(၃)ရက် စက်တင်ဘာလ ၂၀၂၂ (စနေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၆း ၁ - ၅)
by Sr. Stella Naw Noo Noo FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
အချို့သောဖာရီဇေဉီးတို့က ကိုယ်တော်၏တပည့်တော်တို့အား“သင်တို့သည်ဥပုသ်နေ့၌မပြုအပ်သောအမှုကိုအဘယ်ကြောင့်ပြုကြသနည်း။”ဟုဆိုကြ၏။လုပ်သင့်တာကိုလုပ်ရမယ်နေသင့်သလိုနေရမယ်ဆိုတာကိုသိနေပေမဲ့မလိုက်နာနိုင်သူတစ်ချို့ရဲ့ဘဝနောက်ကြောင်းနဲ့လက်ရှိအကြောင်းရင်းတွေကိုသေသေချာချာလေ့လာမေးမြန်းနားထောင်ကြည့်မယ်ဆိုရင်သူတို့ကိုနားလည်လက်ခံပေးနိုင်တဲ့အခြေအနေကိုရောက်လာပါတယ်။
“မလုပ်သင့်တာကိုဘာလို့လုပ်နေကြတာလဲ”လို့မေးခွန်းထုတ်အပြစ်တင်လေ့ရှိတဲ့ဖာရီဇေဦးတွေရဲ့စိတ်ဓာတ်အမူအကျင့်တွေအတိုင်းလိုက်နေခဲ့မိတဲ့အချိန်တွေအတွက်ပထမဦးစွာနောင်တယူကြပါစို့။ပညတ်တော်(၁၀)ပါးအတိုင်းနေထိုင်ဖို့ဘုရားကြိုက်တဲ့ပုံစံအတိုင်းနေထိုင်ဖို့မိမိကစပြီးအကောင်းဆုံးနေထိုင်ရင်းမိမိနဲ့နီးစပ်သူတွေလည်းဥပုသ်နေ့မှာသာမဟုတ်ပဲနေ့စဉ်အသက်တာမှာလုပ်သင့်တာတွေကိုပဲအကောင်းဆုံး လုပ်ဆောင်သွားနိုင်တဲ့ခွန်အားရရှိဖို့ဆုတောင်းပေးရင်းလမ်းကောင်းပြသွားကြပါစို့။
စည်းမျဉ်းဥပဒေဆိုတာတစ်ဦးချင်းစီအတွက်အထူးသဖြင့်အဖွဲ့အစည်းတွေအတွက်မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။ဒါပေမဲ့တစ်ပါးသူရဲ့အခြေခံလိုအပ်ချက်ကိုမြင်တွေ့ခြင်း၊နားလည်ပေးခြင်းရဲ့အထက်မှာတော့ဘာမှမရှိသင့်ကြောင်းလူတိုင်းနားလည်သဘောပေါက်ကြပေမဲ့လက်တွေ့ဘဝမှာမတော်တဆလွတ်သွားတတ်တာကြောင့်ဒီကနေ့ကျမ်းစာတော်မြတ်ကနေတဆင့်ဘုရားရှင်ပေးထားတဲ့အလင်းနဲ့တာဝန်ကိုအကောင်းဆုံးအသက်ရှင်သွားနိုင်အောင်ဆက်လက်ဆုတောင်းရင်းကြိုးစားသွားကြပါစို့လို့ဖိတ်ခေါ်လိုက်ရပါတယ်။လူသားအချင်းချင်းနားလည်ပေးခြင်းတိုးပွားကြပါစေ။