(၁၅)ရက်၊ စက်တင်ဘာလ ၂၀၂၂ ( ကြာသပတေးနေ့)
ဧဝံဂေလိကျမ်း (ရှင်ယောဟန် ၁၉း ၂၅ - ၂၇)
by Sr. Monica FMA
Posted by Sr. Sabina Hla Yee Win, ISR
***ကျမ်းစာထောက်ရှုချက်***
ဤယနေ့ အမိအသင်းတော်သည် ဝမ်းနည်းခြင်းမယ်တော်သခင်မ၏ ပွဲနေ့ကို ကျင်းပရန် ကျွန်ုပ်တို့အား ဖိတ်ခေါ်ပါသည်။ မယ်တော်သခင်မသည် ခရစ်တော်သခင်၏ ဒုက္ခစရိယာ၌ ကားတိုင်လမ်းအစမှ ကာလ်ဝါရီတောင်ကုန်းအထိ အဆုံးတိုင် ပါဝင်ခဲ့ပါသည်။ မယ်တော်သည် သားတော်ဘုရား၏ ဒုက္ခစရိယာ၌ အတူခံထမ်းခဲ့သလို ကျွန်ုပ်တို့အားလုံး၏ အမိမယ်တော်ဖြစ်သည့်နည်းတူ ကျွန်ုပ်အားလုံး၏ ဆင်းရဲခြင်း၊ ဖိနှိပ်ချုပ်ချယ်မှုခံရခြင်း၊ သဘာဝဘေးအန္တရယ်ကြုံတွေ့ရင်ဆိုင်ရခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ စိတ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံရခြင်း၊ ကပ်ရောဂါဘေးအန္တာရယ်ကြုံတွေ့ရခြင်း စသည့် ကားတိုင်များကိုလည်း အမိမယ်တော်သခင်မသည် ကျွန်ုပ်တို့နှင့်အတူ ခံထမ်းမည်ဖြစ်သည်ကို သေချာပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့ဘက်ကနေ မယ်တော်သခင်မကို ယုံကြည်အားကိုးပြီး မယ်တော်၏ အကူအညီတောင်းခံကြပါစို့။ အမိမယ်တော်နှင့် အတူ မိမိတို့ဘဝကို လျှောက်လှမ်းကာ တစ်ပါးသူ၏ ကားတိုင်များကိုလည်း အမိမယ်တော်ကဲ့သို့ ကူညီပေးသောသူများဖြစ်ဖို့ ကြိုးစားသွားကြပါစို့။