(၇)ရက်၊ စက်တင်ဘာလ ၂၀၂၂ ( ဗုဒ္ဓဟူးနေ့ )
ဧဝံဂေလိကျမ်း (ရှင်လုကာ ၆း ၂၀-၂၆ )
by Sr. Teresa Ja Bawk
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ဒီနေ့ကျမ်းစာတော်မြတ်ထဲမှာသခင်ယေဇူးက“မင်္ဂလာရှိခြင်း”နှင့်“အမင်္ဂလာရှိခြင်း”အကြောင်းကိုပြောပြထားပါတယ်။သခင်ယေဇူးပြောပြတဲ့ “မင်္ဂလာရှိခြင်း”နှင့်“အမင်္ဂလာရှိခြင်း”၏အနက်အဓိပ္ပါယ်ဟာကျွန်ုပ်တို့ကမ္ဘာလောကသားတွေနားလည်ဆုပ်ကိုင်ထားတဲ့အဓိပ္ပါယ်နဲ့ဆန့်ကျင်ဘက်ဖြစ်နေတာကိုတွေ့နေရပါတယ်။သခင်ယေဇူးဟာမကြာခဏဆိုသလို ကျမ်းတတ် ဆရာတို့နှင့် ဖါရီဇေဦးတို့ကိုအမင်္ဂလာရှိသောသူတို့လို့ ရည်ညွှန်းထားတာကိုတွေ့ရပါတယ်။သခင်ယေဇူး၏နောက်လိုက်တွေဖြစ်ကြသောကျွန်ုပ်တို့တွေနောက်ဆုံးနေ့ရောက်သောအချိန်“မင်္ဂလာရှိသောသူ”လို့အခေါ်ခံရဖို့အတွက်ဆိုရင်သခင်ယေဇူးသွန်သင်ထားသောမင်္ဂလာတရားတော်တို့၏အဓိပ္ပါယ်ကိုနားလည်သဘောပေါက်ပြီးလက်တွေ့ဘဝမှာနေ့စဉ်ကျင့်ကြံနေထိုင်မှသာလျှင်ကောင်းကင်နိုင်ငံတော်ကိုမုချပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။