Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-01 08:12:46
(၂)ရက် စက်တင်ဘာလ ၂၀၂၂ (သောကြာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၅း ၃၃ - ၃၉)
by Nov. Ja Seng Mai
Posted by Sr. Sabina Hla Yee Win, ISR

*** ထောက်ရှုချက်***

 

လူသားတွေအပေါ်ဘုရားသခင်ကအသစ်သောနည်းလမ်းများဖြင့်တစ်ဖန်သွန်သင်ဆက်ဆံနေတယ်ဆိုတာကိုဤကနေ့ဖတ်ရှုရသည့်ယေဇူးသခင်၏သွန်သင်ချက်အားဖြင့်တွေ့ရှိနိုင်ပါတယ်။ကျမ်းတတ်ဆရာများနှင့်ဖါရီဇေဦးများသည်ဓမ္မဟောင်းကျမ်းနှင့်တရားဥပဒေများကိုသိကျွမ်းသော်ဌားလည်းသူတို့၏ခေါင်းမာတောင့်တင်းမှုကြောင့်သခင်ယေဇူးကိုဘုရား၏သားတော်ဟုမယုံကြည်နိုင်ကြချေ။

 

တစ်ခါတစ်ရံမှာကျွန်ုပ်တို့သည်လည်းဤကနေ့ကျမ်း၌တွေ့ရှိရသောကျမ်းတတ်ဆရာများနှင့်ဖါရီဇေဦးများကဲ့သို့အလွန်ခေါင်းမာတောင့်တင်းကြတတ်ပြီးဘဝရဲ့နေ့စဉ်အသက်တာ၌ဘုရားသခင်ရဲ့နည်းလမ်းသစ်ကိုမမြင်တတ်ကြပါဘူး။ခေါင်းမာတောင့်တင်းမှုကကျွန်ုပ်တို့ကိုမာနထောင်လွှားစေပြီးသူတစ်ပါးထံ၌ဘုရားသခင်ရဲ့တည်ရှိခြင်းကိုမျက်ကွယ်ပြုစေနိုင်ပါတယ်။ဆိုးရွားတာကတော့ကိုယ့်ကိုယ်ကိုအကောင်းဆုံး၊အမှန်ကန်ဆုံးထင်မှတ်ပြီးသူတစ်ပါးကိုအသိအမှတ်မပြုနိုင်ခြင်းဖြစ်တယ်။အမြဲတမ်းကိုယ့်အတွေး၊ကိုယ်သိတာနဲ့ပဲနေတယ်ဆိုရင်ဘယ်တော့မှပြောင်းလဲမှာမဟုတ်သလို၊လူသစ်လူပျော်လည်းဖြစ်လာနိုင်မှာမဟုတ်ပါဘူး။

 

အရေးကြီးတာကကျွန်ုပ်တို့၏စိတ်နှလုံးကိုဖွင့်ဟတတ်ရန်နှင့်ကျွန်ုပ်တို့မြင်ရန်မမျှော်လင့်ထားသည့်အရာတွင်ပင်ဘုရားသခင်၏မေတ္တာတော်ပေါ်ထွန်းခြင်းကိုမြင်တွေ့ရန်ဖြစ်သည်။ဘာဖြစ်လို့လဲဆိုတော့စပျစ်ရည်အသစ်ကိုစပျစ်ရည်အရေခွံအသစ်တွင်သာထည့်သွင်းသိမ်စည်းနိုင်လိုပါ။စပျစ်ရည်သစ်ကိုသိုလှောင်နိုင်ပြီးထိုစပျစ်ရည်ကိုသောက်သောသူတို့၏စိတ်နှလုံးကိုရွှင်လန်းစေမည့်စပျစ်ရည်အရေခွံအသစ်ဖို့ ကြိုးစားသွားကြပါစို့.... လူဖြစ်ကြပါစို့။

Daily Reflection