနေတတ်သူလား၊ဆင်ခြေပေးမှုတွေနဲ့ရှောင်ဖယ်နေတတ်သူလား?ယခုသခင်ခရစ်တော်ကိုသင့်ဘဝထဲကိုကြိုဆိုလက်ခံဖို့အတွက်ဆိုရင်သင်ဘာလုပ်ရမှာလဲ/ဘာလုပ်သင့်ပြီလဲ?

Daily Reflection