Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-21 18:40:04

Luke: 2: 26-38

by Fr. Gabriel Kyaw Ko Ko, O.P

Posted by Sr.Sabina Hla Yee Win, ISR

 

ဒီကနေ့ဓမ္မဟောင်းကျမ်းမှာပရောဖက်ဟေရှာကျမ်းမှာ"ဘုရားသခင်ကအမှောင်ထုကို ထိုးဖောက်ပြီးလူသားမျိုးနွယ်အတွက်ကယ်တင်ခြင်းအလင်းတန်းကိုပေးမယ်လို့"ကတိထားတဲ့အတိုင်းဒီကနေ့ဧဝံဂေလိကျမ်းမှာအဲဒီဓမ္မဟောင်းကကတိတော်ဟာ

အကောင်အထည်ပေါ်လာပါတယ်။သိကြားမင်းဂေးဘရဲလ်ကအမိမယ်တော်ဟာကယ်တင်ရှင်လေးကိုဖွားမြင်လိမ့်မယ်လို့သတင်းစကားသယ်ယူလာပါတယ်။ဘုရားရှင်ဟာသူ့ရဲ့ ကယ်တင်ခြင်းအစီအစဉ်အတွက်အမိမယ်တော်ကိုရွေးကောက်ခဲ့တယ်။

အဲဒီထက်ကြီးတဲ့အချက်က အမိမယ်တော်ရဲ့ "YES"ကျွုန်ပ်ကဘုရားသခင်၏အစေခံတည်း။အစေခံ၌အမိန့်တော်အတိုင်းဖြစ်ပါစေသော်"ဟူသောအချက်ကကျွန်တော်တို့ကယ်တင်ခြင်းသမိုင်းအတွက်အလွန်ပင်အရေးပါလှတယ်။ဘုရားသခင်ဟာအမိမယ်တော်ကိုရွေးချယ်ခဲ့သလိုပဲကျွန်တော်တို့တစ်ဉီးတစ်ယောက်စီတိုင်းမှာဘုရားသခင်ရဲ့အလိုတော်ကိုလုပ်ဆောင်ပေးဖို့ကိုယ်စီတာဝန်ရှိကြတယ်။ဒါပေမဲ့လက်ခံတာ၊ငြင်းဆန်းတာဟာကျွန်တော်တို့အပေါ်မှာ မူတည်တယ်။ကျွန်တော်တို့ဘုရားသခင်ရဲ့ကယ်တင်ခြင်းအစီအစဉ်မှာပါဝင်ပြီဆိုရင်ဘုရားသခင်ဟာကျွန်တော်တို့ရဲ့နေရာမှာပါဝင်အလုပ်လုပ်မှာဖြစ်ပါတယ်။ 

ကျွန်တော်တို့ရဲ့စိတ်ဆန္ဒအစားဘုရားသခင်ရဲ့အလိုတော်ကိုလုပ်ဆောင်ရမှာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ရဲ့အလိုတော်ကိုလုပ်ဆောင်ဖို့ဆုံးဖြတ်ပြီဆိုရငကျွန်တော်တို့မှာခွန်အားသတ္တိရှိဖို့လိုတယ်။ကြုံတွေ့ရမဲ့အခက်အခဲတွေကို

ရင်ဆိုင်နိုင်ဖို့သတ္တိလိုတယ်။အမိမယ်တော်ကိုပြန်ကြည့်မယ်ဆိုရင်သူဟာအမျိုးသားမရှိပဲလျှက်ကိုယ်ဝန်ဆောင်မည်ဆိုလျှင်

ဂျူးလူမျိုးတို့၏အသိုင်းအဝန်းမှာကြုံတွေ့ရမယ့်အခက်အခဲကိုသိပေမဲ့ဘုရားသခင်ကိုယုံကြည်ကိုးစားခြင်းနဲ့အစေခံဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။အလားတူပဲကျွန်တော်တို့လည်ဘုရားသခင်ရဲ့အလိုတော်ကိုလိုက်နာဆောင်ရွက်တဲ့အခါဘုရားသခင်ရဲ့အမှုတော်အတွက်တစိတ်တဒေသကနေပါဝင်တဲ့အခါ

ကျွန်တော်တို့လုံးဝမနှစ်သက်တဲ့အရာ၊မလုပ်ချင်တဲ့အရာ၊နောက်ပြီးကျွန်တော်တို့အတွက်သက်သာမှုမရှိတဲ့အရာတွေဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။ဉပမာအရက်ဖြတ်တာ၊အလောင်းကစားလုပ်တာကိုဖြတ်တာ၊လူလူချင်းခွင့်လွတ်ဖိုအစရှိသဖြင့်ပေါ့။ 

ဆိုတော့ဒီကနေ့ရဲကျမ်းစားတော်မြတ်အားဖြင့်ကျွန်တော်တို့ပြန်ပြီးသုံးသပ်ရမှာကကျွန်တော်တို့ကိုဘုရားသခင်ကဖိတ်ခေါ်တာဝန်ပေးတာခံစားသိရှိပါလျက်နှင့်ဘယ်နကြိမ်၊ဘယ်နခါသူ့ရဲ့အလိုတော်ကိုလိုက်နာဆောင်ရွက်ဖို့ငြင်းဆန်ခဲ့မိသလဲ၊တွန့်ဆုတ်နေမိသလဲ။အဲလိုလိုက်နာဆောင်ရွက်ဖို့အားနည်းနေတဲ့အခါဘုရားသခင်ရဲ့အမှုတော်ကိုလိုက်နာဆောင်ရွက်ရာ၌"စံ"ပုဂ္ဂိုလ်မြတ်ဖြစ်သောအမိမယ်တော်ကိုအတုယူရင်းဘုရားသခင်ထံကျွန်တော်တို့အဖို့ဆုတောင်းပေးပါရန် သူမထံ တောင်းလျှောက်ကြပါစို့။

 

 

Daily Reflection