(၁၃) ရက်၊ စက်တင်ဘာလ (အင်္ဂါနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၇း၁၁ - ၁၇)
By Sr. Bernedette Mai Sant FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
မျှော်လင့်ချက်ထားရာတစ်ဦးတည်းသော သား၏သေဆုံးခြင်းကြောင့် မျှော်လင့်ချက်အားလုံးပျောက်ဆုံးခြင်း ဘဝအခြေအနေ ဆိုက်ရောက်ခဲ့သော မုဆိုးမ၏ ငိုကြွေးနေသော အဖြစ်ပျက်ကို မြင်နေရသော ခရစ်တော်၏ အလွန်သနားတတ်သောသခင် ဖြစ်ပျက်နေသောအခြေအနေကို ချက်ချင်းတုန့်ပြန်ခဲ့တယ်။ ကြေကွဲရလွန်းလို့ ဘာမှတောင်းလျှောက်ဖို့ ခွန်အားမရှိတဲ့ မုဆိုးမ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးခဲ့တယ်။ မကြာခင်မှာပဲ လူသားအားလုံး၏ ကယ်တင်ခြင်းအတွက် ရက်စက်စွာ အသတ်ခံရမယ့် သခင်ခရစ်တော် မုဆိုးမမယ်တော်သခင်မ၏ နှလုံးကြေကွဲခြင်း အဖြစ်အပျက်ကို ကြိုတင်သိနေခဲ့တဲ့ခရစ်တော် ကိုယ့်အတွက်တော့ အရာအားလုံးကို ခံထမ်းပြီး လိုအပ်ချက်ရှိတဲ့ လူသားတိုင်းအပေါ် အမြဲသနားတတ်ပြီး ကူညီပေးတတ်စေရန် ဒီနေ့ကျမ်းချက်လေးဖြင့် ကျွန်ုပ်တို့တစ်ဦးစီသည် ကိုယ်ချင်းစားတရားနဲ့ နီးစပ်သူအပေါ် မပျက်မကွက် မေတ္တာတရားထားတတ်ဖို့ ကျွန်ုပ်တို့ကို သွန်သင်ပေးနေပါတယ်။ စိတ်ကောင်းနှလုံးကောင်းဖြင့် ကမ္ဘာကြီးကို အလှဆင်နေသော သူတော်ကောင်းများအားလုံး ဘုရားရှင် ကောင်းကြီးပေးပါစေ။