(၂၂ )ရက်၊ စက်တင်ဘာလ ၂၀၂၂ (ကြာသာပတေးနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၉း ၇ - ၉)
By Sr. Agnese FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
”ဟေရုဒ်မင်းသည် ဖြစ်ပျက်သမျှ အားလုံးကို ကြားလျှင်သူစိတ်ထဲ၌ ဇဝေဇဝါဖြစ်လေ၏။ အကြောင်းမူကား ယောဟန်သည် သေရာမှပြန်ရှင်လာပြီဟုဆိုကြ၏။” ဟေရုဒ်မင်းက ဒီသတင်းအပေါ် ဘာကြောင့်စိတ်ရှုပ်ထွေးရတာလဲ။ မင်းကြီးနဲ့ ယောဟန်နဲ့ဘယ်လို ပတ်သက်ခဲ့ဖူးလဲသေချာတာကတော့ ဟေရုဒ်မင်းကြီးဟာယောဟန်အပေါ်တရားသဖြင့် ကောင်းမွန်စွာ မဆက်ဆံခဲ့ဘူး။ သူလုပ်သင့်တာကို မလုပ်ခဲ့ပဲ၊ မလုပ်သင့်တဲ့အရာကို လုပ်ခဲ့တယ်။ ဒီအကြောင်းအရာတွေကြောင့်သူရဲ့ဩသပ္ပစိတ်က မငြိမ်းချမ်းရပဲ ထိတ်လန့်နေရခြင်းဖြစ်ပါတယ်။ သူကြားနေရတဲ့သတင်းက အခြားပုဂ္ဂိုလ်တစ်ဦးအကြောင်းဖြစ်ပေမဲ့ အမြင်အသစ်နဲ့ အရှိအတိုင်း ရှင်းရှင်းလင်းလင်းမမြင်နိုင်ခဲ့ဘူး။
“ငါကြားနေရသောဤသူကား မည်သူဖြစ်မည်နည်းဟုဆိုလျက် ကိုယ်တော်ကို တွေ့မြင်ရန်ကြိုးစားလျက် နေလေ၏။” ကိုယ်တော်ကို တွေ့မြင်ရန်ဆန္ဒပြင်းပခြင်းဟာ ထိုသူကိုနောက်တစ်ကြိမ် ဒုက္ခပေးဖို့လား။ ဒါမှမဟုတ် ထိုသူကိုတွေ့ပြီး တောင်းပန်ဖို့ကျေအေးခြင်းရယူဖို့လား။ သူ့အတွက်ဒုတိယ အခွင့်အရေးတစ်ခုဖြစ်မှာလား။ ကျွန်ုပ်တို့တတွေလည်း လူသားရယ်လို့ဖြစ်တဲ့အတွက် မှားတတ်တဲ့သဘာဝမှာရှိပါတယ်။ သခင်ယေဇူးကတော့ လူတွေရဲ့ အဖြစ်ကျူးလွန်ခြင်းအပေါ်မှတ်မထားပဲ နောက်ထပ်အခွင့်အရေးများကို အမြဲပေးနေတယ်ဆိုတာကို ခိုင်မာစွာယုံကြည်ပြီး အပြစ်အမှားများကိုရှောင်ကျဉ်ရင်း ကောင်းမှုများ ကိုသာပြုလုပ် ကျင့်ကြံနေထိုင်သွားကြပါစို့။