Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-11 10:02:54
12 th of August, 2022
ပထမကျမ်း- ယေဇကျေလအနာဂတ်တိကျမ်း ၁၆း၁-၁၅,၆၀,၆၃
ဧဝံဂေလိကျမ်း ရှင်မာတေးဦး ရှင်မာတေဦး ( ၁၉း ၃-၁၂ )
Bro. Ephraim Nay Myo Thu, OP
Posted by Sr. Sabina Hla Yee Win, ISR

ထောက်ရှုချက်။ ။

 

ဘုရားရဲ့ကောင်းကင်နိုင်ငံတော်ကိုပြန်ဝင်စားဖို့အတွက်ဘုရားသခင်ဟာကျွန်တော်တို့ကိုလွတ်လပ်စွာရွေးချယ်ခွင့်ပေးထားခဲ့တယ်။ဒီအခွင့်အရေးကဘာလဲကျွန်တော်တို့လူ့လောကမှာနေရတဲ့အချိန်ခဏလေးအတွင်းမှာဘုရားသခင်ရဲ့ခေါ်တော်မူခြင်းတွေဖြစ်တဲ့ကိုယ့်ရဲ့ဘဝကိုဘုရားဆီမှာလုံးလုံးလျားလျားဆက်ကပ်အပ်နှံတဲ့ရဟန်း၊သီလရှင် တို့ရဲ့ဘဝ၊လက်ထပ်ထိမ်းမြှားခြင်းအမှုပြုပြီးအိမ်ထောင်သည်ဘဝနဲ့ဘုရားကိုအစေခံခြင်းစတဲ့ခေါ်တော်မူခြင်းအမျိုးမျိုးနဲ့ကျွန်တော်တို့ရွေးချယ်အသက်ရှင်နေထိုင်ကြပါတယ်။ရဟန်းသီလရှင်မဟုတ်တဲ့တစ်ချို့သောသာမာန်လူတွေဟာသူတို့ဘဝမှာလက်ထပ်တယ်ဆိုတာကိုအပျော်တစ်ခုအဖြစ်သတ်မှတ်ထားကြတယ်။ပြီးတော့လင်နဲ့မယား ကွာရှင်းပြတ်စဲတာလည်းအပျော်အပျက်တစ်ခုလိုဘဲသဘောထားကြတယ်။လက်ထပ်ထိမ်းမြားခြင်းကိုအလေးနက်မထားကြတာတွေ့ရတယ်။ဒါဟာတိုးတက်ပြောင်းလဲနေတဲ့ယနေ့ခေတ်သစ်ကြီးမှာပိုပြီးတော့ဖြစ်ပျက်နေတာကိုတွေ့ရတယ်။တကယ့်ပျော်ရွှင်မှုအစစ်အမှန်ကိုဘုရားဆီကလွှဲပြီးကျန်တဲ့ဖန်းဆင်းခံတွေဆီကမရနိုင်ပါဘူး။လင်နဲ့မယားကွာရှင်းပြတ်စဲ့တဲ့ကိစ္စဟာအခုမှမဟုတ်ပါဘူးသခင်ယေဇူးခေတ်ကတည်းကအငြင်းပွားမှုတွေရှိခဲ့တယ်။ဒီကနေ့ဧဝံဂလိကျမ်းမှာသင်ယေဇူးဟာဒီကိစ္စနဲ့ပတ်သက်ပြီးဖာရီဇေဦးတွေကိုပြန်လည်ချေပပုံမှာတကယ်ဘဲရိုးရှင်းကောင်းမွန်လှပါတယ်။ရဟန်း၊သီလရှင်တို့ရဲ့ဘဝတွေဘဲမြင့်မြတ်တာမဟုတ်ဘူး။အိမ်ထောင်သည်ဘဝနဲ့ဘုရားကို အစေခံနေကြတဲ့သူတွေလည်းမြင့်မြတ်ပါတယ်။လက်ထပ်ထိမ်းမြှားခြင်းဆိုတာစက္ကရာမင်းတူး(၇)ပါးထဲကတစ်ပါးအပါအဝင်ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ပေါင်းဖက်ထားတဲ့အရာကိုဘယ်အရာ၊ဘယ်သူကမှခွဲခွာလို့ မရပါဘူး။ ဓမ္မဟောင်းကျမ်းမှာပ‌ရောဖက်မိုးဇက်ကကွာရှင်းပြတ်စဲခြင်းကိုလက်ခံခဲ့တယ်ဆိုတာကလူတွေရဲ့ခေါင်းမာမှု၊စိတ်နှလုံးခက်ထန်မှုကြောင့်ဖြစ်တယ်။ဟုတ်ပါတယ်၊တကယ့်လက်တွေ့ဘဝမှာတစ်ချို့သောအိမ်ထောင်သည်တွေဟာ သူတို့ရဲ့အိမ်ထောင်ရေးသက်တမ်းကိုအဆုံးထိမသွားနိုင်ကြပါဘူး။အချိန်ခဏလေးအတွင်းမှာသူတို့ရဲ့ဆက်ဆံရေးဟာပျက်စီးလာတယ်။လက်ထပ်ထိမ်းမြှားခြင်းအမှုပြုပြီးမှလင်နဲ့မယားဟာကိုယ်စီကိုယ့်လမ်းကိုပြန်လျှောက်ကြတယ်။ဒါဟာလုံးဝမဖြစ်သင့်တဲ့အရာတစ်ခုပါ။ဘာကြောင့်လဲဆိုတော့ရှင်မာတေဦး(၁၉း၅-၆)မှာ“ယောင်္ကျားသည် မိမိ၏မိဘတို့ကိုစွန့်ခွာ၍မိမိ၏ဇနီးနှင့်ပေါင်းသင်းနေထိုင်ရမည်။ထိုအခါထိုသူနှစ်ဦးတို့သည်တစ်သားတစ်ကိုယ်တည်းဖြစ်ကြရလိမ့်မည်။သူတို့သည်နှစ်ဦးမဟုတ်တော့ဘဲတစ်ဦးတည်းဖြစ်၏။”ဟုသခင်ခရစ်တော်မိန့်ကြားထားပါတယ်။ ကိုယ့်ရဲ့“Spouse” ကြင်ရာဖက်တစ်ယောက်ကအကျင့်အလွန်ပျက်ပြားနေလို့သူ့ကိုကွာရှင်းပြတ်စဲတာက လွှဲပြီးတစ်ခြားဘယ်အကြောင်းအရာကြောင့်ကွာရှင်းပြတ်စဲခွင့်မရှိပါဘူး။ဒါကိုရှင်မာတေဦး(၁၉း၉)မှာဖော်ပြထားကိုလည်းတွေ့ရပါတယ်။ဒီကနေ့အဖို့ကျွန်တော်တို့ပြန်လည်စဥ်းစားထောင့်ရှုရမယ့်အချက်က“တကယ်လို့ငါဟာဘုရားရဲ့ခေါ်တော်မူခြင်းလမ်းစဥ်တွေထဲကအိမ်ထောင်သည်ဘဝကိုရွေးချယ်ထားသူတစ်ယောက်အနေနဲ့ဒီဘဝနဲ့ဆက်စပ်တဲ့ဥပဒေတွေစောင့်ထိန်းခဲ့လား၊မိဘဝတ္တရားတွေကျေပွန်ပြီလား။ဒါမှမဟုတ်သူတော်စင်ရဟန်း၊သီလရှင်ဘဝကိုရွေးချယ်ထားရင်ဒီဘဝနဲ့ကိုက်ညီတဲ့ကျင့်စဥ်ကိုကျင့်နေရဲ့လား”ဆိုတာကိုပြန်လည်ထောင့်ရှုရင်း ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့အိမ်ထောင်သည်ဘဝနဲ့ဘုရားကိုအစေခံတဲ့သူတွေအတွက်ကောရဟန်း၊သီလရှင်ဘဝနဲ့ကိုယ့်ဘဝကိုအများအတွက်ပေးလှူထားတဲ့သူတော်စင်တွေအတွက်ပါအထူးသတိယဆုတောင်းပေးကြပါစို့။

Daily Reflection