Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-26 09:04:37
(27/8/2022)
Matt 25:14-30
Bro. Gabriel Khun Ri, O.P.
Posted by Sr. Sabina Hla Yee Win, ISR

 ***Gospel Reflection***
ယနေ့ဧဝံဂေလိကျမ်း၌သခင်ခရစ်တော်ကကောင်းကင်နိုင်ငံတော်သည်ခရီးမထွက်ခွါမီမိမိ၏ဥစ္စာများကိုမိမိ၏အစေခံများထံ အပ်နှံသောသူနှင့်တူကြောင်းပုံဥပမာပေးမြွက်ကြားခဲ့ပါသည်။ဤပုံဥပမာကိုသံမာတေဦးဧဝံဂေလိကျမ်း၏ယေဇူးခရစ်တော် ဒုက္ခစရိယာခံထမ်းခြင်းမတိုင်ခင်တွင်ထားရှိခြင်းသည်အကြောင်းတင့်သင့်ဆီလျော်လှပါသည်။အကြောင်းမှာသခင်ခရစ်တော်သည်ယင်းပုံဥပမာထဲကလုပ်ငန်းရှင်နှင့်အလားသဏ္ဍာန်တူသောကြောင့်ဖြစ်ပါသည်။

 

သူသည်ဤလောကမှမထွက်ခွါမီသူအစပြုခဲ့သောကယ်တင်ခြင်းလုပ်ငန်းကိုသူ၏တပည့်တော်များအားဆက်လက်ထမ်းဆောင်စေခဲ့ပါသည်။ဤသို့ဖြင့်ကိုယ်တော်သည်တပည့်တော်များအားပုံဥမာထဲရှိသစ္စာရှိသောငယ်သားကောင်းနှစ်ဦးကဲ့သို့ကျင့်ဆောင်ကြရန်အလိုတော်ရှိခဲ့ပါသည်။ထိုနည်းတူစွာဘုရားသခင်သည်ကျွန်ုပ်တို့တစ်ဦးချင်းစီအပေါ်၌လည်းအရည်အချင်းများပေးသနားတော်မူပါသည်။ထိုသို့ရရှိထားသောအရည်အချင်းများကိုအရင်းတည်၍ကိုယ်တော်၏ဘုန်းဂုဏ်တော်တိုးပွါးအောင်လုပ်ဆောင်ရန်မိမိတို့ကိုယ်စီ၌တာဝန်ရှိကြောင်းယနေ့ဧဝံဂေလိကျမ်းမှတဆင့်ကျွန်ုပ်တို့ကိုသတိပေးနေပါသည်။မိုက်မဲပျင်းရိသောငယ်သားကဲ့သို့ကျွန်ုပ်တို့၏အရည်အချင်းများအလဟသမဖြစ်စေပဲဘုရားသခင်၏နိုင်ငံတော်တိုးတက်ရာတိုးတက်ကြောင်း၌အကျိုးရှိစွာအသုံးချရမည်ဖြစ်သည်။သို့မှသာဘုရားသခင်နှင့်ကျွန်ုပ်တို့စာရင်းရှင်းသည့်နေ့ရောက်သောအခါကိုယ်တော်၏ဝမ်းမြောက်ခြင်း၌ကျွန်ုပ်တို့ပါဝင်ခံစားနိုင်မည်ဖြစ်သည်။

 

 

Daily Reflection