၁၇ရက်၊ စက်တင်ဘာလ ၂၀၂၂ ( စနေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၈း ၄ - ၁၅)
by Sr. Filomena Ma Yee FMA
Posted by Sr. Sabina Hla Yee Win, ISR
***ကျမ်းစာထောက်ရှုချက်***
v ကျွန်ုပ်ကိုယ်ကို ကျွန်ုပ်မေးတယ်။ ငါသည် ခရစ်တော်အတွက် ဘယ်လိုနောက်လိုက်မျိုးလဲ။ အားလုံးအတွက် သတင်းကောင်းအဖြစ် သခင်ခရစ်တော်သည် ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ လက်မလျော့ကြောင်း ကြားသိရတယ်။ ကျွန်ုပ်တို့သည် လမ်းလွဲနေရင်တောင်မှ ခရစ်တော်သည် သူ့၏ နှုတ်ကပတ်တော်ကိုဆက်ပြီး စိုက်ပျိုးနေမြဲဖြစ်သည်။ ခရစ်တော်၏ ချစ်ခြင်းကို ပိုပြိး နက်နဲစွာနှင့် ရင့်ကျက်သောဘဝဖြစ်တုံ့ပြန်လာမည့်အချိန်ကို အမြဲစောင့်မျှော်နေခဲ့သည်။