Untitled Document
Untitled Document
Untitled Document
Untitled Document
Vatican Vatican News FABC UCA News CBCM CRCM NCMS Yangon Archdiocese Pathein Diocese Mawlamying Diocese Pyay Diocese Mandalay Archdiocese Hakha Diocese Lashio Diocese Banmaw Diocese Kalay Diocese Myitkyina Diocese Taungyi Archdiocese Phakon Diocese Loikaw Diocese Taungngu Diocese Kengtung Diocese
Untitled Document

2022-10-04 02:11:14
(၂၇) ကြိမ်မြောက်သာမန်သီတင်းပတ်၊ ဗုဒ္ဓဟူးနေ့
(၅) အောက်တိုဘာ၊ ၂၀၂၂ ခုနှစ်
ဧဝံဂေလိကျမ်း ။ ။ ရှင်လုကာ  ၁၁း ၁ _ ၄
By Sr. Maria Teresa Than Maung (MSJP II)
Posted by Sr.Sabina Hla Yee Win, ISR

             ယနေ့သည် ကရုဏာရှင်ယေဇူး၏ တမန်တော်ရဟန္တာမဖောစတီးနား၏ ပွဲနေ့ဖြစ်ပါသည်။ အသက်ပေးနှုတ်ကပတ်တော်တွင် ကြားနာရသည်မှာ သခင်ယေဇူးသည် တစ်နေရာသို့သွား၍ ဆုတောင်းတော်မူ၏။ ဆုတောင်း၍ပြီးသောအခါ တပည့်တော်ကြီးများက မည်သို့ဆုတောင်းရမည်ကို သင်ကြားပေးရန် တောင်းလျှောက်သောအခါ ကိုယ်တော်ရှင်က ကောင်းကင်ဘုံမေတ္တာကို သင်ကြားပေးတော်မူ၏။

 

ဆုတောင်းခြင်းဆိုသည်ကား အဘယ်အရာနည်း။ သူငယ်တော်ယေဇူး၏ သံတာထရေဇားလေး ပြောသည်မှာ “ ကျွန်မအတွက် ဆုတောင်းခြင်းဆိုတာ နှလုံးသားက ထွက်ပေါ်လာပြီး ကောင်းကင်ကြီးကို ရိုးစင်းစွာနဲ့ ငေးမောကြည့်နေတာ ဖြစ်တယ်။ ဘုရားသခင်ကို သိခြင်းနဲ့ချစ်ခြင်းမေတ္တာရဲ့ အော်ဟစ်သံဖြစ်ပြီး ဝမ်းသာစရာ၊ ဝမ်းနည်းစရာတွေအားလုံးကို ပွေ့ဖက်ခြင်း ဖြစ်ပါတယ်။” ဟု ဆိုခဲ့သည်။

 

မိမိလိုအပ်ရာကို တစ်စုံတစ်ယောက်ထံ မတောင်းဖူးသည့်သူ ရှိမည်မဟုတ်ပေ။ ဆုတောင်းခြင်းကို အဓိပ္ပာယ်မျိုးစုံဖြင့် ဖော်ပြနိုင်သည်။ ဆုတောင်းခြင်းဆိုသည်မှာ ချီးမွမ်းခြင်း၊ ကျေးဇူးတင်ခြင်း၊ လိုရာဆုကို တောင်းခံခြင်း၊ အသနားခံခြင်း၊ ကျွန်ုပ်တို့၏စိတ်နှင့် နှလုံးသားကို ဘုရားသခင်ထံ ဦးခိုက်ပန်လျက် တောင်းသောအရာများတောင်းခံခြင်း၊ ဘုရားသခင်နှင့်စကားပြောခြင်း အစရှိသဖြင့် ဖြစ်သည်။ သခင်ယေဇူးသင်ကြားပေးသော ဆုတောင်းပတ္ထနာသည် အကြီးမြတ်ဆုံးဆုတောင်းပတ္ထနာ ဖြစ်သည်။ အဘဘုရားသခင်အား ရှေးဦးစွာ အာရုံပြုပြီးမှသာလျှင် မိမိ၏လိုအပ်ရာကို တောင်းရမည်။ ကျွန်ုပ်တို့အတွက် အရာသုံးခုကိုသာလျှင် တောင်းရပါမည်။ (၁) အသက်ရှင်နိုင်ရန် နေ့စဉ်အစားအစာ၊ (၂) နေ့စဉ်အသက်တာတွင် ကြုံတွေ့ရသော အားနည်းခြင်းများ၊ အပြစ်များအတွက် အခွင့်တောင်းခြင်းနှင့် (၃) အပြစ်ထဲသို့မရောက်ရန် ခွန်အားတောင်းခံခြင်းတို့ ဖြစ်သည်။

 

            လူသားပီပီအမှားအယွင်းနှင့် မကင်းကြပေ။ သို့သော် သခင်ယေဇူး၏ နှလုံးသားထဲမှ ထွက်ပေါ်လာသော ကရုဏာရောင်ခြည်တော်များသည် ကျွန်ုပ်တို့၏ အပြစ်ဒဏ်ရာများကို သက်သာပျောက်ကင်းစေပါသည်။ ကိုယ်တော်ရှင်၏ သနားကရုဏာတော်၏ ဝမ်းအိုင်တွင် အပြစ်အနာအဆာများကို ဆေးကြောကြပါစို့။ ကိုယ်တော်ရှင်၏သနားကရုဏာတော်ကို ဆာငတ်လျက် ရှိကြပါ၏။ ရဟန္တာမဖောစတီးနား--- ကျွန်ုပ်တို့အဖို့ဌာ ဆုတောင်းပေးတော်မူပါ။ အာမင်။

Daily Reflection