Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-01 04:32:55
(၂၇) ကြိမ်မြောက်သာမန်သီတင်းပတ်၊ တနင်္ဂနွေနေ့
(၂) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၇း ၅ _ ၁၀
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR

         ယနေ့သည် (၂၇)ကြိမ်မြောက်သာမန်တနင်္ဂနွေနေ့ ဖြစ်သည်။ ကိုယ်စောင့်သိကြားများပွဲနေ့လည်း ဖြစ်သည်။ အသက်ပေးနှုတ်ကပါတ်တော်ထဲတွင် တပည့်တော်ကြီးများက မိမိတို့၏ ယုံကြည်ခြင်းကိုတိုးပွားစေရန် သခင်ယေဇူးထံ တောင်းလျှောက်ကြသောအခါ ကိုယ်တော်ရှင်က သူတို့၏ ယုံကြည်ခြင်းသည် မုန်ညှင်းစေ့လေးလောက်သာရှိပါမူ ပိုးစာပင်ကို ကုန်းပေါ်မှပင်လယ်ထဲတွင် ပေါက်ခိုင်လျှင် ပိုးစာပင်ကနာခံလိမ့်မည်ဟု သခင်ယေဇူး ပြန်ပြောလေ၏။

 

ဧဝံဂေလိ၏ဒုတိယပိုင်းတွင်မူ တာဝန်ဝတ္တရားများကို ကျေပြွန်စွာထမ်းဆောင်သည့် အစေခံအကြောင်းပါရှိသည်။ ကျွန်ုပ်တို့ထောက်ရှုလိုသည်မှာ ယုံကြည်ခြင်းအကြောင်းပင် ဖြစ်သည်။ လူသားအချင်းချင်း ဆက်ဆံသည့်အခါ တစ်စုံတစ်ယောက်အပေါ် ယုံကြည်ခြင်းရှိသည့်အခါ ထိုသူကို အားကိုးချင်စိတ်၊ ကူညီချင်စိတ်၊ နားထောင်ချင်စိတ်ဖြစ်ပေါ်စေမြဲ ဖြစ်သည်။

 

ကက်သလစ်အသင်းတော်၏ မြတ်သောအယူဝါဒ( Catechism of the Catholic Church) တွင် ရေးသားထားသည်မှာ လူသည်ယုံကြည်ခြင်းကြောင့် မိမိ၏အရည်အချင်းများ၊ ဉာဏ်ပညာများနှင့် အလိုဆန္ဒများကို ဘုရားသခင်ထံ ပုံအပ်သည်။ မိမိ၏ဘဝတစ်ခုလုံးဖြင့် ဘုရားသခင်၏ဖော်ပြချက်များကို သဘောတူလက်ခံသည်။ ယုံကြည်ခြင်း၌ နာခံခြင်းဖြင့် လူသည် ဘုရားသခင်၏ခေါ်သံကို ပြန်လည် တန့်ပြန်သည်။ (CCC 143)

 

ဟေဗြဲသြဝါဒစာ အခန်းကြီး (၁၁)တစ်ခုလုံးသည် ယုံကြည်ခြင်းနှင့်ပတ်သက်သော အင်မတန်လှပသော နှုတ်ကပါတ်တော် ဖြစ်သည်။ ယုံကြည်ခြင်းသည် မမြင်သေးသောအရာတို့ကို သိမှတ်စွဲလန်းခြင်းအကြောင်း ဖြစ်သည်။ ယုံကြည်ခြင်းကြောင့် နောဧ၊ အာဗြာဟံ၊ ဆာရားတို့သည် သဘာဝထက် လွန်ကဲသောကျေးဇူးတော်များ ခံစားရရှိကြသည်။

 

ယနေ့ဖတ်ရှုရသော ဧဝံဂေလိကျမ်းစာတော်တွင် ပါရှိသည့်ပိုးစာပင်ပုံဥပမာတွင် ကုန်းပေါ်မှကမ်းမမြင် လမ်းမမြင်ပင်လယ်ထဲတွင် သွားပေါက်စေခြင်းမှာ မှော်ဆရာအစွမ်းမဟုတ်ပေ။ ယုံကြည်ခြင်း၏အစွမ်းပင် ဖြစ်သည်။ ရဟန္တာသူတော်မြတ်တို့၏ ကြားဝင်ဆုတောင်းပေးမူကို အားကိုးအားထားလျှက် ဘုရားသခင်၌ ယုံကြည်ခြင်းကြောင့် ဆေးသိပ္ပံပညာက အဖြေမပေးနိုင်သည့် ကျန်းမာခြင်းတန်ခိုးလက္ခဏာများ ပေါ်ပေါက်သည်။

 

            ယုံကြည်ခြင်းလမ်းကို လျှောက်နေစဉ် ကောင်းကင်တမန်၊ ကိုယ်စောင့်သိကြားများ၏ အကူအညီလည်း လိုအပ်ပါသည်။ ကောင်းကင်တမန်တို့သည် ကျွန်ုပ်တို့ကို ကာကွယ်ကြည့်ရှုကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းခြင်း၌ ကျွန်ုပ်တို့ကို ကူညီကြသည်။ သိုးထိန်းအဖြစ်ရှိနေပြီ ထာဝရအသက်သို့ ပို့ဆောင်လမ်းပြလျှက် ရှိတယ်။ (St. Basil the Great)

Daily Reflection