Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-18 07:46:27
(၁၉) ရက်၊ စက်တင်ဘာလ ၂၀၂၂ (တနင်္လာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၈း ၁၆ - ၁၈)
By Sr. Cecilia DoiLing FMA
Posted by Sr. Sabina Hla Yee Win, ISR

***ထောက်ရှုချက်***

 

ယနေ့ဧဝံ‌ဂေလိကျမ်းစာထဲမှာ မည်သူမျှ "ဆီမီးကိုထွန်း၍ တောင်းဖြင့် အုပ်ထားလေ့မရှိ" ဆိုသလိုဘဲ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းအလင်းကိုလည်း ဖုံးကွယ် ထားခြင်းမရှိဘဲ ကျွန်ုပ်တို့၏ နူတ်၊ အမူအရာတို့ဖြင့် ရိုးရှင်းပွင့်လင်းစွာ ကြေငြာဟောပြော ကြမှာ ဖြစ်ပါတယ်။ ခရစ်ယာန်ယုံကြည်ခြင်းသည် သီးခြားအရာမဟုတ်ဘဲ၊ ဂုဏ်ယူရမည့်အရာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်ုပ်တို့သည် အများရဲ့ဝိုင်းပယ်၊ ပျက်ရယ်ပြုခြင်းကို မလိုချင်တာကြောင့် မိမိတို့၏ယုံကြည်ခြင်းကို အများရှေ့ ဖော်ပြ၊ သက်သေခံဖို့ ကြောက်ကြတယ်။

 

ယနေ့ ဧဝံဂေလိကျမ်းစာတော်အားဖြင့် မိမိတို့၏ဘဝအလင်းကို အများသူများ မြင်နိုင်စေရန် ခရစ်တော်ဘုရားရှင်က ဖိတ်ခေါ်နေတာဘဲဖြစ်ပါတယ်။ ကျွန်ုပ်တို့ဘဝမှာ ယုံကြည်ခြင်းမီးလျှံ ပျောက်ကွယ်သွားရင် အခြားအလင်းများ မှေးမှိန်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အရာအားလုံး၏ အရင်းအမြစ်ဖြစ်သော ယေဇူးခရစ်တော်ထံ တိုးဝင်ချည်းကပ်ကြပါစို့။

Daily Reflection