Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2021-01-05 08:08:55
#6 January 2021 Daily Reflection
#(နေ့စဉ်ထောက်ရှုချက်များ) (ရှင်မာကု ၆း ၄၅-၅၂)
#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)
Posted by M.Sulatthtwe

”မျက်လုံးသည် စိတ်၏တံခါးပေါက်“ဆိုတဲ့ စကားလေးကို မကြာခဏကြားဖူးပါတယ်။ ဆိုလိုတာကတော့ စိတ်ထဲမှာရှိတဲ့အရာက မျက်လုံးမှာပေါ်လွင်တယ်။ အခုပြောချင်တာကတော့ မျက်လုံးမှာမြင်တာကို စိတ်ထဲက ထင်တတ်တယ်ဆိုတဲ့ အကြောင်းလေးပါပဲ။ ယနေ့ကျမ်းစာတော်ထဲမှာ သခင်ခရစ်တော်က ရေပေါ်မှာလမ်းလျှောက်တာကို တပည့်တော်ကြီးတွေက တစ္ဆေလို့ထင်မှတ်ပြီး ကြောက်လန့်အော်ဟစ်ကြတယ် ဆိုတဲ့အကြောင်းကိုဖတ်ရှုရပါတယ်။ မှန်ပါတယ်။ တပည့်တော်ကြီးတွေ ကြောက်ကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့အချိန်ကမှ ခရစ်တော်ရှင်က ပေါင်မုန့်ငါးလုံး၊ ငါးနှစ်ကောင်ကို လူငါးထောင်ကို ကျွေးမွေးတဲ့ အံ့ဖွယ်ရာကို မျက်မြင်ကိုယ်တွေ့ တွေ့ခဲ့ကြလို့ အံ့ဩနေရုံမပြီးသေးဘူး၊ အခုလည်း တဖက်ကမ်းကို လှေလှော်သွားနေတာ လေဆန်ကလည်းဖြစ်၊ လေကလည်းထန်လို့ ပင်ပင်ပန်းပန်းလှော်ခတ်ကြိုးစားနေကြပြီး၊ အိပ်ရေးကလည်းပျက်၊ သခင်ခရစ်တော်ကိုလည်း ကုန်းပေါ်မှာကျန်ခဲ့တယ်လို့ သိထားကြတော့ ဘာမပြော ဘာမဆို လူတစ်ယောက်က ရေပေါ်မှာ လာလမ်းလျှောက်တော့ မလန့်ဘဲနေကြမလား၊ သွေးမပျက်ဘဲနေကြမလား၊ တစ္ဆေလို့ထင်ပြီး အော်ဟစ်ကြတော့တာပေါ့။ ဒါကြောင့် ဒီသင်ခန်းစာကို ကြည့်ပြီး ကျွန်ုပ်တို့လည်း သူတစ်ပါးကို မိမိတို့အပေါ်ယံမြင်သလို စိတ်ထဲကမထင်မိဖို့ မဆုံးဖြတ်မိဖို့ အရေးကြီးပါတယ်။ တကယ်မှာဆိုရင် အသားဖြူသည်ဖြစ်စေ၊ မဲသည်ဖြစ်စေ လူတိုင်းရဲ့သွေးကတော့ အနီရောင်ပါပဲ။ လူတိုင်း တစ်ရက်ကို ၂၄နာရီ အတူတူရကြပါတယ်။ ”ဝ“တဲ့သူကိုမြင်လို့ အစားကြီးတယ်လို့ မထင်ပါနဲ့။ တကယ်တမ်း ”ဝ“ခြင်းရဲ့နောက်ကွယ်က ညစာလျော့စားရခြင်းတွေနဲ့ ဆုံးရှုံးသွားတဲ့အလှအပတွေကြောင့် ဝမ်းနည်းရခြင်းတွေ ဘယ်သူမျှမသိပါဘူး။ စိပ်ပုတီးလည်ပင်းဆွဲထားလို့လည်း ဘုရားတရားကြည်ညိုလွန်းတယ်လို့ မထင်ပါနဲ့။ စိပ်ပုတီးဆွဲပြီး အရက်မူးနေတဲ့သူတွေကိုလည်း ကိုယ်တိုင်မြင်ဖူးပါတယ်။ ဒါတွေအားလုံးဟာ အထင်နဲ့အမြင် လွဲနေတာတွေပါ။ ဒါပေမဲ့ တပည့်တော်ကြီးတွေဟာ ခရစ်တော်ရှင်မှန်း သိသွားတဲ့အခါမှာ အမှန်ကိုမြင်ပြီး စိတ်လှုံခြုံငြိမ်းချမ်းမှုတွေကို ခံစားသွားကြရပါတယ်။ ခရစ်တော်ရှင် လှေပေါ်ရောက်လာတော့ လေကလည်း ငြိမ်သက်သွားပါတယ်။ ဒါကြောင့် ခရစ်တော်ရှင်ရှိတဲ့နေရာမှာ ငြိမ်းချမ်းခြင်းရှိတယ်။ ခရစ်တော်နဲ့ပေါင်းစပ်ရင် အရာရာကို အမှန်အတိုင်း မြင်နိုင်ပြီး လက်ခံနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်ုပ်တို့စိတ်နှလုံးသားထဲ၌ ခရစ်တော်သခင်ကို နေရာပေးကြပါစို့။

အိုဘုရားသခင် တပည့်တော်တို့၌ ကြည်လင်သောမျက်လုံးနှင့် ချစ်တတ်သောနှလုံးသားကို ပေးတော်မူပါ။ အာမင်။

 

ခရစ်တော်၏အလင်းကျေးဇူးတော်၌

#စစ္စတာရ် ဂျုန်းငယ်ငယ် (SFX)

Daily Reflection