(၂၅)ရက်၊ စက်တင်ဘာလ (တနင်္ဂနွေနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၆း ၁၉ -၂၃ )
By Sr. Catherina FMA
Posted by Sr. Sabina HLa Yee Win, ISR
***ထောက်ရှုချက်***
ဒီနေ့ရဲ့သမ္မာကျမ်းစာထောက်ရှုချက်လေး ဝေမျှသွားချင်တာကတော့ စိတ်၀င်စားစရာကောင်းတဲ့လူနှစ်မျိုးနှစ်စားရဲ့ ပုံရိပ်နဲ့ဥပမာ၊ နေထိုင်ပုံနှင့် ဘယ်လိုဘ၀အဆုံးသတ်သလဲဆိုတာ အတူတူထောက်ရှုကြည့်ရအောင်။ ဒီလိုနစ်ဦးထဲကတစ်ဦးကတော့ ဆင်းရဲသားလာဇရုလို့ နာမည်ပြောထားပေမယ့်ကျန်တဲ့လူတစ်ယောက်ကိုတော့ နာမည်မတပ်ထားတာကိုတွေ့ရပါတယ်။ ဒီအချက်ကိုကြည့်ခြင်းအားဖြင့် ဘယ်သူဘယ်ဝါဆိုလိုခြင်းမရှိဘဲ ဒီလူရဲ့အပြုအမူနှင့်လုပ်ရပ်ကို အဓိကပြောထားတာဖြစ်တယ်လို့မှတ်ယူလို့ ရပါတယ်။ ဒီဥပမာထဲကလူနှစ်မျိုးဟာ ကျွန်ုပ်တို့ပတ်ဝန်းကျင်မှာလဲ အမြဲမြင်တွေ့ကြုံတွေ့နေရတဲ့ ချမ်းသာခြင်းဆင်းရဲခြင်းဘဝနေထိုင်မှုအခြေအနေနှစ်မျိုး ဖြစ်ပါတယ်။
ဤအကြောင်းကိုအချက်နှစ်ချက်နဲ့ထောက်ရှုသွားချင်ပါတယ်။
၁။ လျစ်လျူရှုခြင်း။( ignorance , indifferent )
ပုံဥပမာထဲကသူဌေးကြီးဟာ ချမ်းသာလို့၊ ပိုင်ဆိုင်မှုများလို့ ငရဲရောက်နေတာမဟုတ်ပါဘူး။ သူ့ဘေးနားမှာနေတဲ့သူကို လျစ်လျူရှုခြင်း၊ ဂရုမစိုက်ခြင်း၊ စိတ်ဝင်စားခြင်းမရှိသောကြောင့် ဆင်ရဲသားလာဇရုအပေါ် နှိပ်စက်ညှဉ်းဆဲခြင်းမပြုပေမယ့် ဘာကောင်းကျိုးမှလည်းမပြုပေးလို့(omitted sin ) ကောင်းသောအရာလုပ်ဖို့ ပျက်ကွက်ခြင်းကြောင့် ငရဲရောက်ရခြင်းသာ ဖြစ်သည်။
၂။ တာ၀န်ရှိမှု (Responsibility )
ကျနော်တို့ဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းနဲ့ (social life)နေရတာဖြစ်ပြီး နီးစပ်သူအသိုင်းအဝိုင်းကြားထဲမှာတာဝန်မကင်းပါဘူး။ မျက်စိဖွင့်နားဖွင့်ပြီးအကူအညီလိုအပ်နေသူကို ဝေမျကူညီပေးဖို့ ၊တစ်ယောက်ထဲအဆင်ပြေရင်ပြီးရောဆိုပြီး တကိုယ်ကောင်းဆန်စွာနေမယ်ဆိုရင် ပုံဥပမာထဲကသူဌေးလိုဘဲ အဆုံးသတ်ရလိမ့်မည်။ မရှိဆင်းရဲသားများအပေါ် မတရားခေါင်းပုံဖြတ်အမြတ်ထုတ်နေသောလူတချို့သည်လည်း ဆင်းရဲသားများပိုင်ဆိုင်တဲ့အရာကိုလုယူနေတာနဲ့အတူတူပဲ ဖြစ်တယ်။
ဒါကြောင့် ကျနော်တို့သိထားရမှာက ဘဝအလှည့်အပြောင်းဆိုတာရှိပါတယ်။ ချမ်းသာတဲ့သူဟာအမြဲတမ်းကောင်းစားနေမှာမဟုတ်သလို ဆင်ရဲသားဆီကတောင် အကူအညီလိုအပ်နေတဲ့အချိန်မျိုးတောင်ရောက်လာနိုင်တယ်ဆိုတာကို ဒီနေ့ကျမ်းစာရဲ့ပုံဥပမာက ပြောပြပေးနေပါတယ်။ ဒါကြောင့် ဘုရားသခင်ပေးထားတဲ့ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆင်းရဲချမ်းသာမရွေး နေထိုင်အသက်ရှင်ခွင့်ရနိုင်ရန် တယောက်နဲ့တယောက် ဖေးမ၊ဝေမျှပေးကမ်းကြဖို့ လိုအပ်ပါတယ်။ လာဇရုလိုမျိုး မိမိနီးနားမှာရှိနေတာကို သတိထားမြင်တွေ့တတ်အောင်နှင့် အကူအညီမဲ့နေသူများကို ရက်ရောသော နှလုံးသားဖြင့် ကြိုဆိုလက်ခံပေးခြင်းအားဖြင့် လောကမှာတင်မကဘဲ ကောင်းကင်နိုင်ငံမှာ အတူတူ ပျော်ရွင်စံစားနိုင်အောင် ကြိုးစားကြပါစို့။