ဩဂုတ်လ ၁၉,သောကြာနေ့
ဧဝံဂေလိကျမ်း မတေးဦး ၂၂း၃၄-၄၀
Fr. Marko Thoe Reh, O.P
Posted by Sr.Sabina Hla Yee Win, ISR
“သင်၏အရှင်ထာ၀ရဘုရားသခင်ကိုသင်၏နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှဉာဏ်စွမ်းရှိသမျှနှင့်ချစ်လော့။သင်နှင့်နီးစပ်သောသူကိုသင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။”(မာတေဦး၂၂း၃၈-၉)
ကျွန်တော်တို့ရဲ့နေ့စဉ်အသက်တာမှာချစ်ခြင်းမေတ္တာတွေကိုပုံပြင်တွေ၊ကဗျာတွေ၊သီချင်းတွေနဲ့ဖွဲ့နွဲ့၊ရေးသား၊သီဆိုပြီးကိုယ်ရဲ့ခံစားချက်နှင့်အညီဖော်ပြကြသည်။အထူးသဖြင့်အိမ်တွင်းရေးပြသာနာများဖြစ်စေ၊လူမှုရေးအသင်းအဖွဲ့ပြသာနာများဖြစ်စေ၊တိုက်နယ်ရေးပြသာနာများဖြစ်စေ၊သူငယ်ချင်းရေးကြားများဖြစ်တယ်ပြသာနာတွေဖြစ်စေ၊ကျွန်တော်တို့ဟာဘ၀ရဲ့စိန်ခေါ်မှုတွေကိုကြုံတွေ့ရတယ်အခါမှာချစ်ခြင်းမေတ္တာ၊အမုန်းတရား၊လောဘ၊ဒေါသ၊မောဟတွေကိုပိုပြီးထုတ်ဖော်တာတွေ့ရတယ်။တခါတရံမှာချစ်ခြင်းမေတ္တာတွေအကြောင်းဘယ်လောက်ပင်သိကျွမ်းနေပါစေ၊ဘယ်လောက်ပင်ကဗျာတွေဖွဲ့နွဲ့နေပါစေကျွန်တော်တို့ဟာချစ်ခြင်းမေတ္တာတွေကိုကိုယ်နှင့်နီးစပ်သူတွေကိုမိသားစုဝင်အထူးသဖြင့်မမျှဝေချင်ဘူးဆိုရင်၊အခြားသူတွေကိုဘယ်လိုမျှဝေနိုင်မလဲ။St.Teresa says,“love starts at home”.စိန်ထရေးဇာကပြောတယ် ချစ်ခြင်းမေတ္တာဟာအိမ်ကစတင်တယ်။ကျွန်တော်တို့ဟာအနီးစပ်ဆုံးမိသားစုဝင်ကိုတော့ချစ်ခြင်းမေတ္တာ၊ကြင်နာမှု၊ရက်ရောပေးကမ်းမှု၊စာနာထောက်ထားမှုတွေကိုမလုပ်ပေးနိုင်ရင်ဒီကနေ့သခင်ယေဇူးပြောထားတယ်ဧဝံဂေလိကျမ်းထဲကဒုတိယပညတ်ကိုတော့မလိုက်နိုင်ဘူး။“သင်နှင့်နီးစပ်သောသူကိုသင့်ကိုယ်သင်ချစ်သကဲ့သို့ချစ်လော့။”ဒါကြောင့်ကိုယ်နဲ့နီးစပ်သောသူ၊မိသားစုဝင်ကိုတော့မကြင်နာ၊ဂရုမစိုက်၊မစာနာမထောက်ထားဘူးဆိုရင်သင်၏အရှင်ထာ၀ရဘုရားသခင်ကိုသင်၏နှလုံးအကြွင်းမဲ့စိတ်အားရှိသမျှဉာဏ်စွမ်းရှိသမျှနှင့်ချစ်ဖို့ရန်အလွန်ပင်ခဲခက်လှပါသည်။ကိုယ်နဲ့နီးစပ်သောသူများနှင့်ထာ၀ရဘုရားသခင်ကိုစိတ်အကြွင်းမဲ့ချစ်နိုင်ရန်ကြင်နာတတ်သောစိတ်၊နှလုံးသားတွေပိုင်ဆိုင်ထားမှရမယ်ဖြစ်တယ်။မည်သို့ပင်စေကာမှုဘုရားရဲ့သားသမီးအနေနဲ့ချစ်ခြင်းမေတ္တာ၊ကြင်နာတတ်သောနှလုံးသားနှင့်ပေးကမ်းလိုစိတ်ရှိနိုင်ရန်နှိမ့်ချခြင်းဖြင့်ကြိုးစားအားထုတ်ကျင့်ကြံရမည်။ရှင်ယောဟန်ဆိုထားသည့်အတိုင်းပဲ“ထာ၀ရဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်သည်။”(၁ယော၄း၁၆)ထာ၀ရဘုရားသခင်ကသူ့ကိုချစ်လျှင်အခြားသူတွေကိုလည်းချစ်ခြင်းမေတ္တာဝေမျှရမည်ဟုဆိုထားပါသည်။ကျွန်တော်ဘုရားရှင်ရဲ့အမှူတော်ကိုအကောင်းမွန်ဆုံးထမ်းဆောင်နိုင်ရန်သန့်ရှင်းသောဝိညာဉ်တော်၏အလင်ကျေးဇူးတော်အားဖြင့်သူတပါးတွေကိုချစ်ခြင်းမေတ္တာမျှဝေကြပါစို့။