(၂၉) ရက် စက်တင်ဘာ ၂၀၂၂ (ကြာသပတေးနေ့)
သိကြားမင်းကြီးများပွဲ - မီကာအဲလ် ၊ ရာဖာအဲလ်နှင့် ဂါဗြီအဲလ်
ဧဝံဂေလိကျမ်း (ရှင်ယောဟန် ၁း၄၇-၅၁)
By Sr. Agatha FMA
Posted by Sr. Sabina Hla Yee Win,ISR
***ထောက်ရှုချက်***
ဤနေ့ကျင်းပသော သိကြားမင်းကြီးများပွဲနေ့တွင် ဘုရားသခင်၏ကောင်းမြတ်ခြင်း ပြည့်ဝစုံလင်ခြင်း ချစ်ခင်းမေတ္တာတရားများကို ဖော်ပြပေးသော ကောင်းကင်တမန်တော်များအတွက် ဘုရားသခင်အား ကျေးဇူးတင်ကြပါစို့။ သိကြားမင်းမီကာအဲလ်သည် နတ်ဆိုးများနှင့် သူတို့၏ မကောင်းမှုများကို အမြဲတိုက်ဖျက်နှိမ်နင်းခြင်းဖြင့် လူသားထုကယ်တင်ခြင်းရရန်အတွက် ပေးဆပ်လျက်ရှိပါသည်။ သိကြားမင်းရာဖာအဲလ်သည်လည်း ဘုရားသခင်၏ ကြင်နာသနားခြင်းနှင့် ကုသခြင်းကျေးဇူးတော်ကို ဆောင်ကျဉ်းပေးခြင်းအားဖြင့် ဘုရားသခင်၏ကောင်းမြတ်ခြင်းကို လူသားတိုင်းခံစားခွင့်ရှိစေပါသည်။ သိကြားမင်းဂါဗြီအဲလ်မှတဆင့် ကယ်တင်ခြင်းသတင်းကောင်းကို ဘုရားသခင်သည် ကျွန်ုပ်တို့အား အမြဲဖော်ပြနေပါသည်။ သိကြားတမန်တော်များ၏ ရှေ့မှောက်တွင်ကိုယ်တော်ကို ချီးမွမ်းထောပနာပြုပါမည်။