(၂၄) ကြိမ်မြောက်သာမန် တနင်္ဂနွေနေ့
(၁၁)ရက်၊ စက်တင်ဘာလ ၂၀၂၂
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၅း ၁-၃၂)
by Sr. Teresa Ja Bawk
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
လူတိုင်းဟာ “ပျောက်ဆုံးခြင်း” ဆိုတဲ့ ခံစားချက်၊ အတွေ့အကြုံနဲ့မကင်းကြသလို ပျောက်ဆုံးသွားတဲ့အရာကို ပြန်လည်တွေ့ရှိခြင်း၌ ခံစားရသောပျော်ရွှင်မှုကိုလည်း ကြုံဖူးမည်ဖြစ်သည်။ ပျောက်ဆုံးသွားတဲ့အရာဟာ ကိုယ်ဘဝအတွက် ဘယ်လောက်အရေးကြီး၊ အရေးပါလည်းပေါ်မူတည်ပြီး ပြန်လည်ရှာဖွယ်တဲ့ အတိုင်းအတာကလည်း ကွာခြားသွားပါတယ်။ ဒီနေ့ကျမ်းစာတော်ထဲမှာလည်း ဘုရားသခင်က လူသားတွေ၊ အထူးသဖြင့်အပြစ်ထဲမှ မရုန်းထနိုင်သောသူတွေဟာ သူအတွက် ဘယ်လောက်အရေးပါပြီး၊ သူတို့ကိုချစ်ကြောင်းကိုပုံဥပမာများဖြင့် ဖော်ပြနေပါတယ်။ ကျွန်ုပ်တို့ဘဝအတွက် ဘုရားသခင်ဟာ ဘယ်အတိုင်းအတာထိအရေးပါနေပါသလဲ?...ဘုရားသခင်က ကိုယ့်ဘဝထဲက ပျောက်ကွက်နေတယ်လို့ ခံစားနေတယ်ဆိုရင်ဘုရားသခင်ကိုတွေ့သည့်အထိ ကြိုးစားရှာရဲ့လား?... ကျွန်ုပ်တို့ရဲ့ အပြစ်တွေကြောင့် ဘုရားသခင်နှင့် ဝေးကွာသွားသည့်အချိန်မှာ သူ့ဆီကိုပြန်လာဖို့ကြိုးစာမှုရှိရဲ့လား?... ထောက်ရှူစဉ်းစားရင်း လိုရာကျေးဇူးများကို အသနားခံတောင်းလျှောက်ကြပါစို့။