Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-08-31 08:08:38
(၁)ရက်၊ စက်တင်ဘာလ ၂၀၂၂ (ကြာသပတေးနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၅း ၁-၁၁)
Sr. Lucia Lu Pha FMA
Posted by Sr. Sabina Hla Yee Win, ISR

***ထောင်ရှုချက်***

 

ဒီကနေ့နှုတ်ကပါဒ်တော်ကျမ်းထဲကနေအချက်(၁)ချက်ကိုပဲအတူထောက်ရှုစဉ်းစားသွားကြရအောင်။ကိုယ်တော်သည်ဂျေနာရက်အနီးတွင်ရပ်နေတော်မူစဉ်လူအစုအဝေးတို့သည်ဘုရားသခင်၏နှုတ်တော်ထွက်စကားကိုကြားနာခြင်းဌာအထံတော်သို့တိုးဝှေ့လာကြ၏”ဆိုတဲ့ကျမ်းပိုဒ်လေးကိုကြည့်မယ်ဆိုရင်လူတွေဟာသခင်ခရစ်တော်ကိုလိုက်ရှာကြတယ်၊သူ့ရဲ့နှုတ်တော်ထွက်စကားတွေကိုနားထောင်ချင်တယ်၊ဆုံးမသွန်သင်မှုကိုနာယူချင်တယ်ဆိုတာပေါ်လွှင်စေတယ်။ကျွန်ုပ်တို့တစ်ဦးစီရဲ့ဘဝမှာရောသခင်ခရစ်တော်ရဲ့စကားသံကိုကြားချင်တယ်၊သခင့်ထံချဉ်းကပ်ချင်တယ်၊သူ့ရဲ့အလိုတော်အတိုင်းနေချင်တယ်ဆိုတဲ့စိတ်ဆန္ဒဘယ်လောက်ပြင်းပြမှုရှိသလဲဆိုတာပြန်လည်ဆန်းစစ်ကြပါစို့။

 

တစ်နေ့သာမှာလုပ်ဆောင်ရမဲ့အလုပ်၊တွေ့ဆုံရမဲ့လူ၊ပြောဆိုရမဲ့စကားတွေအများကြီးရှိလိမ့်မယ်။ငါနဲ့ဘုရားနဲ့စကားပြောမဲ့အချိန်ရှိရဲ့လား?ဘုရားနဲ့စကားပြောချင်တဲ့စိတ်ဆန္ဒလိုအပ်သလို၊ပြောဖို့ရန်အချိန်ပေးဖို့လည်းလိုအပ်ပါတယ်။ဘာ့ကြောင့်လဲဆိုတော့ဘုရားဆိုတာငါ့ဘဝထဲရှိနေမှဘဝအသက်သာကအဓိပ္ပာယ်ရှိမှာမို့လို့ပါ။ဘုရားရှင်ကိုနေ့တိုင်းဘဝရဲ့အတွေ့အကြုံတွေထဲမှာရှာဖွေကြရအောင်၊ဖိတ်ခေါ်ကြရအောင်။

Daily Reflection