Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-05 06:26:46
(6 )ရက်၊ စက်တင်ဘာလ ၂၀၂၂ (တနင်္လာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၆း၁၂-၁၉)
by Sr. Angela Win Win Maw FMA
Posted by Sr. Sabina Hla Yee Win, ISR

ထောက်ရှုချက်

 

သခင်ယေဇူးသည်တမန်တော်ကြီးများမခန့်အပ်ခင်ပထမဦးဆုံးဆုတောင်းခြင်းကိုတစ်ညလုံးပြုလုပ်ပြီးမှတမန်တော်ကြီးများကိုရွေးချယ်ခန့်အပ်ခဲ့သည်။ဖာရိရှဲနှင့်ဇာဒူကဲတို့သည်သခင်ယေဇူးကိုအပြစ်ရှာရန်ကြိုးစားနေသည်သာမကသခင်ယေဇူးကိုသုတ်သင်ဖယ်ရှားရန်အစွမ်းကုန်ကြိုးပမ်းအားထုတ်နေသောအချိန်လည်းဖြစ်သည်။သခင်ယေဇူးသွားသောနေရာတိုင်းသို့နောက်ကတကောက်ကောက်လိုက်၍အပြစ်ရှာစွဲချက်တင်ရန်သက်သေများကိုစုဆောင်းနေသောအချိန်ကာလဖြစ်သည်။

 

လက်ယာလက်သေသူအားဥပုသ်နေ့တွင်သခင်ယေဇူးကုသပေးခဲ့သည်။ဂျူးလူမျိုးတို့၏ထုံးတမ်းအစဉ်အလာအရဥပုသ်နေ့တွင်အလုပ်မလုပ်ရဟူသောဥပဒေကိုသခင်ယေဇူးချိုးဖောက်ကြောင်းအပြစ်တင်ခဲ့သည်။သခင်ယေဇူးသည်ကောင်းမှုပြုရန်အချိန်၊နေရာကိုမကြည့်ဘဲသတ္တိရှိရှိ၊စိတ်နှလုံးသားအပြည့်နှင့်ကူညီမှုကိုပြုလုပ်ခဲ့ပါသည်။

Daily Reflection