(၂၄) ရက်၊ စက်တင်ဘာလ ၂၀၂၂ (စနေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၉း ၄၃ -၄၅)
By Sr. Elizabeth Sar Say War FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ဒီနေ့ကျမ်းစာတော်ြမတ်ထဲမှာ လူတွေအားလုံးက သခင်ခရစ်တော်ကို အံ့ဩချီးမွမ်းနေကြပေမယ့် သခင်ခရစ်တော်ဟာ ဒီချီးမွမ်းမှု့တွေထဲမှာ နှစ်မျောမသွားပဲ သူရဲ့ရည်ရွယ်ချက်ပန်းတိုင်ကို မလွဲသွားစေပဲ အမြဲသတိမူနေခဲ့တယ်။ တပည့်တော်တွေကိုလည်း လူတွေရဲ့ချီးမွမ်းမူ့တွေထဲမှာပဲ နစ်မျောမသွားပဲ သူ့ရဲ့ကားတိုင်လမ်းရှိသေးတဲ့အကြောင်း သတိပေးထားတာတွေ့ရတယ်။ ကျွန်ုပ်တို့ တစ်ဦးစီရဲ့ဘဝမှာလည်း လောကရဲ့ ဆွဲဆောင်ခြင်း၊ ချီးမွမ်းခြင်း နဲ့ အောင်မြင်မူ့တွေနောက်ပဲ မလိုက်ပဲ အမှန်တကယ်ထာဝရအသက်ရစေမယ့် မိမိကိုယ်ကိုငြင်းပယ်တဲ့ ကားတိုင်လမ်းကို မမေ့လျှော့ပဲ ရွေးချယ်လျှောက်လှမ်းသင့်ကြောင်း သခင်ခရစ်တော်ကသွန်သင်ထားတယ်။ ဒါကြောင့် နေ့သစ်တစ်နေ့နိုးထတိုင်းမှာ မိမိရဲ့အလိုဆန္ဒတွေကိုငြင်းပယ်ပြီး ဘုရားရဲ့ အလိုတော်အတိုင်း ကျင့်ကြံလုပ်ဆောင်နိုင်ဖို့တိုက်ပွဲဝင်နေကြရမှာြဖစ်တယ်။ ဒီတိုက်ပွဲရဲ့အောင်မြင်ခြင်း၊ ကျရှုံးခြင်းဆိုတာကတော့ ကျွန်ုပ်တို့တစ်ဦးစီရဲ့လက်ထဲမှာပဲရှိပါတယ်။ ဒါကြောင့် မိမိအလိုဆန္ဒတွေနဲ့ တိုက်ခိုက်တဲ့ ပွဲမှာ အနိုင်တိုက်မှာလား၊ အရှုံးပေးမှာလား။