Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-17 09:29:11
18th,August,2022
MT: 22: 1-7
Br. Fermin Saw Simon Htoo, O.P
Posted by Sr.Sabina Hla Yee Win, ISR

တခါတလေမှာကျွန်ပ်တို့ဟာအရာရာကိုကျွန်ုပ်တို့နဲ့ထိုက်တန်လို့၊ကျွန်ုပ်တို့ရတယ်လို့ထင်လေ့ရှိကြတယ်။ဥပမာအားဖြင့်ကျောင်းသားတစ်ယောက်ဟာကျောင်းကိုပုံမှန်သွားပေမဲ့ကျောင်းသင်ခန်းစာတွေကိုစိတ်မဝင်စားဘူး၊လိုက်မလုပ်ပဲနေပြီးတော့သူစာမေးပွဲအောင်လိမ့်မယ်လို့တွေးထားရင်အများကြီးမှားသွားပါလိမ့်မယ်။ထိုနည်းတူစွာပဲကျွန်ုပ်တို့ခရစ်ယာန်ဘဝတစ်လျှောက်၊ဒါမှမဟုတ်ရဟန်းဘဝ၊သစ္စာခံသူတော်စင်ဘဝတွေနဲ့ရှင်သန်နေသူတွေပဲဖြစ်ဖြစ်၊ဘုရားနဲ့ကင်းကွာနေရင်ကောင်းကင်နိုင်ငံတော်ကို ဝင်စားဖို့ဆိုတာလွယ်ပါ့မလား။ 

 

အရာရာကိုလွယ်လွယ်နဲ့ရရင်လူတွေကသိပ်တန်ဖိုးမထားတတ်ကြဘူး။ဘုရားသခင်ဟာအင်မတန်မှရက်ရောတဲ့ဘုရားပါ။ဒါပေမဲ့ဘုရားသခင်ရဲ့ရဲရောမှုကိုတို့တတွေထိုက်တန်လို့ရတယ်လို့မခံယူသင့်ပါဘူး။ဒါကြောင့်မလို့ဒီကနေ့ကျွန်ုပ်တို့ကိုယ်ကိုပြန်ဆန်းစစ်ဖို့က"ကျွန်ုပ်တို့ဘုရားသခင်ရဲ့ကျေးဇူးတော်တွေနဲ့ရက်ရောမှုတွေကိုဘယ်လိုခံစားခဲ့ရသလဲ၊နောက်ပြီးတော့ ဒါတွေအတွက် ကျေးဇူးတင်ခဲ့မိဘူးသလား"ဆိုတာပါပဲ။ 

Daily Reflection