Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-15 01:57:17
(၁၆) ရက်၊ စက်တင်ဘာလ ၂၀၂၂ ( သောကြာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၈း ၁ - ၃)
by Post. Maria Kai Mun Pan
Posted by Sr. Sabina Hla Yee Win, ISR

***ကျမ်းစာထောက်ရှုချက်***

 

ယနေ့ သခင်ယေဇူးက တပည့်တော်ကြီးများနှင့်အတူ တရားဒေသနာကို တစ်နေရာပြီး တစ်နေရာဟောကြားခဲ့စဉ် သူတို့နှင့်အတူ အချို့သော အမျိုးသမီးများလည်း လိုက်လာခဲ့တယ်ဆိုတာကို သမ္မာကျမ်းစာထဲမှာ ဖော်ပြခဲ့ပါတယ်။ ပထမဦးစွာ ထိုအမျိုးသမီးတွေအကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် သူတို့တွေ့ရဲ့ ဘဝကတစ်ယောက်နဲ့ တစ်ယောက် အဆင့်အတန်းချင်း၊ အခြေအနေချင်းလည်း မတူကြဘူး ပြီးတော့ ခရစ်တော်ထံမှ တစ်ဦးချင်းစီ ခံစားခဲ့ရတဲ့ ကျေးဇူးတော်တွေလည်း မတူကြဘူး။ ဒါပေမယ့် သူတို့မှာ တူညီတဲ့အချက်ကဘာလဲပြန်ကြည့်မယ်ဆိုရင် ခရစ်တော်ရဲ့ နောက်ကို ခံယူချက်အပြည့်၊ ဇွဲလုံ့လအပြည့်နှင့် ဆန္ဒရှိရှိ၊ သူတို့မှာ ရှိသမျှအရာအားလုံးကို စွန့်လွှတ်ပြီးကျေးဇူးတင်ချင်တဲ့စိတ်နှင့်သာ လိုက်ခဲ့တယ်။ သိသာ၊ မြင်သညစွာဖြင့် တွေ့ရပါတယ်။ ဒီဥပမာအားဖြင့် ဝိညာဉ်တော်ဘုရား ကျွန်ုပ်ကို ခရစ်တော်ကို ယုံကြည်သော ခရစ်ယာန်တစ်ယောက်အနေဖြင့် မိမိ၌ စွန့်လွှတ်သင့်သော အရာများကို ရဲရဲဝံ့ဝံ့၊ ဆန္ဒရှိရှိနှင့် စွန့်လွှတ် ပြီးမှ တစ်ပါးသူ၏ လိုအပ်ချက်ကို မြင်နိုင်မှာဖြစ်ကြောင်းကို လှုံ့ဆော်ပေးရင်း သစ္စာရှိသော သခင့်ရဲ့ နောက်လိုက်ကောင်းတစ်ယောက်ဖြစ်ရန် တိုက်တွန်းပေးခြင်းခံရပါသည်။

Daily Reflection