Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-09-25 04:16:57
(၂၆ )ရက်၊ စက်တင်ဘာလ ၂၀၂၂ (တနင်္လာနေ့)
ဧဝံဂေလိကျမ်း (ရှင်လုကာ ၉း ၄၆ -၅၀)
By Sr. Elizabeth Phyu Phyu Aung FMA
Posted by Sr. Sabina Hla Yee Win, ISR

***ထောက်ရှုချက်***

ကြီးမြတ်ခြင်းဆိုတာ လူသားတိုင်း လိုချင်တမ်းတရဲ့အရာပါ။ ရိုသေလေးစားခံရမှု၊ ငွေကြေးချမ်းသာ လူကြိုက်များမှု၊ ကျော်ကြားမှု၊ အားကိုးခံရမှု၊ ချီးကျူးခံမှု ဆိုတာတွေဟာ လူတစ်ဦးကို ကြီးမြတ်စေတဲ့အရာတွေပါ၊ ဒါကြောင့်လည်း လူတွေဟာ မိမိတို့ရဲမာန်မာန၊ အတ္တ၊ လောဘနဲ့ အရည်အသွေးတွေမှာ နှစ်မောသွားတတ်ကြတယ်။ ကျွန်ုပ်တို့ရဲ့ဆရာ၊ သခင်ခရစ်တော်အတွက်ကျတော့ ကြီးမြတ်မှုဆိုတာ တစ်ပါးသူအတွက် စဉ်စားပေးတတ်ခြင်း မိမိကိုယ်ကို နှိမ့်ချခြင်းနဲ့ တုင်းတာထားပါတယ်။ ဒါကြောင့် သူ့အတွက်ကြီးမြတ်သော ခေါင်းဆောင်ဟာ ကလေးလူသယ်တစ်ဦးကဲ့သို့ တခြားသူကို ရေးပေးအားထားခြင်း၊ နှိမ့်ချခြင်း၊ ဖြောင့်မတ်မှန်ကန်ခြင်းနှင့်သစ္စာရှိခြင်း စတဲ့အရည်အချင်းနှင့် ပြည့်ဝသူလို သတ်မှတ်ပါတယ်။ ဒါတွေကိုလည်း သူကိုယ်တိုင် တပည့်တော်ကြီးတွေရဲ့ခြေကိုဆေးခြင်းဖြင့်လည်း‌ကောင်း၊ ကားတိုင်ပေါ်မှာ အသေခံခြင်းဖြင့်လည်ကောင်း၊ သက်သေပြခဲ့ပါသည်။ ဘယ်သူအတုယူနိုင်မလဲ။ဘုရားနဲ့ပေါင်းစပ်တတ်သူ ဘုရားရဲ့ခြစ်ခြင်းနဲ့ ပြည့်ဝစွာနေထိုင်သူအတွက် ဒီအရာကဖြစ်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့် ခရစ်တော်ရဲ့ ချစ်ခြင်းနဲ့မိမိရဲ့ အသက်တာကိုရှင်သန်နိုင်အောင် ကြိုးစားရင်း မိမိနဲ့ကွဲပြား ခြားနားသူကို လက်ခံတတ်သူ နိုမ့်ချခြင်းနဲ့ မိမိရဲ့ကြီးမြတ်မှုကို ရှာဖွေကျင့်ကြံသွားကြပါစို့။

Daily Reflection