ရှင်လုကာ ၁၃း ၂၂- ၃၀
Posted by Sr.Sabina Hla Yee Win, ISR
နှိမ့်ချခြင်း
ဒီကနေ့ကျွန်တော်တို့ဧဝံဂေလိတရားတော်မှာဘာတွေ့ရလဲဆိုရင်သခင်ယေဇူးခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကိုဘယ်လိုဝင်ရလဲ၊ဘယ်လမ်းကဝင်ရလဲဆိုတာကိုပြောထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူတစ်ဦးကကောင်းကင်နိုင်ငံဝင်ရမဲ့သူကအရမ်းနည်းလားလို့မေးတဲ့အခါမှာသခင်ယေဇူးကနည်းတယ်၊များတယ်၊ဘယ်နှစ်ဦးဝင်ရမယ်မပြောဘဲဘယ်လမ်းကဝင်ရမယ်ဆိုတာကိုမီးမောင်းထိုးပြပေးခဲ့တာဖြစ်တယ်။သခင်ခရစ်တော်က“ကောင်းကင်နိုင်ငံတော်ကိုဝင်မည့်တစ်ခုတည်းသောလမ်းဟာကျဉ်းမြောင်းသောတံခါးဖြစ်တယ်”လို့မိန့်တယ်။
ဆိုတော့ဒီကနေ့ကျဉ်းမြောင်းတဲ့လမ်းဆိုတာဘယ်လိုလဲထောက်ရှုကြည့်ရအောင်။ကျဉ်းမြောင်းသေးသွယါသည့်တံခါးကိုကျွန်တော်တို့မျက်လုံးထဲ၌မြင်ယောင်ရမည်ဆိုလျင်လူတစ်ဦးသည်ထိုလမ်းကိုကျောကော့ကော့၊ရင်မော့မော့နှင့်ဖြတ်သန်းသွားလာနိုင်မည်မဟုတ်။မိမိ၏ခန္ခာကိုယ်ကိုကျုံ့၊ခေါင်းကိုငုံ့၍ဝင်ရသောတံခါးသာဖြစ်ပေလိမ့်မည်။
ဆိုတော့သခင်ခရစ်တော်ဟာဒီကနေ့ဧဝံဂေလိကျမ်းအားဖြင့်ကျွန်တော်တို့တစ်ဦးစီတိုင်းကိုမိန့်ဆိုသည်မှာကောင်းကင်နိုင်ငံတော်ကိုနှိမ့်ချညွတ်တွားခြင်းဖြင့်သာရောက်ရှိနိုင်ကြောင်းဖြစ်တယ်။သခင်ခရစ်တော်ဟာကျွန်တော်တို့ကောင်းကင်နိုင်ငံခံစားဖို့အတွက်ဟိုအရာတွေလုပ်ဆောင်ဖို့လိုတယ်၊ဒီအရာတွေပြီးမြောက်ဖို့လိုတယ်ဆိုပြီးမပြောဘဲနှိမ့်ချခြင်းကိုသာဘာလို့တောင်းဆိုလဲဆိုရင်......
ပထမဦးစွာကောင်းကင်နိုင်ငံဆိုသည်မှာဘုရားသခင်ကိန်းအောင်းရာသန့်ရှင်းသောနေရာဖြစ်၍ရင်ကော့၊ခေါင်းမော့ထောင်လွှားသူတို့အတွက်မဟုတ်ပါ။ဒါကြောင့်ကောင်းကင်နိုင်ငံဝင်လိုသူတိုင်းဟာကျွန်တော်တို့ပိုင်ဆိုင်မှု၊နေထိုင်ရပ်တည်မှု၊ရှင်သန်မှုအားလုံးဟာဘုရားသခင်ထံမှဖြစ်ကြောင်းသိရှိရမည်ဖြစ်သည်။ထိုသို့နှိမ့်ချခြင်းဖြင့်ဘုရားသခင်၏ကောင်းမြတ်ခြင်းကို အသိအမှတ်ပြုမှသာလျှင်ကောင်းကင်နိုင်ငံတော်ကို ခံစားရမှာဖြစ်တယ်။