Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-14 05:25:23

15th August 2022

ဧဝံဂေလိကျမ်း မာတေးဦး ၁၉း၁၆-၂၂

Bro. Saw Neri, OP

Posted by Sr Sabina Hla Yee Win, ISR 

 

 

 

 

 

ထောက်ရှုချက်

ဓမ္မဟောင်းကျမ်းထဲမှာဂျူးတွေကပစ္စည်း၊ဥစ္စာကြွယ်ဝခြင်းဟာဘုရားရဲ့ကောင်းချီးလို့လက်ခံယုံကြည်ကြတယ်။တရုတ်စကားပုံတစ်ခုမှာတော့“ဆင်းရဲခြင်းဟာမကောင်းမှုတွေကိုဖြစ်စေတဲ့အကြောင်းအရင်းပဲ”လို့ဆိုကြပါတယ်။ဂျူးတွေအတွက်ချမ်းသာခြင်းကကောင်းတယ်။တရုတ်လူမျိုးအတွက် ဆင်းရဲကမကောင်းဘူးလို့ မြင်ကြတယ်။ကျွန်တော်တို့အမြင်မှာကပစ္စည်း၊ ဥစ္စာကြွယ်ဝခြင်းက မကောင်းတဲ့အရာလို့မြင်ကြတယ်။တကယ်တော့ဥစ္စာကြွယ်ဝခြင်း၊ငွေကြေးချမ်းသာခြင်းဟာမကောင်းမှုမဟုတ်ပါဘူး။ပစ္စည်း၊ဥစ္စာတွေဟာမကောင်းမှုမဟုတ်ဘူး၊ဘုရားဖန်ဆင်းကတည်းကသူ့နေရာနဲ့သူကောင်းကြတယ်။မှန်ကန်စွာအသုံးမပြုတဲ့အတွက်မကောင်းမှုဖြစ်သွားတာပါ။ငွေကြေး၊ပစ္စည်း၊ဥစ္စာတွေများစွာပိုင်ဆိုင်လာတဲ့အခါဘုရားကိုမမှီခိုချင်တော့ဘူး။မာန်မာနတက်လာပြီးမှန်ကန်စွာအသုံးမပြုဘူးဆိုရင်အပြစ်ထဲကျရောက်ဖို့လမ်းစပဲဖြစ်တယ်။ဆင်းရဲတဲ့သူတိုင်းဟာလည်းနှိမ့်ချတယ်ကောင်းတယ်လို့မဆိုလိုနိုင်သလို၊ချမ်းသာတဲ့သူတိုင်းဟာလည်းမာန်မာနအမြဲထောင်လွှားတာလည်းမဟုတ်ပါဘူး။ဆင်းရဲတဲ့သူတွေဟာသူတို့ရဲ့ဆင်းရဲတဲ့အခြေအနေကိုသတိထားမိတဲ့အတွက်ကြောင့်ဘုရားရဲ့အကူအညီကိုမှီခိုကြတယ်။ဒါပေမယ့်ချမ်းသာတဲ့သူတွေဟာလိုချင်တာတော်တော်များများကိုရတဲ့အတွက်ဘုရားရဲ့အကူအညီမလိုအပ်ဘူးလို့ထင်ကြတယ်။ဆင်းရဲတဲ့အချိန်ပဲဖြစ်ဖြစ်၊ချမ်းသာတဲ့အချိန်ပဲဖြစ်ဖြစ်ဘုရားကိုမမေ့ဖို့ဘဲလိုအပ်တာပါ။

ဒီကနေ့ဧဝံဂလိကျမ်းထဲမှာသခင်ယေဇူးကလူငယ်လေးကိုရှိသမျှပစ္စည်း၊ဥစ္စာတွေရောင်းပြီးသူ့နောက်ကိုလိုက်ဖို့ပြောတဲ့အခါမှာဝမ်းနည်းစွာနဲ့ပဲပြန်လှည့်သွားခဲ့တယ်။တကယ်တော့သခင်ယေဇူးက လူငယ်လေးရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုရောင်းခိုင်းတာ၊မရောင်းခိုင်းတာထက်ဘုရားအပေါ်ကိုလုံးလုံးလျားလျားအပ်နှံဖို့သူအလိုပိုရှိတယ်။သခင်ယေဇူးကကျွန်တော်တို့ကိုပစ္စည်း၊ဥစ္စာရဲ့ကျွေးကျွန်မဖြစ်စေဖို့၊ရင့်ကျက်စေဖို့နဲ့လျှောက်တဲ့လမ်းမှာဝန်တွေပေါ့ပါးစေဖို့သူအလိုရှိတယ်။

ရဟန်းသူတော်စင်ဘောင်ဝင်တွေအားလုံးဟာလည်းဤလူငယ်နဲ့တူတယ်။စည်းမျဉ်းဥပဒေတွေကိုလိုက်နာနိုင်ရုံနဲ့မပြီးသေးဘူး။ကိုယ်ရဲ့ခေါ်တော်မူခြင်းအပေါ်သစ္စာတည်ကြည်ပြီးကိုယ့်သိုးစုအတွက်၊ဘုရားအတွက်ကိုယ့်ကိုယ်ကိုလုံးလုံးလျားလျား၊လိုလိုလားလားအပ်နှံပူဇော်ပြီးအစွမ်းအစရှိသမျှ၊ခွန်အားရှိသမျှပေးတတ်ဖို့လည်းလိုအပ်တယ်။အိမ်ထောင်သည်များလည်းငွေရေးကြေးရေးကြွယ်ဝခြင်းထက်သားသမီးတွေအပေါ်တာဝန်မပျက်ကွက်ဖို့ကပိုအရေးကြီးတယ်၊ကြင်ရာဖက်တစ်ဦးပေါ်တစ်ဦးသစ္စာရှိရှိပေါင်းသင်းနေထိုင်ပြီးကိုယ့်ကြင်ရာဖက်ရဲ့လိုအပ်မှုတွေကိုကြိုးစားဖြည့်ဆည်းပေးဖို့ကလည်းလိုအပ်တယ်။

ဒါကြောင့်ကိုယ်ပိုင်ဆိုင်တဲ့ဓနဥစ္စာအပေါ်မှာမက်မောတွယ်တာခြင်းကိုရှောင်ကြဥ်ရင်းကိုယ့်မှာရှိတဲ့ ဥစ္စာ၊အရည်အချင်း၊ခွန်အား၊အချိန်တွေကိုတစ်ပါးသူတွေနဲ့ဝေမျှနိုင်အောင်ကြိုးစားကြပါစို့။ ဒုက္ခပေးလွန်းတဲ့အတ္တကိုနေ့စဥ်ကြိုးစားသုတ်သင်ကြပါစို့။အတ္တအစားမျှဝေ၊ပေးလှူတတ်တဲ့စိတ်ထားကိုမွေးမြူကြပါစို့။

 

 

Daily Reflection