Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-03 06:46:55
(၂၃) ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့
(၄) ရက် စက်တင်ဘာလ ၂၀၂၂
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၄း၂၅-၃၃)
by Sr. Cecilia Khawn Num FMA
Posted by Sr. Sabina Hla Yee Win, ISR

***ထောက်ရှုချက်***

ကိုယ်တော်သည်လည်းလှည့်၍သူတို့အားမိန့်တော်မူသည်ကား၊ငါ့ထံသို့လာသောသူသည်မိမိ၏မိဘ၊ဇနီးခင်ပွန်း၊သားသမီး၊ညီအစ်ကိုမောင်နှမစသည်တို့ကိုဖြစ်စေ၊မိမိအသက်ကိုပင်ဖြစ်စေမမုန်းလျှင်ငါ၏တပြည့်မဖြစ်နိုင်ရာ။ မိမိလက်ဝါးကပ်တိုင်ကို မထမ်းဘဲငါ့နောက်သို့လိုက်သောသူသည်လည်းငါ၏တပည့်မဖြစ်နိုင်ရာ။

ဘာကြောင့်သခင်ခရစ်တော်ကကျွန်ုပ်တို့ကိုသူ့ရဲ့နောက်လိုက်ကောင်းဖြစ်ဖို့ရန်အတွက်ကျွန်ုပ်တို့ရဲ့မိသားစုမိဘ၊ညီအစ်ကိုမောင်နှမတွေကိုမုန်းပါလို့ပြောနေတာလဲ။သခင်ခရစ်တော်ပြောတဲ့“မုန်းခြင်း”ဆိုတာဟာမချစ်ဖို့ပြောတာမဟုတ်ပဲပထမဦးစားပေးဖို့ပြောခြင်းဖြစ်ပါတယ်။ဘုရားကလွဲ၍အရာအားလုံးကိုပထမနေရာမှာမထားဖို့တောင်းဆိုခြင်းဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ ဘုရားသခင်ကကျွန်ုပ်တို့ကိုသူ့ရဲ့ချစ်သားသမီးတွေအဖြစ်သူ့ရဲ့ရွှေပုံသဏ္ဍာန်တော်နှင့်တူအောင်ဖန်ဆင်းထားတယ်။

ဘုရားသခင်က အမြဲတမ်းကျွန်ုပ်တို့ကိုသူ့ရဲ့ထာဝရမပြောင်းလဲသောချစ်ခြင်းမေတ္တာဖြင့်ပထမဦးစားပေးနေရာမှာအမြဲတမ်းထားတယ်။စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာအမြဲတမ်းအဆုံးစွန်အထိ ပေးဆပ်အနစ်နာခံနိုင်စွမ်းရှိတယ်။ ဒါကြောင့် ဘုရားသခင်ကသူ့ရဲ့တပါးတည်းသောသားတော်ဘုရားကိုစွန့်သည့်တိုင်အောင်သူ့ရဲ့ချစ်ခြင်းမေတ္တာကိုပြသခဲ့တယ်။ဘုရားသခင်ထက်ပိုဦးစားပေးသောဘယ်ဆက်ဆံရေးမဆို၊ ဘယ်ပိုင်ဆိုင်မှုမဆိုရုပ်ထုကိုးကွယ်ခြင်းပဲဖြစ်ပါတယ်။ဒါဟာဖန်ဆင်းခံအရာတွေကိုဖန်းဆင်းရှင်ရဲ့နေရာမှာထားခြင်းဖြစ်ပါတယ်။သခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုဘယ်အရာတွေကိုဘဝရဲ့ပထမနေရာမှာထားနေကြသလဲဆိုတာကိုပြန်လည်သုံးသပ်စစ်ဆေးဖို့သတိပေးလိုက်ခြင်းလဲဖြစ်ပါတယ်။ကျွန်ုပ်ဘဝမှာဘုရားသခင်မဟုတ်တဲ့အခြားအရာတွေဖြစ်တဲ့ရွှေ၊ ငွေ၊ မူးယစ်ဆေးဝါး၊အောင်မြင်ကြော်ကြားမှု၊အာဏာရှိမှုတွေကကျွန်ုပ်တို့ကိုလွမ်းမိုးထားသလား။သခင်ခရစ်တော်သာလျှင်ကျွန်ုပ်တို့ဘဝရဲ့ဆရာသခင်ဖြစ်ပြီးကျွန်ုပ်တို့ကိုအပြစ်နှင့်လောဘရဲ့လွမ်းမိုးမှုအနှောင်အဖွဲ့မှလွတ်မြောက်အောင်ကယ်တင်ပေးနိုင်သူဖြစ်ပါတယ်။ဒါကြောင့်ကိုယ်တော်ရှင်သာလျှင်ကျွန်ုပ်တို့ဘဝရဲ့အရှင်သခင်၊ဆရာသခင်အဖြစ်ဘဝရဲ့ပထမနေရာမှာထားပြီးအရာအားလုံးထက်ချစ်မေတ္တာခံထိုက်သူဖြစ်ပါတယ်။

Daily Reflection