Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-03 05:14:20
(၂၇) ကြိမ်မြောက်သာမန်သီတင်းပတ်၊ အင်္ဂါနေ့
(၄) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၀း ၃၈ _ ၄၂
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr. Sabina Hla Yee Win, ISR

           ယနေ့ကို ဝတ်ပြုကိုးကွယ်ခြင်း ပြက္ခဒိန်တွင် အီတလီနိုင်ငံ အက်စီစီမြို့မှစိန်ဖရန်စစ်၏ ပွဲနေ့ဟု သတ်မှတ်ထားသည်။ ဖရန်စစ်သည် (၁၈၈၂)ခုနှစ်တွင် ချမ်းသာကြွယ်ဝသောကုန်သည်မိဘများမှ ဖွားမြင်လာသည်။ ဘုန်းကျော်စောမှုနှင့်လောကီအပျှော်အရွှင်များကြားတွင် မွေ့လျော်ခဲ့သည်။ အသက်(၂၅) နှစ်အရွယ်တွင် ရှင်‌ဒေးမီးယန်းဘုရားကျောင်း၌ ဆုတောင်းနေစဉ် သခင်ယေဇူးသည် လက်ဝါးကပ်တိုင်ပေါ်မှာနေ၍ သူ့အား“ဖရန်စစ်သင်တွေ့နေသော ဘုရားကျောင်း(အသင်းတော်)ကို သွား၍ ပြင်ဆင်လော့။ ထိုအချိန်မှစ၍ ဖရန်စစ်၏ဘဝသည် လုံးဝပြောင်းလဲသွားပြီး ဆင်းရဲခြင်းကျင့်ခဲ့သည်။ သခင်ယေဇူး၏ ဒဏ်ရာတော်(၅)ချက်ကိုလည်း ရခဲ့သည်။

 

ယနေ့တွင် ကြားနာရသောဧဝံဂေလိကျမ်းတွင် မာတားနှင့်မာရီးယားညီအစ်မနှစ်ယောက် အကြောင်းပါရှိသည်။ ဤညီအစ်မနှစ်ယောက်အကြောင်းကို လူသိများသကဲ့သို့ ကြိုက်နှစ်သက်ကြသည်။ မာတား၏စိတ်နေစိတ်ထားနှင့် လုပ်ရပ်ကိုပို၍ ကြိုက်နှစ်သက်သူရှိသကဲ့သို့ မာရီယား၏နူးညံ့သော စိတ်နေစိတ်ထားကို ပို၍နှစ်သက်သူရှိသည်။ မည်သို့ပင်ဖြစ်လင့်ကစား “အလုပ်လုပ်ပါ။ ဆုတောင်းပါ”ဟု စိန့်ဘာနေဒစ်သည် မိမိ၏ရသေ့များအား သွန်သင်ခဲ့သည်။ အလုပ်ဘက်တွင် ကြိုးစားသော မာတားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၌ အာရုံနှစ်မြုပ်နေသော မာရီးယား၏စိတ်နေစိတ်ထားတို့သည် ခွဲ၍မရသော အမွှာညီအစ်မတို့၏ စိတ်နေစိတ်ထားနှင့်တူသည်။

 

ကျွန်ုပ်တို့တစ်ဦးစီသည်လည်း ဘုရားတရားဖက်၍ အလုပ်ကြိုးစားမှသာလျှင် ပျှော်ရွှင်သော၊ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ကြလိမ့်မည် ဖြစ်သည်။ ငြိမ်းချမ်းသောဘဝ၊ ငြိမ်းချမ်းသော ကမ္ဘာကြီးတည်ဆောက်နိုင်ရန် စိန်ဖရန်စစ်အက်စီစီကိုယ်တိုင်ကျင့်ခဲ့သော လမ်းစဉ်ကို အတုယူလိုက်ကျင့်ကြပါစို့။

 

“ အို ခရစ္စတူးသခင် ကျွန်ုပ်ကိုကိုယ်တော်၏ ငြိမ်းချမ်းရေးလက်နက် ဖြစ်စေတော်မူပါ။ မုန်းတီးခြင်းကို ချစ်ခြင်းဖြင့်လည်းကောင်း၊ ထိခိုက်ပြစ်မှားခြင်းကို ခွင့်လွှတ်ခြင်းဖြင့်လည်းကောင်း၊ ယုံမှားသံသယဖြစ်ခြင်းကို ယုံကြည်ခြင်းဖြင့်လည်းကောင်း၊ စိတ်ပျက်အားငယ်ခြင်းကို ယုံကြည်ခြင်းဖြင့် လည်းကောင်း၊ အမိုက်မှောင်ကို အလင်းဖြင့်လည်းကောင်း၊ ကြေကွဲဝမ်းနည်းခြင်းကို ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့်လည်းကောင်း တုံ့ပြန်နိုင်ရန် အားတန်ခိုးကျေးဇူးကို ပေးသနားတော်မူပါ။

 

            အို ခရစ္စတူးသခင် ကျွန်ုပ်သည် သူတစ်ပါး၏နှစ်သိမ့်အားပေးရန် ကြိုးစားခြင်းကိုလည်းကောင်း၊ သူတစ်ပါးက ကျွန်ုပ်အပေါ်၌သိတတ်နားလည်ရန် ကြိုးစားခြင်းကိုလည်းကောင်း ပြုနိုင်ရန် ကျွန်ုပ်တို့အား ကူညီစောင်မတော်မူပါ။ အကြောင်းမူကား ပေးကမ်းခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့ရရှိကြပြီး ခွင့်လွှတ်ခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် ခွင့်လွှတ်ခြင်းခံရကာ သေဆုံးခြင်းဖြင့်သာလျှင် ကျွန်ုပ်တို့သည် ထာဝရအသက်သို့ မွေးဖွားခြင်း ခံကြရပါစေသတည်း။ အာမင်။

Daily Reflection