(၂၃) ရက်၊ စက်တင်ဘာလ ၂၀၂၂ (သောကြာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၉း ၁၈-၂၂)
By Sr. Teresa Koma FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ငါကမင်းအတွက် ဘယ်သူလဲလို့ သခင်ခရစ်တော်က တပည့်တော်ကြီးတွေကို မေးလိုက်တဲ့မေးခွန်းဟာ သခင်ခရစ်တော်က သူ့ကိုယ်သူမသိလို့မေးတာ မဟုတ်ပါဘူး။ ဒီထက်ပိုသေချာတာတပည့်တော်ကြီးတွေ ပြန်ဖြေလိုက်တဲ့အဖြေဟာ သူတို့သခင်ခရစ်တော်အပေါ်ထားတဲ့ သံဓိဌာန်ကပိုမိုခိုင်မာစေပါတယ်။ ကျွန်ုပ်တို့ကိုလည်း ဒီမေးခွန်းပဲမေး နေတယ်။ ငါဟာမင်းအတွက် ဘယ်သူလဲ။ ကျွန်ုပ်တို့ သခင်ခရစ်တော်ကို ယုံကြည်တာဟာ ဘေးလူတွေကပြောပြလို့ ယုံတာထက် ပိုမိုလေးနက်ရမှာဖြစ်ပါတယ်။ သခင်ခရစ်တော်နဲ့ ကိုယ်တိုင်ပေါင်းစပ်ခြင်းအားဖြင့် ရရှိလာတဲ့ ယုံကြည်ခြင်းသာ ဖြစ်ရမယ်။ အကယ်၍ သခင်ခရစ်တော်ဟာကျွန်ုပ် တို့ရဲ့မိတ်ဆွေသူငယ်ချင်း၊ ကောင်းသောသိုးထိန်းနှင့် ဆရာသခင်ဖြစ်မယ်ဆိုရင် ကျွန်ုပ်ဘဝအသက်တာမှာ အမှန်တကယ်သူနဲ့ ထိတွေ့ပြီး တွေ့ကြုံခံစားရမှာဖြစ်တယ်။
တပည့်တော်ကြီး ရှင်ပေတရုလို သခင်ခရစ်တော်ဟာ ဘုရားသခင်ရဲ့ သားတော်ဖြစ်တယ်လို့ သက်သေခံဖို့ အသင့်ရှိပြီလား။ မိမိရဲ့ နီးစပ်သူနဲ့ရော သခင်ခရစ်တော်ဟာ ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်ဖြစ်တယ်လို့ ပျော်ရွှင်စွာ ဝေမျှနိုင်ပြီလား။ သခင်ခရစ်တော် ကျွန်ုပ်တို့အတွက် ကယ်တင်ရှင်ဖြစ်တယ်လို့ ပြောလိုက်တာဟာ ကျွန်ုပ်တို့ဘဝမှာ ဘာအခက်အခဲပြသနာမရှိတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ သခင်ခရစ်တော်ကိုယ်တိုင် ဒုက္ခအခက်အခဲကို ခံထမ်းခဲ့ရတယ်၊ လူတွေရဲ့ပစ်ပယ်ခြင်းကို ခံခဲ့ရတယ်။ ကျွန်ုပ်တို့ဘဝမှာလည်း စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းကြေကွဲမှုနဲ့ ဒုက္ခအခက်အခဲတွေ ဆက်လပ်တွေ့ကြုံရအုံးမှာပဲ။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်ုပ်တို့ရဲ့ ကားတိုင်ကိုထမ်းပြီး သခင်ခရစ်တော်ရဲ့ နောက်ကို ဆက်လက်လိုက်ဖို့သခင်ခရစ်တော်က ဖိတ်ခေါ်နေပါတယ်။