(၂၇) ရက်၊ စက်တင်ဘာလ (အင်္ဂါနေ့)
ဧဝံဂေလိကျမ်း ( ရှင်လုကာ ၉း၅၁-၅၆)
By Sr. Rosalyne FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
ယနေ့ကျမ်းစာပိုဒ်မှ သခင်ခရစ်တော်ခေတ်တွင် ဂျူးလူမျိုးများနှင့် ဆမာရိယလူမျိုးတို့၏ဆက်ဆံရေးတင်းမာမှုကို မြင်တွေ့ရသည်။ သို့ရာတွင် သခင်ခရစ်တော်နှင့်တ ပည့်တော်ကြီးများ၏ ပြဿနာကိုင်တွယ်ပုံနှင့် နည်းလမ်းမှာ အလွန်ကွာခြာလှသည်။ ကြိုဆိုလက်ခံခြင်းမရှိဘဲ သခင်ခရစ်တော်အား လက်ခံရန်ငြင်းဆိုခဲ့သောဆမာရိယရွာအား မိုးကောင်းကင်မှမိုးရွာကျစေရန် အလိုရှိသောခရစ်တော်၏တပည့်ရင်းများ၏ဆန္ဒသည် ယနေ့ကျွန်ပ်တို့လူသားတိုင်း ခံစားလွယ်သည့်ရန်ကို ရန်ချင်းတုံ့ပြန်လိုစိတ်ရှိမှု တူညီနေကြောင်းကိုလည်း တွေ့မြင်စေသည်။သို့သော် သခင်ခရစ်တော်၏ ရန်တုံ့ပြန်မှုသည် ကျွန်ပ်တို့၏ထိခိုက်ရှလွယ်သောစိတ်ခံစားမှုဖြင့် ဂလဲ့စားချေလိုစိတ်မျိုးနှင့်လုံးဝဆန့်ကျင်ကာ ထိုပြုမှုချင်သောစိတ်ကိုလည်း ပြစ်တင်ရှံ့ချမည်သာဖြစ်သည်။
(ဆုတောင်းမေတ္တာ)
အိုခရစ်တော်သခင်၊ တပည့်တော်တို့ကြုံတွေ့နေရသော ယခုခေတ်ကာလ၏ ဒုက္ခအခက်အခဲပြဿနာများမှ အလျင်အမြန်ကယ်နှုတ်ယူတော်မှုပါ။ တပည့်တော်တို့သည်လည်းတမန်တော်ကြီးများကဲ့သို့ဂလဲ့စားချေလိုသောစိတ်ဆန္ဒများရှိနေသည်လည်း ကိုယ်တော် သိနားလည်းတော်မှုသကဲ့သို့ ထိုစိတ်ဆန္ဒများကိုလည်းကိုယ်တော်စိတ်ကဲ့သို့လက်ခံနားလည်ကျင့်ကြံတတ်သောစိတ်နှလုံးတည်ကြည်မှုကို ရရှိစေရန် ကိုယ်တော်ရှင်ပေးသနားတော်မှုပါ၊ ကိုယ်တော်ရှင်၏လမ်းကို နိမ့်ချစွာဆက်လက်လျှောက်လှမ်းနိုင်ရန် ကူညီမစတော်မှုပါ။