(၁၂) ရက်၊ စက်တင်ဘာလ (တနင်္လာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၇း ၁ - ၁၀)
by Sr. Camilla FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
“သို့ရာတွင် တစ်ခွန်းမျှသာ အမိန့်ရှိတော်မူ၍ အကျွန်ုပ်၏ အစေခံကို ရောဂါပျောက်ကင်းစေတော်မူပါ။” ဤယနေ့ ကျမ်းစာလေးကတော့ သခင်ယေဇူးနှင့် လူတစ်ရာတပ်မှူးတို့ တွေ့ဆုံပြီး
နာမကျန်းဖြစ်တေသာ သူ့ရဲ့အစေခံကို ကုသပေးဖို့ ယုံကြည်ခြင်း၊ နှိမ့်ချခြင်းအပြည့်ဖြင့် သခင်ယေဇူးထံတော်သို့ ချဉ်းကပ်ကြားဝင်တောင်းခံတဲ့ အကြောင်းလေးဖြစ်ပါတယ်။
ဤကျမ်းစာတော်မြတ်ကနေ လူတစ်ရာတပ်မှူးက ဘာသင်ပေးနေလဲဆိုရင်
၁။ မေတ္တာတော်ဘုရားရှင်ရဲ့ နှုတ်တော်ထွက်စကားတော်မြတ်နှင့် ဘုရားရှင်ရဲ့ အရာရာကို တတ်စွမ်းနိုင်မှုကို အပြည့်အဝယုံကြည်ခြင်း။
၂။ လူသားတစ်ယောက်အနေနဲ့ မိမိမထိုက်တန်မှုကို နှိမ့်ချစွာ ဘုရားဆီမှာ သိမှတ်ဝန်ခံခြင်း။
၃။ မိမိရဲ့ မနာမကျန်းဖြစ်တေသော အစေခံတစ်ဦးအပေါ်မှာ စစ်မှန်တဲ့ ဂရုစိုက်မှုပြသခြင်းတို့ဖြစ်ပါတယ်။
ဤအရာတွေကို ထောက်ရှုခြင်းအားဖြင့် သူ့ရဲ့ဘုရားရှင်နှင့် နီးစပ်သူလူသားတွေအပေါ် ချစ်ခြင်းမေတ္တာထားခြင်းတွေကို သက်သေပြနေပါတယ်။ ဒါကြောင့်ကျွန်ုပ်တို့ခရစ်ယာန်တစ်ဦးချင်းစီအတွက် ပုံစံနာမူကောင်းအဖြစ်ယူ၍ ဘုရားရှင်အပေါ် ခိုင်မြဲတဲ့ ယုံကြည်ခြင်းနှင့် အမြဲ ချဉ်းကပ်၍ လူသားအချင်းချင်းအပေါ် စာနာဂရုစိုက်တဲ့သူများဖြစ်ဖို့ ဘဝမှာ နှလုံးသွင်းလိုက်နာကျင့်ကြံနိုင်ဖို့ ကြိုးစားသွားကြပါစို့။