(ဩဂုတ်လ ၂၀, 2022/ စနေနေ့)
ဧဝံဂေလိကျမ်း မတေးဦး ၂၃း ၁-၁၂
“သူတို့သည် ဟောပြောကြသော်လည်း မကျင့်ကြံကြ” ။ (မာတေး ၂၃း၃)
Fr. Marko Thoe Reh, O.P
Posted by Sr. Sabina Hla Yee Win,ISR
အဆိုတခုကိုကြားဖူးကြမှာပါ“action speaks louder than words”ကိုယ်ရဲ့ အပြုမှု၊လုပ်ဆောင်ချက်၊လုပ်ရပ်တွေဟာကိုယ်ရဲ့အပြောအဆိုစကားလုံးများထက်ပိုပြီးသိမြင်နိုင်ပါသည်။ဒီကနေ.ဧဝံဂေလိကျမ်းထဲမှာဆိုရင်ကျမ်းတတ်ဆရာတို့နှင့်ဖာရီဇေးဦးတို့ဟာသူတို့သည်ဘာသာတရားနှင့်ဆိုင်သောကျင့်ဝတ်များကိုရင်းနှီးသိကျွမ်းသူများဖြစ်ပါတယ်။ဒါပေမဲ့သူတို့ဟောပြောသွန်သင်သမျှတွေကိုအများရှေ့မှာမျက်နှာသာရအောင်ဂုဏ်ပကာသနကိုရလိုသောရည်ရွယ်ချက်များဖြင့်ပြောဆိုကြတယ်။သူတို့ကိုယ်ဍ်ကလည်းဟောပြောသွန်သင်တာတစ်မျိုးကျင့်ကြံအားထုတ်တာတစ်မျိုးဖြစ်နေပါတယ်။တစ်နည်းပြောရရင်ကိုယ်ကိုလိမ်လည်နေတာပဲဖြစ်ပါတယ်။ဒီနေ့ဖြစ်ပျက်နေတယ်စစ်ဘေး၊ကပ်ဆိုးရောဂါတွေအခြေအနေတွေကိုပြန်သုံးသပ်ကြည့်မယ်ဆိုရင်အင်မတန်ကြောက်ရွှံ့စရာကောင်းပြီးလူသားချင်းစာနာထောက်ထားမှုကင်းတာတွေ့ရပါတယ်။လိမ်လည်မှုတွေလာဒ်ထိုးမှုတွေကြားကနေရုန်းထွက်နိုင်ဖို့ခဲခက်လှသောအခြေနေကိုရင်ဆိုင်နေရပါတယ်။မည်သို့ပင်စေကာမှုကျွန်တော်တို့ရဟန်းသူတော်စင်ဘောင်ဝင်တွေအတွက်လုံး၀ရှောင်ရှားရမည့်အရာတွေဖြစ်ပါတယ်။အထူးသဖြင့်စစ်ဘေးကြောင့်အစာရေငတ်မွတ်ခေါင်းပါနေသောသူတွေ၊အကူအညီတွေတောင်းတနေသောစစ်ရှောင်ဘာသာဝင်သူတွေကိုလျစ်လျူရှုတာ၊ပစ်ထားတာပြုမှုခြင်းဟာလည်းကျွန်တော်တို့ရဟန်းသူတော်စင်ဘောင်ဝင်တွေအတွက်ကျမ်းတတ်ဆရာတို့နှင့်ဖာရီဇေးဦးတို့နှင့်အလားတူတွေပင်ဖြစ်ပါလိမ့်မည်။“I Value Determination”စာအုပ်ထဲမှာMary Josephရေးထားတာစကားပုံကို သွားပြီးသတိရမိတယ်“An empty mind is the devil’s workshop”.ဆိုလိုတာက“ဟာနေတဲ့စိတ်ဟာနတ်ဆိုးရဲ့အလုပ်ရုံနှင့်တူတယ်”။ဘာကိုဆိုလိုချင်လဲဆိုတော့အလုပ်မလုပ်ဘဲပျင်းရိနေမယ်ဆိုရင်မင်းဟာမကောင်းမှုဘက်ကိုရောက်သွားနိုင်စရာရှိတယ်ဆိုတာပါပဲ”။ဧဝံဂေလိကျမ်းထဲမှာသခင်ယေဇူးကကျမ်းတတ်ဆရာတို့နှင့်ဖာရီဇေးဦးတို့ကိုသွန်သင်ထားသည့်အတိုင်း“သူတို့သည်ဟောပြောကြသော်လည်းမကျင့်ကြံကြ”ဆိုတယ်အတိုင်းဘဲရဟန်းသူတော်စင်ဘောင်ဝင်များနှင့်ကျွန်တော်တို့ဘုရားသားသမီးအားလုံးဟာအပြောဘဲရှိပြီးလက်တွေ့မပြုလုပ်ရင်နတ်ဆိုးရဲ့အလုပ်ရုံနှင့်တူနေပါလိမ့်မယ်။ဒါကြောင့်ကျွန်တော်တို့ဟာအများရှေ့မှာမျက်နှာသာရအောင်ဂုဏ်ပကာသနတွေကိုဘေးမှာထားပြီးသခင်ယေဇူး၏ကျင့်စဉ်၊ပညတ်ထားသောအရာတွေကိုလုပ်ဆောင်နိုင်ရန်ကြိုးစားကြပါစို့။