(၃၀) ရက် စက်တင်ဘာလ ၂၀၂၂ (သောကြာနေ့)
သံဂျေရုမ်း
ဧဝံဂေလိကျမ်း (ရှင်လုကာ ၁၀း၁၃-၁၆)
By Sr. Agatha FMA
Posted by Sr. Sabina Hla Yee Win, ISR
***ထောက်ရှုချက်***
သင်တို့၏စကားကို နားထောင်သောသူသည် ငါ့စကားကို နားထောင်၏။ သင်တို့ကို ငြင်းပယ်သောသူသည် ငါ့ကိုငြင်းပယ်၏။ ငါ့ကို ငြင်းပယ်သောသူသည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို ငြင်းပယ်သည်ဟု မိန့်တော်မူ၏။ ဤယနေ့ ဂုဏ်ပြုသော သံဂျေရုမ်းသည် သမ္မာကျမ်းကို လာတင်းဘာသာသို့ ဘာသာပြန်ဆိုခဲ့သူဖြစ်သည်။ သူ၏ ဘဝတစ်လျှေက်လုံးတွင် ကျမ်းစာတော်မြတ်ကို ဘာသာပြန်ခြင်း၌ပင် ဘုရားရှင်ထံမှ ကျေနပ်ပြည့်ဝခြင်းနှင့် ခွန်အားအသစ်ကို စဉ်ဆက်မပြတ်ရရှိခဲ့သည်။ နှုတ်ကပတ်တော်၏ နက်ရှိုင်းမှုပေါ်အာရုံထားရင်း သခင်ခရစ်တော်၏ သက်ဝင်လှုပ်ရှားမှုကို ဖော်ပြခြင်းခံရသူဖြစ်သည်။ ဆာလံ ၁၃၉း၂၄- ကျွန်ုပ်ကို ထာဝရတည်ရှိသော လမ်းစဉ်သို့ ဦးဆောင်တော်မူပါ။