Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-20 09:41:22

ရှင်လုကာ ၁၃း ၂၂- ၃၀

Posted by Sr.Sabina Hla Yee Win, ISR

နှိမ့်ချခြင်း

ဒီကနေ့ကျွန်တော်တို့ဧဝံဂေလိတရားတော်မှာဘာတွေ့ရလဲဆိုရင်သခင်ယေဇူးခရစ်တော်ဟာကောင်းကင်နိုင်ငံတော်ကိုဘယ်လိုဝင်ရလဲ၊ဘယ်လမ်းကဝင်ရလဲဆိုတာကိုပြောထားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လူတစ်ဦးကကောင်းကင်နိုင်ငံဝင်ရမဲ့သူကအရမ်းနည်းလားလို့မေးတဲ့အခါမှာသခင်ယေဇူးကနည်းတယ်၊ များတယ်၊ ဘယ်နှစ်ဦးဝင်ရမယ်မပြောဘဲဘယ်လမ်းကဝင်ရမယ်ဆိုတာကို မီးမောင်းထိုးပြပေးခဲ့တာဖြစ်တယ်။သခင်ခရစ်တော်က“ကောင်းကင်နိုင်ငံတော်ကိုဝင်မည့်တစ်ခုတည်းသောလမ်းဟာကျဉ်းမြောင်းသောတံခါးဖြစ်တယ်”လို့ မိန့်တယ်။

ဆိုတော့ဒီကနေ့ကျဉ်းမြောင်းတဲ့လမ်းဆိုတာဘယ်လိုလဲထောက်ရှုကြည့်ရအောင်။ကျဉ်းမြောင်းသေးသွယါသည့်တံခါးကိုကျွန်တော်တို့မျက်လုံးထဲ၌မြင်ယောင်ရမည်ဆိုလျင် လူတစ်ဦးသည်ထိုလမ်းကိုကျောကော့ကော့၊ရင်မော့မော့နှင့်ဖြတ်သန်းသွားလာနိုင်မည်မဟုတ်။မိမိ၏ခန္ခာကိုယ်ကိုကျုံ့၊ခေါင်းကိုငုံ့၍ဝင်ရသောတံခါးသာဖြစ်ပေလိမ့်မည်။

ဆိုတော့သခင်ခရစ်တော်ဟာဒီကနေ့ဧဝံဂေလိကျမ်းအားဖြင့်ကျွန်တော်တို့တစ်ဦးစီတိုင်းကိုမိန့်ဆိုသည်မှာကောင်းကင်နိုင်ငံတော်ကိုနှိမ့်ချညွတ်တွားခြင်းဖြင့်သာရောက်ရှိနိုင်ကြောင်းဖြစ်တယ်။သခင်ခရစ်တော်ဟာကျွန်တော်တို့ကောင်းကင်နိုင်ငံခံစားဖို့အတွက်ဟိုအရာတွေလုပ်ဆောင်ဖို့လိုတယ်၊ဒီအရာတွေပြီးမြောက်ဖို့လိုတယ်ဆိုပြီးမပြောဘဲနှိမ့်ချခြင်းကိုသာဘာလို့တောင်းဆိုလဲဆိုရင်......

ပထမဦးစွာကောင်းကင်နိုင်ငံဆိုသည်မှာဘုရားသခင်ကိန်းအောင်းရာသန့်ရှင်းသောနေရာဖြစ်၍ရင်ကော့၊ခေါင်းမော့ထောင်လွှားသူတို့အတွက်မဟုတ်ပါ။ဒါကြောင့်ကောင်းကင်နိုင်ငံဝင်လိုသူတိုင်းဟာကျွန်တော်တို့ပိုင်ဆိုင်မှု၊နေထိုင်ရပ်တည်မှု၊ရှင်သန်မှုအားလုံးဟာဘုရားသခင်ထံမှဖြစ်ကြောင်းသိရှိရမည်ဖြစ်သည်။ထိုသို့နှိမ့်ချခြင်းဖြင့်ဘုရားသခင်၏ကောင်းမြတ်ခြင်းကို အသိအမှတ်ပြုမှသာလျှင်ကောင်းကင်နိုင်ငံတော်ကို ခံစားရမှာဖြစ်တယ်။

နောက်အရေးကြီးတဲ့အချက်တချက်အနေနဲ့ကျွန်တော်တို့သိထားရမှာကသခင်ခရစ်တော်ကကျွန်တော်တို့ကိုအားစိုက်ပါတဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းက(အများစုက)အဲဒီကျဉ်းမြောင်းတဲ့တံခါး(နှိမ့်ချခြင်း)ကိုမဝင်နိုင်ကြဘူးတဲ့။

ကျွန်တော်တို့ဒီကမ္ဘာမြေကြီးက ပြိုင်ဆိုင်မှုတွေနဲ့ပြည့်နက်နေတယ်။ကျွန်တော်တို့နေ့စဉ်အသက်တာမှာရှင်သန်ဖို့အတွက်အများနှင့်ယှဉ်ပြီးပြေးနိုင်မှရမယ်။သူများကိုအလဲထိုးနိုင်မှရှင်သန်နိုင်မယ်။ကိုယ်ကဘယ်သူဘယ်ဝါဆိုတာထုတ်ဖော်ပြသပြီး လူရှိန်အောင်၊လူထင်ကြီးလေးစားအောင်လုပ်နိုင်မှသာလျှင် ကောင်းကောင်းမွန်မွန်နှင့်ဤလောကတွင်ရှင်သန်နိုင်မည်ဟုယူဆကြသည်။ဤကဲ့သို့ယူဆနေထိုင်ခြင်းကြောင့်နှိမ့်ချခြင်းကင်းမဲ့ပြီးကောင်းကင်နိုင်ငံဝင်ရန်အတွက်ခက်ခဲခြင်းပင် ဖြစ်သည်။

အမှန်တွင်စစ်မှန်သောနှိမ့်ချခြင်းဖြင့်သာလျှင်ကျွန်ုပ်တို့သည်တစ်ပါးသူအားယှဉ်ပြိုင်ထိုးနှက်ခြင်းမရှိဘဲထိုသူအားကျွန်ုပ်တို့ကဲ့သို့ပင်တန်းတူသောလူသားတစ်ဦးအဖြင့်လက်ခံပြောဆိုဆက်ဆံနိုင်မှာဖြစ်တယ်။ဒါ့အပြင်နှိမ့်ချခြင်း၌သာလျှင်ကျွန်ုပ်တို့သည်အပြစ်ရှိသောသူများအဖြစ်မိမိကိုယ်ကို အသိအမှတ်ပြုလက်ခံနိုင်ပြီးဘုရားသခင်ထံကို ဝင်ခိုလှုံနိုင်မည်ဖြစ်သည်။

ထိုကြောင့်ဤကနေ့ ဧဝံဂေလိတရားတော်အားဖြင့်သခင်ခရစ်တော်ကနှိမ့်ချခြင်းသည်ကောင်းကင်နိုင်ငံသို့ဝင်သောတစ်ခုတည်းသောတံခါးဝဖြစ်ပြီး၊ ဤသီလသည်လိုက်ကျင့်ရန်ခက်ခဲသည့်အတွက် အားစိုက်ကြိုးပမ်းသင့်ကြောင်းကျွန်ုပ်တို့အားမိန့်မှာနေသည်ဖြစ်သည်။

Daily Reflection