Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-07 08:09:37
(၈)ရက်၊ စက်တင်ဘာလ ၂၀၂၂ (ကြာသပတေးနေ့)
မယ်တော်သခင်မ၏ မွေးနေ့
ဧဝံဂေလိကျမ်း (ရှင်မာတေဦး ၁း ၁ - ၁၆ ၊ ၁၈ - ၂၃)
by Sr. Catharina Bawi FMA
Posted by Sr.Sabina Hla Yee Win, ISR

***ထောက်ရှုချက်***

 

အမိကက်သလစ်အသင်းတော်က မယ်တော်မာရီးယား၏ မွေးနေ့ကို AD 6 ရာစုကတည်းကစတင်ကျင်းပကြပါသည်။ ကျမ်းစာတော်မြတ်ထဲမှာ မယ်တော်သခင်မ၏ မွေးနေ့ကိုဖော်ပြမထားသော်လည်း ရှင်ယာကုပ်ရေးသားထားသော အပယ်ကျမ်းအားဖြင့်ကျွန်ုပ်တို့သိရှိနိုင်ပါသည်။ ဤအချက်ကိုကြည့်ခြင်းဖြင့်ခရစ်ယာန်များ၏ဘာသာတရားကိုင်းရှိုင်းတိုးတက်လာမှုကို တွေ့ရသည်။ ရှင်ယာကုပ်၏ အပယ်ကျမ်းအရရှင်အာနားနှင့် ရှင်ယောကီးတို့သည် ကလေးမရနိုင်သော အမြုံလင်မယားများဖြစ်ကြပြီးသားသမီးရတနာရရှိနိုင်ဖို့ရန်အတွက် ဘုရားရှင်ဆီမှာ ဆုတောင်းခဲ့ကြသည်။ ကမ္ဘာလောကကြီးကယ်တင်ခြင်းရရှိဖို့ရန်အတွက် ဘုရားရှင်၏ စီမံကိန်းများကို အကောင်အထည်ဖော်ဖြည့်စွက်ဖို့ရန်အတွက် ဘုရားရှင်ရဲ့ကတိဖြစ်သော သမီးရတနာကို ရရှိခဲ့သည်။ဤဗျာဒိတ်တော်အားဖြင့် မယ်တော်မာရီးယားဘဝအစကပင် ဘုရားရှင်၏ တည်ရှိခြင်းကိုဖော်ပြထားပါသည်။

 

ရဟန္တာ ဩဂုတ်စတင်းက မယ်တော်သခင်မ၏ မွေးဖွားခြင်းကို သခင်ယေဇူးရဲ့ကယ်တင်ခြင်းလုပ်ငန်းနဲ့ ဆက်စပ်ပေးခဲ့သည်။ ရဟန္တာ ဩဂုတ်စတင်းက ကျွန်ုပ်တို့ လူသားအားလုံးမယ်တော်သခင်မ၏ မွေးနေ့မြတ်အလင်းတော်အောက်၌ ဝမ်းမြောက်ဖို့ရန်အတွက်ဖိတ်ခေါ်ထားပါသည်။ သခင်မ၏ မွေးနေ့အားဖြင့် ကျွန်ုပ်တို့၏ မိဘရင်းဖြစ်သော အာဒံနှင့် ဧဝတို့မှရရှိထားသော အပြစ်ရင်းမှ ပြောင်းလဲပေးခဲ့သည်။ ကလေးငယ်တစ်ယောက်၏ မွေးဖွားခြင်းသည်လောက၌ မျှော်လင့်ခြင်းကို သယ်ဆောင်လာသကဲ့သို့ ထိုကလေးငယ်သည် ဘုရားရှင်ရဲ့ ချစ်ခြင်းနှင့်ငြိမ်းချမ်းခြင်းကို လောကထဲသို့ သယ်ဆောင်ပေးရန် အသုံးတော်ခံဖြစ်လာခဲ့သည်။

 

မယ်တော်မာရီးယား၏ မွေးဖွားခြင်းသည်လည်းထိုနည်း၎င်းဖြစ်၏။ ဘုရားရှင်၏ အနှိုင်းမဲ့သောချစ်ခြင်းမေတ္တာကို သခင်ခရစ်တော်အားဖြင့် ဖော်ပြလျှင် မယ်တော်သခင်မသည် ထိုမေတ္တာကိုနိမိတ်ပေး အစပျိုးပေးသူဖြစ်သည်။ သခင်ခရစ်တော်က ကယ်တင်ခြင်းကို ပြီးပြည့်စုံအောင်ဆောင်ကြဉ်းပေးရင်မယ်တော်မာရီးယားသည်ထိုကယ်တင်ခြင်း၏ အာရုဏ်ဦးပင်ဖြစ်သည်။ထိုနည်းတူစွာသခင်မ၏မွေးနေ့အားဖြင့်ကမ္ဘာလောက၌ကယ်တင်ခြင်း၏ဝမ်းမြောက်ဖွယ်ရာသတင်းကို ယူဆောင်လာခဲ့သည်။ သူမ၏ မွေးနေ့ကို ကျင်းပခြင်းအားဖြင့်လောက၌ ငြိမ်းချမ်းခြင်းတွေ တစ်နေ့တစ်ခြား တိုးပွားလာဖို့ရန်အတွက်နှင့် ကျွန်ုပ်တို့တစ်ဦးချင်းစီ၏နှလုံးသား၌ ထိုငြိမ်းချမ်းခြင်းကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါသည်။

Daily Reflection