Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-09 08:53:55
10.8.2022
ပထမကျမ်း။ ။ ၂ ကော် ၉: ၆-၁၀
ဧဝံဂလိကျမ်း။ ။ ယောဟန် ၁၂: ၂၄-၂၆
Bro. John Theresan O.P
Posted by Sr.Sabina Hla Yee Win,ISR

ထောက်ရှုချက်

 

ဤနေ့သည်သာသနာတော်ကြီးမှဆင်းရဲသားများကိုအထူးကာကွယ်စောင့်သူစိန့်လောရင်းစ်ပွဲနေ့ကိုဂုဏ်ပြုကျင်းပသောနေ့ဖြစ်သည်။စိန့်လောရင့်စ်၏ဘဝအကြောင်းကိုလေ့လာကြည့်သည့်အခါယနေ့ထောက်ရှုရမည့်နှုတ်တော်ထွက်စကားနှင့်ကိုက်ညီသောအချက်သုံးချက်ရှိသည်ကိုတွေ့ရှိရသည်။ပထမအချက်။မြေပေါ်၌ကျသောမျိုးစေ့သည်မသေမပျက်ဘဲရှိသော်၎င်းသည်တစ်စေ့တည်းအဖြစ်ဆက်လက်တည်ရှိပြီးသေကျေပျက်စီးလျှင်မူကားများစွာသောအသီးတို့ကိုသီးစေတတ်၏။ထိုကျမ်းပိုဒ်လေးသည်ခရစ်တော်ကိုသာရည်ညွှန်းထားသည်ထင်ရသော်လည်းစိန်လောရင့်နှင့်အခြားသောဓမ္မအာဇာနည်အပေါင်းတို့သည်လည်းမိမိတို့၏ယုံကြည်ခြင်းအတွက်မိမိတို့အသက်ကိုရဲရဲဝံ့ဝံ့စတေးခံခဲ့ကြခြင်းကြောင့်ထိုကျမ်းပိုဒ်သည်ပိုမိုထင်ပေါ်ကျော်ကြားလာခဲ့သည်။စိန့်လောရင်းစ်နှင့်ရှေးဦးထောင်ပေါင်းများစွာသောခရစ်ယာန်အပေါင်းတို့သည်လည်းမိမိတို့၏ယုံကြည်ခြင်းကိုအနက်ရှိုင်းဆုံးသောနှလုံးသားထဲတစ်နေရာ၌သိမ်းဆည်းထားပြီးယုံကြည်ခြင်းအတွက်မြေကြီးပေါ်သွေးမြေခသည်အထိအသက်ကိုပေးခဲ့ကြလေသည်။ဤကဲ့သို့မြေကြီးပေါ်သို့ကျခဲ့သည့်ဓမ္မအာဇာနည်တို့၏သွေးသည်မြေပေါ်၌ကျပြီးမပျက်စီးသောမျိုးစေ့မဟုတ်ပဲသေကျေပျက်စီးသောမျိုးစေ့နှင့်တူလေ၏။ထိုသို့သောမျိုးစေ့သည်မျှော်လင့်ထားသည်ထက်များစွာသောအသီးကိုသီးစေတတ်လေသည်။

 

ဒုတိယအချက်။မိမိအသက်ကိုချစ်သောသူသည်အသက်ကိုဆုံးရှုံးလိမ့်မည်။ဤလောက၌မိမိအသက်ကိုမုန်းသောသူသည်ထာဝရအသက်ကိုရလိမ့်မည်။စိန်လောရင်းစ်သည်မိမိ၏အသက်ကိုမုန်းတီးသည်ဟုမဆိုနိုင်သော်လည်းသူသည်မိမိအသက်ထက်ဆင်းရဲသားများကိုပို၍ချစ်ခဲ့သည်ဟုဆိုနိုင်ပါသည်။မိမိ၏အသက်ကိုမငဲ့ဘဲဆင်းရဲသားတို့၏ဘဝကိုခုခံကာကွယ်ပေးသည့်ရဟန္တာတစ်ပါးလည်းဖြစ်ခဲ့လေသည်။တစ်နေ့တွင်စိန်လောရင်းစ်သည်ဆင်းရဲသားများကိုဧကရာဇ်ဘုရင်မင်းဗာလေးရီယန်အားလက်ညိုးညွှန်ပြပြီးသူတို့သည်သာသာသနာတော်၏တန်ဖိုးအရှိဆုံးသောရတနာများဖြစ်သည်ဟုထွက်ဆိုရင်းထိုသို့သောရပ်တည်ချက်အတွက်အသတ်ခံခဲ့ရလေသည်။နောင်တစ်ချိန်တွင်ခရစ်ယာန်ဧကရာဇ်မင်းကွန်စတန်တင်းသည်စိန်လောရင်းစ်၏သန့်ရှင်းဖြူစင်ခြင်းကိုလေးစားဂုဏ်ပြုအားဖြင့်စိန်လောရစ်၏အုတ်ဂူပေါ်တွင်ခမ်းနားထည်ဝါလှသည့်ဘုရားကျောင်းတောကြီးတစ်ဆောင်ကိုတည်ဆောက်ခဲ့လေသည်။သာသနာတော်ကြီးသည်လည်းမိမိ၏အသက်ကိုသာသနာတော်အတွက်ပေးခဲ့သောဓမ္မအာဇာနည်စိန့်လောရင်းစ်သည်ကောင်းကင်နိုင်ငံတော်၌ခရစ်တော်နှင့်အတူထာဝရအသက်ရရှိကြောင်းလက်ခံယုံကြည်လေ၏။

 

သတိယအချက်။ငါ၏အမှုတော်ကိုထမ်းဆောင်လျှင်ငါ့နောက်သို့လိုက်ရမည်။ငါရှိရာအရပ်၌လည်းငါ၏အစေခံရှိလိမ့်မည်။တစ်နေ့သောစိန်လောရင်းစ်၏ပွဲနေ့၌စိန်သြဂုတ်စတင်းကဤသို့တရားဟောလေ၏။“သူ့ဘဝ၌ခရစ်တော်ကိုချစ်ခဲ့သည်။ခရစ်တော်၏ခြေရာတော်ကိုလိုက်ရင်းအသက်စတေးခြင်းခံခဲ့ရလေသည်။”စိန်ပီတာကလည်းသူ၏သြဝါဒပထမစောင်(၂း၂၁)တွင်“ခရစ်တော်သည်ငါတို့အတွက်ဒုက္ခခံတော်မူသည်ဖြစ်၍ခြေတော်ရာကိုလိုက်လျှောက်စေခြင်းငှာပုံသက်သေကိုထားတော်မူပြီ”။ခရစ်တော်ရှိသည့်အရပ်တွင်စိန်လောရင်းစ်ရှိကြောင်းကိုဤကျမ်းပိုဒ်ကပေါ်လွင်ထင်ရှားစေသည်။ကျွန်ုပ်တို့သည်လည်းခရစ်တော်၏ခြေရာတော်ကိုလိုက်မည်ဆိုလျှင်ခရစ်တော်သည်ကျွန်ုပ်တို့နှင့်အတူရှိပါလိမ့်မည်။ဆိုလိုသည်မှာခရစ်တော်နှင့်အတူဒုက္ခခံယူခြင်း၊ခရစ်တော်နှင့်အတူအသေခံခြင်းနှင့်ခရစ်တော်နှင့်အတူရှင်ပြန်ထမြောက်ပြီးသူနှင့်အတူထာဝရအသက်စံစားရပါလိမ့်မည်။ယုံကြည်သူအပေါင်းတို့...ယနေ့ခေတ်လူသားတို့သည်စည်းစိမ်ကိုသာလိုက်စားပြီးမိမိအတွက်ရနိုင်သမျှစုဆောင်းထားရမည်ဟုသောအသိစိတ်ဖြင့်သာအသက်ရှင်နေထိုင်ကြသည်။ထို့ကြောင့်သူတို့အတွက်စွန့်လွတ်၊ပေးကမ်းလိုသောဆန္ဒအလျင်းမရှိကြပေ။သာသနာတော်သည်ပေးကမ်းခြင်းတွင်စံပြုထိုက်သောစိန်လောရင်းစ်၏ပွဲနေ့ကိုကျင်းပခြင်းအားဖြင့်ဤသူတော်စင်ကဲ့သို့စွန့်လွတ်ပေးဆပ်တတ်ရန်ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေသည်။မိမိ၏အသက်ကိုပဓာနမထားဘဲဘုရားအတွက်ပေးကမ်းစွန့်ကြဲသောသူသည်ဘုရားသခင်ကကြီးမြတ်သောဆုလဒ်ကိုပေးတော်မူလိမ့်မည်။ချစ်လှစွာသောမိတ်ဆွအပေါင်းတို့...မမြဲသောလောစည်းစိမ်ဥစ္စာကိုစုဆောင်းခြင်းမပြုပဲဝေမျှပေးကမ်းခြင်းအားဖြင့်စိန်လောရင်းစ်ကဲ့သို့ကောင်းကင်နိုင်ငံတော်၌စည်းစိမ်ဘဏ္ဍာကိုစုဆောင်းကြပါစို့။

Daily Reflection