Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-16 08:43:16
17th August, 2022
ရှင်မာတေဦး ၂၀/ ၁-၁၆
Br. Simon Saw Simon Htoo, O.P
Posted by Sr.Sabina Hla Yee Win,ISR

ဒီကနေ့ သမာကျမ်းစာထဲမှာဆိုရင်'သိုးထိန်း'ရဲ့အကြောင်းကိုတွေ့ရှိရပါတယ်။သိုးထိန်းကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ကိုယ့်ရဲ့ထိန်းသိမ်းတတ်မှု၊ အနီးကပ်ပြုစုစောင့်ရှောက်မှုအများကြီးလိုအပ်ပါတယ်။ တခါတလေမှာကျွန်ုပ်တို့ဟာကိုယ်စီကိုယ်စီနဲ့(daily routine schedule)အချိန်ဇယားတွေနဲ့ အလုပ်ရှုပ်တဲ့အခါမှာကိုယ့်ရဲ့သိုးတွေကိုဂရုစိုက်ဖို့အချိန်မပေးနိုင်ဘူး၊မေ့တတ်ကြတယ်။တခါတလေမှာကိုယ့်အတွက်ဘဲကိုယ်ကြည့်ပြီးကိုယ့်ကိုယ်ကိုပဲကိုယ်ဂရုစိုက်တာများတော့ကိုယ့်ခေါ်တော်မူခြင်းရဲ့ရည်ရွယ်ချက်၊ကိုယ်ကဘယ်သူ့အတွက်လဲဆိုတာမေ့တတ်ကြတယ်။ 

တခါတလေမှာခွဲခြားဆက်ဆံတတ်ကြတယ်။မရှိဆင်းရဲ့သူကိုတစ်မျိုး၊ချမ်းသာသူကိုတစ်မျိုး။ ဒါပေမဲ့ဒီကနေ့သမ္မာကျမ်းစာထဲမှာတွေ့တဲ့အတိုင်း၊ဘုရားသခင်ကဘယ်သူ၊ဘယ်ဝါရယ်လို့မခွဲခြားဆက်ဆံဘူး။အားလုံးဟာတန်းတူညီမျှဖြစ်ကြတယ်။ဘုရားသခင်သာလျှင်ကောင်းသောသိုးထိန်းဖြစ်သည်။ ဒါကြောင့်မလို့ဘုရားသခင်ရဲ့ သားသမီးတွေကိုအစေခံဖို့၊နောက်လိုက်ကောင်းဖြစ်ဖို့၊ကောင်းသောသိုးထိန်းတွေ၊ခေါင်းဆောင်တွေဖြစ်ဖို့၊ အများကြီးဆုတောင်းဖို့လိုအပ်တယ်။ကြိုးစားဖို့လိုတယ်။စွန့်လွတ်အနစ်နာခံဖို့လိုတယ်။ 

Daily Reflection